မူးယစ်ဆေးဝါးထုတ်လုပ်မှု စံချိန်တင်မယ့် နှစ်
နွှေဦးတော်လှန်ရေးကာလဦးတုန်းက ရေးခဲ့ဖူးတယ်။ မြန်မာမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုးလာလိမ့်မယ် ဆိုတာ။ မနေ့က US သံရုံးက ထုတ်ပြန်ထားတယ်။ မြန်မာဟာ ပဠိပက္ခတွေနဲ့အတူ မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုးလာပြီ လို့ ဆိုတယ်။ ခွေးအုပ်စုက မူးယစ်ဆေးဝါးတွေ ဖျက်ဆီးပြတယ်။ သို့သော် ပြီးခဲ့တဲ့ ရက်တွေတုန်းက သတင်းတွေ စောင့်ဖတ်မိသလောက် ရှမ်းအရှေ့နဲ့ တောင်ပိုင်းတွေမှာ မူးယစ်ဆေးဝါးမိတာ အတော်ကြီးများတယ်။ မန်းလေးအဝင်ဘက်မှာတောင် မိတာတွေ အချီကြီးတယ်။ သို့သော် သယ်ယူ့ပို့ဆောင်ရေးသတင်းတွေအရ ၊မြန်မာရဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု ဒေတာတွေအရ လွှက်သွားတာ အတော်များနိုင်တယ်။ မိသမျ ပုံအရ တနိုင်သယ်တဲ့ အဆင့်၊အထုတ်သေး အဆင့်မဟုတ်တော့ပဲ ကုန်တင်ယာဉ်ငယ်တွေနဲ့ အချီကြီး သယ်ကြတဲ့ သဘောတွေ့ရတယ်။ ရှမ်းအရှေ့မှာ မိတော့ ခွေးတွေ အတိုက်ခိုက်ခံလိုက်ရသေးတယ်။ အခုလို ကာလမှာ ပြည်သူစစ်တွေ ကိုယ်ဘက်ယိမ်းဖို့ ဒီအခွင့်အရေးတခု ပေးထားရပုံပဲ။ ဆိုတော့ နိုင်ငံရေးအခြေအနေ၊ Covid ကူးစတ်မှု အခြေအနေတွေအရ သယ်ယူပို့ဆောင်ရေး တအားကောင်းနေပုံပဲ။ မနှစ်တုန်းက without ကားပဲ သွင်းကြတဲ့ အခြေအနေကို ဒီအချိန်မှာ မတွေ့ရတော့။ လိုင်းကောင်းနေပြီ ထင်တယ်။ အဓိကလမ်းကြောင်းကတော့ ရန်...