တကယ်လို့များ ကျွန်တော်တို့ မနိုင်ခဲ့ရင်
ဒီစကားလုံး သုံးရတာ စိတ်ဓါက်ကျဖို့ မဟုတ်ပါ။ဖြစ်လာနိုင်စွမ်းကို သိသာစေဖို့ ရေးသားရခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးအရ မတရားအာဏာသိမ်းပြီးတဲ့နောက် လေးလခွဲကျော် အကြာမှာ တိုင်းပြည်အတော် စုက်ပြတ်သွားတာ တွေ့ရတယ်။ အောက်ခြေလူတန်းစားတွေအတွက် မသိသာ မထင်ရှားလှပေမယ့် ရေရှည်ဆို အကျိုးသက်ရောက်မှု ကြီးလာမယ့် သဘောဖြစ်တယ်။ နိုင်ငံတကာ ခန့်မှန်းချက်တွေအရဆို မြန်မာနိုင်ငံ လူဦးရေ(၂၅)သန်းလောက်ဟာ ဆင်းရဲသွားမယ် လို့ ဆိုတယ်။ နောက်ပြီး အစားရေစာရှားပါးတဲ့ ဒါဏ်ကို ခံရမယ်အခြေအနေကြုံရတယ် လို့ဆိုတယ်။ ဘာကြောင့်လဲ မအလ ခွေးအုပ်စုသည် အစားအသောက်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်သွားနိုင်ခြေရှိလို့ပဲ ဖြစ်တယ်။ လက်ရှိမှာဆိုလည်း ကယား၊ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းဒေသအချို့က နေရာတွေကို စားနပ်ရိက္ခာနဲ့ဆေးဝါး ပို့ဆောင်တာတွေကို ကန့်သတ်နေလို့ပဲ ဖြစ်တယ်။ နောက်ပိုင်းဆို ပြည်နယ်နဲ့ တိုင်းတွေ ကို ဆန်အပါအဝင် စားနပ်ရိက္ခာတင်ပို့မှုတွေအပေါ် ထောက်ခံချက်ရှိမှ တင်ပို့ခွင့် ပြုတာ၊ ခွေးအုပ်စုရဲ့ လက်မှတ်တွေ လိုတာ၊လာဒ်ပေးလာဒ်ယူ ကိစ္စတွေ ဖန်တီးတာ ပြုလုပ်လာနိုင်လို့ပဲ ဖြစ်တယ်။ လက်ရှိ မြင်းခြံမြို့နယ်မှာ ဒီပုံစံ ...