မူးယစ်ဆေးဝါးထုတ်လုပ်မှု စံချိန်တင်မယ့် နှစ်

နွှေဦးတော်လှန်ရေးကာလဦးတုန်းက ရေးခဲ့ဖူးတယ်။

မြန်မာမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုးလာလိမ့်မယ် ဆိုတာ။

မနေ့က US သံရုံးက ထုတ်ပြန်ထားတယ်။
မြန်မာဟာ ပဠိပက္ခတွေနဲ့အတူ မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုးလာပြီ လို့ ဆိုတယ်။

ခွေးအုပ်စုက မူးယစ်ဆေးဝါးတွေ ဖျက်ဆီးပြတယ်။ 
သို့သော် ပြီးခဲ့တဲ့ ရက်တွေတုန်းက သတင်းတွေ စောင့်ဖတ်မိသလောက် ရှမ်းအရှေ့နဲ့ တောင်ပိုင်းတွေမှာ မူးယစ်ဆေးဝါးမိတာ အတော်ကြီးများတယ်။

မန်းလေးအဝင်ဘက်မှာတောင် မိတာတွေ အချီကြီးတယ်။
သို့သော် သယ်ယူ့ပို့ဆောင်ရေးသတင်းတွေအရ ၊မြန်မာရဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု ဒေတာတွေအရ လွှက်သွားတာ အတော်များနိုင်တယ်။

မိသမျ ပုံအရ တနိုင်သယ်တဲ့ အဆင့်၊အထုတ်သေး အဆင့်မဟုတ်တော့ပဲ ကုန်တင်ယာဉ်ငယ်တွေနဲ့ အချီကြီး သယ်ကြတဲ့ သဘောတွေ့ရတယ်။

ရှမ်းအရှေ့မှာ မိတော့ ခွေးတွေ အတိုက်ခိုက်ခံလိုက်ရသေးတယ်။ အခုလို ကာလမှာ ပြည်သူစစ်တွေ ကိုယ်ဘက်ယိမ်းဖို့ ဒီအခွင့်အရေးတခု ပေးထားရပုံပဲ။
ဆိုတော့ နိုင်ငံရေးအခြေအနေ၊
Covid ကူးစတ်မှု အခြေအနေတွေအရ သယ်ယူပို့ဆောင်ရေး တအားကောင်းနေပုံပဲ။ 
မနှစ်တုန်းက without ကားပဲ သွင်းကြတဲ့ အခြေအနေကို ဒီအချိန်မှာ မတွေ့ရတော့။
လိုင်းကောင်းနေပြီ ထင်တယ်။

အဓိကလမ်းကြောင်းကတော့ ရန်ကုန်နဲ့ ရခိုင်ပဲ ယူဆတယ်။ ကိုယ့်အမြင်ရဆိုရင် ရခိုင်ကို စိတ်ကြွဆေးပြားသွားတာ အများဆုံး ထင်တယ်။

ဘင်္ဂလားကို ကုန်သွယ်ရေး ရှိနေတာရယ်နဲ့ မှောင်ခိုလမ်းကြောင်းကောင်းနေတာရယ်ကြောင့် ယူဆရတယ်။

ဖတ်မိတဲ့ သတင်းတပုဒ်အရဆို ဒေသခ မူးယစ်သယ်သူတွေဟာ မူးယစ်ဆေးအပြင် ကားပါ ဒီတိုင်းထားခဲ့ကြတာ တွေ့ရတယ်။

ကားတောင် မနှမျောဘဲ ရင်းနိုင်တဲ့ အခြေအနေတွေအရ အတော်အားကောင်းနေတဲ့ သဘောပဲ။ 

ရန်ကုန်လမ်းကြောင်းကတော့ အဖွဲ့အစည်းအားကိုးနဲ့ ဝင်ကြဟန်တူတယ်။ ထောက်ခံစာပါရင် အလုပ်ဖြစ်နေတဲ့ ဒီကာလမှာ မူးယစ်ဆေးဝါးတွေဟာ အရင်ကလို အနည်းငယ်မဟုတ်တော့ပဲ ကုန်တင်ယာဉ်၊တွဲယာဉ်တွေလို အစီးလိုက် သွားနေကြပုံပဲ။

ကားတစ်စီး ငွေတစ်ထောင်ရရင် ပျော်နေကြတဲ့ ခေတ်မှာ ငွေပုံပေးလို့ကတော့ မူးယစ်ဆေးတွေဟာ တရားဝင်လို ဖြစ်နေပြီ ထင်။
မူးယစ်ရာဇာတွေကလည်း အချီကြီးတွေ ကိုင်ကြမယ့် သဘောရှိတယ်။

ရွှေတိဂံနယ်မြေကတော့ အခု တရုတ်မှာ ခောတ်စားနေတာတွေ့ရတယ်။
လောင်းကစားကလည်း တရုတ်အစီုးရက ကြပ်မတ်နေတော့ မူးယစ်လမ်းကြောင်းဘက် ဦးတည်လာကြပြီ ထင်ရဲ့။

ဒီနှစ်တော့ ကမ္ဘာမှာ မြန်မာသည် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်သွားမယ့် သဘောပဲ။

WY က ထုတ်လုပ်မှု စံချိန်တင်လောက်မယ်။ ဘိန်းကတော့ ဒီနှစ် အစိုက်နည်းပေမယ့် နှောင်နှစ် အစိုက်များလိမ့်မယ်။

ပြည်မတောင် ငတ်နေတာ တောင်ပေါ်ဒေသတွေ ပိုဆီုးတာပေါ့။

နောင်နှစ် ဘိန်းစိုက်ဧက စံချိန်တင်ပါလိမ့်မယ်။

မယုံရင် နှစ်ကုန် UN ထုတ်ပြန်ချက်တွေ စောင့်ကြည့်။

ဘာလို့ သိတာလဲဆိုရင် ဒေတာတွေ စာအုပ်တွေ ဖတ်တဲ့ ဗဟုသုတ သေးသေးလေးကို ကိုယ်ခေါင်းနဲ့ ချိန်ပြီး တွေးကြည့်လိုက်တာက စတယ်။

နိုင်ငံခြားငွေကို မူးယစ်ဆေးဝါးနဲ့ ရှာကြပြီ ထင်တယ်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး