မြန်မာနိုင်ငံရှိ ထောက်ပံ့မှုလိုအပ်လျက်ရှိသော ကလေးငယ်များအား ၂၀၁၅ ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲမှ ကူညီသွားမည်
စိုင်းစိုင်းခမ်းလှိုင်မှ အဖွဲ့ဝင်သစ်အဖြစ်ပါဝင်လာသော လူမှုကူညီထောက်ပံ့ရေး ပရဟိတသံတမန်အဖွဲ့သည် ရွေးချယ်ထားသည့် ပရဟိတ အဖွဲ့အစည်းများအတွက် ရန်ပုံငွေများပိုမိုရရှိလာရန်ေ ဆာင်ရွက်သွားမည်၊ ပြိုင်ပွဲတွင် ပါဝင်မည့် သူများအနေဖြင့်လည်း ၎င်းတို့၏ ပတ်ဝန်းကျင်မှ လူများကို ပါဝင်ရန် နှင့်ရန်ပုံငွေအတွက် ကူညီရန် တိုက်တွန်းသွားမည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက် - ၂၀၁၅ ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ စီစဉ်သူများ သည် မာရသွန်ပြိုင်ပွဲမှ ရရှိလာသော ရန်ပုံငွေများဖြင့် ထောက်ပံ့ကူညီသွားမည့် အဖွဲ့အစည်း (၃) ခုအား ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။ မာရသွန်ပြိုင်ပွဲကို ပူးတွဲစီစဉ်သူများဖြစ်သည့် First Myanmar Investment(“FMI”)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တို့နှင့် အတူ Yoma Strategic Holdings Ltd (“Yoma Strategic”) တို့သည် လိုအပ်သောထောက်ပံ့ကူညီမှုတို့အတွ က် လေ့လာအကဲဖြတ်မှုများပြုလုပ်ပြီး ၂၀၁၅ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် “ကလေးများအတွက် ပြေးကြစို့” ဆိုသည့်အတိုင်း အောက်ပါအဖွဲ့အစည်း(၃)ခုကို ရွေးချယ်ထားရှိပါသည်။ အဆိုပါအဖွဲ့အစည်းနှင့်...