ဂျော့ဆော့ရောစ် ပါဝင်ပါတ်သက်နေတယ် ဆိုတဲ့ မြန်မာ့ အိမ်ခြံမြေဈေး
မြန်မာ နိုင်ငံ ရဲ့  အိမ်ခြံမြေ ဈေးကွက် ကို အမေရိကန် ဘီလျှံနာ သူဌေးကြီး ဂျော့ဆော့ရောစ် နဲ့  ဆက်စပ် မှု ရှိ တဲ့ စီးပွား ရေး အဖွဲ့  အစည်း တွေ ရဲ့  အမှီအခို ကို ရယူထား တဲ့ မြန်မာ နိုင်ငံ က စီးပွားရေး အဖွဲ့  အစည်း တွေ က ၀ယ်ယူထား တာ ဖြစ် တယ် လို့  မြန်မာ့ အိမ်ခြံ မြေ ဈေးကွက် မှာ အထင် ကရ ဖြစ် တဲ့ အကျိုးဆောင် တစ်ဦး က ပြောပါတယ်။ ၂၀၁၀ ခုနှစ် လောက် မှာ ကျပ် သိန်း တစ်ထောင် ပေါက် ဈေးလောက် သာ ရှိ တဲ့ ရန်ကုန်မြို့  လည် က မြေကွက် တစ်ခု ဟာ နောက် သုံးနှစ် ကျော်လောက် အကြာမှာ တော့ မယုံး နိုင် လောက် အောက် ကြောက်ခမန်းမန်းလိလိ ဈေး နှုန်း တွေ ဖြစ် သွား တာ ဟာ ဆော့ရောစ် ရဲ့  ကွမ်တန်ဖန် က ကျွမ်းကျင် သူ တွေ ကိုယ် တိုင် ရန်ကုန် မြို့  ကို လာ ရောက် လေ့လာခဲ့ ပြီး ၀ယ်ယူ ရမယ့် တည် နေရာ တွေ ကို အသေးစိတ် ညွှန်ကြား ပြီး ဒေါ်လာသန်း ရှစ် ထောင် လောက် သုံးကာ အသေးစိတ် ၀ယ်ယူ စီစဉ် မှု ပြု ခဲ့ တာ ကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဆော့ရောစ် ကြောင့် အိမ်ခြံမြေ ဈေး တက် ပေ မယ့် ၊ သူ က ” ပြန်ရောင်း လိုက်တော့ ကွာ” လို့  ညွှန်ကြား လိုက် တဲ့ အချိန် ဒါမှမဟုတ် ငွေကြေး နဲ့  နိုင်ငံရေး ကစား လို တဲ့ အ...