Posts

Showing posts with the label ကိုယ်ရေးအက္ခရာ

ကျွန်တော်အကြောင်း

ကျွန်တော်သိတာလေး အနည်းငယ်ကို မိက်ဆွေတွေ ပေးသိစေချင်တာပဲ။ အမှန်ပြောရရင် ကျွန်တော်က အပြင်မှာ လူရှေ့ထွက် စကားပြောရမှာ အရမ်းဝန်လေးတဲ့သူ။ ရင်းနှီးသူတွေနဲ့တော့ ကောင်းကောင်းပြောနိုင်တာပေါ့လေ။ သို့သော် ကိုယ့်ကို သိတာက အတွေးသမား။ ကိုယ်က တွေးမယ် ရေးမယ် ဒီနှစ်မျိုးကို လက်ကိုင်ထားတယ်။  သတင်းတွေလည်း ရေးလာရတော့ အပြောထက် အရေးကို ပိုသဘောကျလာတယ်။ အပြောက ချက်ချင်း ပြန်ပြောနိုင်မှ တော်ကာကျတာ။ ကိုယ်တွေ့က တခုခုကို စိတ်ဝင်စားပြီးဆို စာတွေ လိုက်ဖတ်မယ်။ တွေးတောမယ်။ ထပ်လေ့လာမယ်။ ပြီးရင် ချရေးမယ်။  ဒီသဘောကို လက်ကိုင်ထားတာများတယ်။ ဒါကြောင့် အတွေးသမားသာသာရယ်ပါပဲ။ ကိုယ်လိုကောင်တွေ အနုပညာရှင်၊တေးရေးဆရာ ဖြစ်ရင် ဖြစ် မဖြစ်ရင် စာရေးဆရာပဲ ဖြစ်ကြတာ များမယ် ထင်တယ်။