Posts

Showing posts with the label Covid-19

‌လူဦးရေ(၄၀)ရာခိုင်နှုန်းကို ထိုးပေးနိုင်မယ့် ကာကွယ်ဆေး မဖြစ်နိုင်တော့

Image
COVID-19သည် ပျောက်ကွယ်သွားမယ့် ကူးစတ်ရောဂါပိုးမဟုတ်ပါ။ ဆိုလိုတာက တတိယလှိုင်းပြီးဆုံးသွားရင်‌တောင် ရောဂါပိုးက ကျန်နေအုန်းမှာပဲ။ နောက်ပြီး တချို့လူ ယူဆနေကြတာ ရှိတယ်။ ငါတို့ ကာကွယ်ဆေးထိုးပြီးသွားရင် အေးဆေးဖြစ်သွားပြီ လို့ ယူဆတာပဲ။ နိုင်ငံတခုမှာ အနည်းဆုံး လူဦးရေ(၇၅)ရာခိုင်နှုန်း ဆေးထိုးပြီးမှ ရောဂါကို တိုက်ထုတ်နိုင်တာပါ။ မြန်မာနိုင်ငံမှာဆို အနည်းဆုံး လူဦးရေသန်း(၄၀)ကျော် ကာကွယ်ဆေးထိုးပြီးမှသာ နိုင်ငံအပေါ် Cover ဖြစ်တယ် လို့ ယူဆနိုင်တယ်။ မအလ ခွေးအုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ဆေးထိုးမူအခြေအနေဟာ ပြောင်းပြန်ဖြစ်သွားတယ်။ အိန္ဒိယက မှာယူထားတဲ့ ကာကွယ်ဆေးတွေ အနက် တချို့တဝက်သာ ပြည်တွင်းကို ရောက်လာတယ်။ ကာကွယ်ဆေးအတွက် ဆေးဖိုး တဝတ်ကို မပေးချေရသေးတော့ နောက်တဝက်က မရနိုင်တော့။ အရင်က အချက်တွေအရဆို အိန္ဒိယဆီက လူ(၁၅)သန်းစာ အတွက် ကာကွယ်ဆေး သန်း(၃၀)မှာခဲ့တယ်။ ဒါအပြင် အိန္ဒိယက ကာကွယ်ဆေး(၁)သန်းခွဲကို လက်ဆောင်ပေးထားသေးတယ်။ ဆေးကို နှစ်ကြိမ်ထိုးရတာ ဖြစ်တော့ တချို့အသက်ကြီးပိုင်းတွေသာ ထိုးပြီး ဖြစ်တာ တွေ့ရတယ်။ သို့သော် အိန္ဒိယကို ငွေမပေးချေနိုင်မှု အခြေအနေတွေကြောင့် ကာကွယ်ဆေးတွေ ရောက်မလာဖူး ယူဆရတယ်...

တတိယလှိုင်း ကိုဗစ်

Covid-19 ကူးစတ်ခံရသူများတွင် ကျောင်းဆရာ၊ဆရာမများ ပိုမို ပါဝင်လာနေသည် ကို တွေ့ရသည်။ သေဆုံးသည့် ဖြစ်စဉ်များလည်း တွေ့ရတာမို့ ကျောင်းဖွင့်ချိန်ကတော့ ဘယ်လိုနေကြမယ် မသိ။ အကြမ်းဖက်အဖွဲ့ကတော့ ကျောင်းပိက်မယ့်ပုံ မပေါ်ဖူး။ ခလေးတွေဟာ Covid-19 ကို ကာကွယ်နိုင်တဲ့ အခြေအနေမှာ ရှိပေမယ့် ရောဂါဖြန့်ဖြူးသူ အဖြစ်နေနိုင်တယ်။ ဒေါ်ခင်ခင်ကြီးက ပြောပုံအရ ကျောင်းတွေ မပိက်ပဲ ထားမယ် လို့ ဆိုသလို ကာကွယ်ဆေးထိုးသည့်တိုင် အကျိုးသက်ရောက်မှု ရှိနိင်တယ် လို့ ဆိုတယ်။ ခလေးတွေဟာ ‌Covid ကြောင့် ရောဂါလက္ခဏ ခံစားနိုင်ခြေ နည်းပေမယ့် ကျောင်းက ဆရာ၊ဆရာမတွေကနေ တဆင့် အိမ်ကို ရောဂါသယ်လာပြီး ရောဂါဖြန့်ဖြူးနိုင်ပါတယ်။ Covid-19 ဟာ ပြင်ပမှာ အသက်ရှင်နိုင်ပြီး ခန္ဓာကိုယ် ပြင်ပ၊အဝတ်အစားတွေမှာ ကပ်ပါလာတက်တယ် ထင်ပါတယ်။ အရင်က မြန်မာမှာ Covid-19 ရောဂါပိုးဟာ တမျိုးတည်းပဲ တွေ့ရတယ်။ ဗြိတိန်မှာ အဖြစ်များတဲ့ ပိုးတစ်မျိုး ဖြစ်ပြီး အိန္ဒိယမှာ ကနဦး ဖြစ်ပွားတဲ့ Covid-19 ပိုးပါပဲ။ ကူးစတ်နှုန်းမြန်ပေမယ့် သေဆုံးနိုင်ချေ နည်းတယ်။ အခု တွေ့ရတဲ့ ရောဂါပိုးကတော့ အိန္ဒိယက ပိုးကို အတွေ့များပြီး သေဆုံးနိုင်ခြေ မြင့်တယ် လို့ ဆိုတယ်။ ပြောရရင် ချင်းပြည်နယ်၊စစ်ကိုင်းတ...