အရေးကြီးသော မြန်မာနိင်ငံ၏ စီးပွားရေး အချက်(၁၀)ချက်
Mg.Chin
Yangon
သိမှတ်သင့်သော စီးပွားရေးဆိုင်ရာ အချက်(၁၀)
(1) မြန်မာနိင်ငံသည် အရှေ့ အာရှခြမ်းတွင် ဆင်းရဲသော နိင်ငံတခု ဖြစ်သည်။နိင်ငံ လူဦးရေ၏ (၂၆)ရာခိုင်နူန်းမှာ ဆင်းရဲကြသူများ ဖြစ်ရာ တိုင်းပြည်လူဦးရေ လေးပုံ တပုံမှာ ဆင်းရဲနေသည်။နိင်ငံ၏ GDP မှာ ဒေါ်လာ(၄၀)ဘီလီယံ ဖြစ်သည်။
(2) နိင်ငံလူဦးရေ၏ (၇၅)ရာခိုင်နူန်းခန့် သည် လျပ်စစ်မီးကို ကောင်းစွာ မရရှိသေးချေ။လူတစ်ဦးလျှင် ပျမ်းမျ (၁၆၀)ကီလိုဝပ် သုံးစွဲနေရာ ကမ္ဘာပေါ်တွင် အနှိမ့်ဆုံး ဖြစ်သည်။လျပ်စစ်ဓါက်အား ဖြန်ဖြူးနိင်မူသည် သုံးစွဲမူ၏ (၂၀)ရာခိုင်နူန်းသာ ရှိနေသည်။
(3) တိုင်းပြည်၏ GDP မှာ (၇.၈)ရာခိုင်နူန်း ဖြစ်နေပြီး ငွေကြေးဖောင်းပွမူနူန်းမှာ (၆.၆)ရာခိုင်နူန်းထိ ရှိနေသည်။နိင်ငံခြား ရင်းနှိမြုပ်နှံမူ ငွေကြေးမှာ အမေရိကန်ဒေါ်လာ(၁၇၆.၃၄)သန်း ရှိနေပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၁၂၉၈.၄)သန်း ရှိနေပြီး ပို့ကုန်(၈၉၂.၉)သန်း ဖြစ်သည်။
(4) တယ်လီဖုန်း သုံးစွဲနိင်မူသည် (၇.၅)ရာခိုင်နူန်းသာ ဖြစ်ပြီ အင်တာနတ်သုံးစွဲမူမှာလည်း(၁)ရာခိုင်နူန်းသာ ရှိနေသည်။(၂၀၁၂ ခုနှစ် အချက်အလတ် အရ)
(5)အဟာရချို့တဲ့မူတွင် ဒေသတွင်း အမြင့်ဆုံးအဆင့်တွင် ပါဝင်နေကာ အသက်(၅)နှစ်အောက်ကလေး(၂၃)ရာခိုင်နူန်းမှာအလေးချိန်ပေါင် မပြည့်ပဲ (၃၅)ရာခိုင်နူန်းမှာ ပုံမှန် ဖွံးဖြိုးမူ မမှန်ကြချေ။
(6) လက်ရှိကာလတွင် စီးပွားရေးတိုးတက်မူသည် သတ္တူ ကဏ္ဍ နှင့် သဘာဝဓါက်ငွေ့ ကဏ္ဍ များ ဖြစ်သော်လည်း အမှန်မှာ နိင်ငံ GDP ၏(၄၃)ရာခိုင်နူန်းကို စိုက်ပျိုးရေးကဏ္ဍမှ ဖြည့်ဆည်းပေးနေသည်။
စိုက်ပျိုးရေး ကဏ္ဍမှ အလုပ်အကိုင်(၅၄)ရာခိုင်နူန်းကို ဖြစ်ပေါ်စေပြီး လူဦးရေ(၇၀)ရာခိုင်နူန်း၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို အထောက်အကူ ပြုလျက် ရှိနေသည်။
(7) နိင်ငံတွင်း အလုပ်လုပ်မူတွင် ယောကျာင်္း(၈၅.၁)ရာခိုင်နူန်း ရှိနေပြီး မိန်းခလေးမှာ (၆၃.၁)ရာခိုင်နူန်း အထိ ရှိနေပါသည်။နိင်ငံပြင်ပသို့ လူဦးရေ(၃)သန်းကျော် ရောက်ရှိနေပြီး အဓီက ထိုင်းနှင့် မလေးရှားသို့ ပြောင်းရွှေ့နေကြခြင်း ဖြစ်သည်။
(8) ကိုယ်ဝန်ဆောင်မီခင် သေဆုံးမူ မြင့်မားဆဲနိင်ငံတခု ဖြစ်ပြီး ကလေးအရှင်မွေးနူန်း ၁၀၀၀၀၀ တွင်(၃၆၀)မှ (၃၈၀)အထိ ရှိနေသည်။
(9) မြန်မာနိင်ငံတွင် လုပ်ငန်းမှတ်ပုံတင်ရန် ၀င်ငွေ၏(၇၀)ရာခိုင်နူန်းမျ ရှိနေရာ ကမ္ဘာပေါ်တွင် ဈေး အကြီးဆုံး ဖြစ်လေသည်။စီးပွားရေထုက်ကုန်ပစ္စည် ထုက်လုပ်ရာတွင် ပုဂ္ဂလက အခန်းကဏ္ဍ ကြီးမားသော်လည်း အစီုးရ၏ စွက်ဖက်မူများ ရှိနေဆဲ့ဖြစ်သည်။
(10) နိင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ၀န်ဆောင်မူသည် GDP ၏(၄.၇)ရာခိုင်နူန်းသာ ရှိနေသဖြင့် ကမ္ဘာပေါ်တွင် အနှိမ့်ဆုံး ဖြစ်လေသည်။စာရင်းပေါက်(၁၅၉)နိင်ငံတွင် အနှိမ့်ဆုံး ဖြစ်တလို ဘဏ္ဍာရေးပိုင်းတွင် ပုဂ္ဂလိက ဘဏ်(၁၉)ဘဏ်နှင့် အစီုးရဘဏ်(၄)ခု ရှိနေပါသည်။ မကြာမှိ နိင်ငံခြားဘဏ်(၁၀)ခုကို ခွင့်ပြုပေးဖွယ်ရာ ရှိနေတလို ဗဟိုဘဏ်၏ အခန်းကဏ္ဍ ပိုမိုကြီးမား ကျယ်ပြန့်လာနေသည်။အတိုးနူန်းမှာ (၁၃)ရာခိုင်နူန်း ဖြစ်ပြီး အပ်ငွေ အတိုးနူန်းမှာ (၈)ရာခိုင်နူန်းမှ (၁၀)တိုး ထိ ရှိနေသည်။ သာမန်လူများအကြား နေပြန်တိုး ဟု ခေါ်ဆိုသော အတိုးမှာ ပျမ်းမျ(၂၀)ရာခိုင်နူန်း ရှိနေသည်။
ကိုးကား :: The world bank,IFC,Asia development bank,trading ecnomics
Comments
Post a Comment