ဘီယာတရားမ၀င်တင်သွင်းမှုကြောင့် အစီုးရအနေနှင့် အခွန်ဒေါ်လာ(၅၂)သန်း နီးပါး နစ်နာ
တရားမ၀င်ဘီယာတင်သွင်းမူကို ထိုင်းနိင်ငံနှင့် တရုက်နိင်ငံတို့မှ တင်သွင်းခြင်း ဖြစ်ပြီး ပြည်တွင်းဘီယာဈေးကွက်၏ (၃၀)ရာခိုင်နူန်း ရှိကာ အစီုးရအနေနှင့် အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ(၅၂)သန်း နီးပါး နစ်နာနေကြောင်း နိင်ငံတကာဈေးကွက် သုတေသနအဖွဲ့ Euromonitor Internationalမှ ထုက်ပြန်ချက်အရ သိရသည်။ အဆိုပါ ထုက်ပြန်ချက်တွင် မြန်မာနိင်ငံတွင် ရောင်းချနေသော ဘီယာများ၏ (၃၀)ရာခိုင်နူန်းသည် တရားမ၀င် ဖြစ်ပြီး ၂၀၁၆ခုနှစ်တွင် အစီုးရအနေနှင့် အမေရိကန်ဒေါ်လာ(၅၂)သန်း နီးပါး ရှိနေကြောင်း၊တရားမ၀င် ၀င်ရောက်လာသော ဘီယာ(၉၆)ရာခိုင်နူန်းကို နယ်စပ်မှ တင်သွင်းလာခြင်း ဖြစ်ပြီး ယင်းတိုးအနက် (၈၀)ရာခိုင်နူန်းကို ထိုင်းနိင်ငံမှ တင်သွင်းခြင်း ဖြစ်ကာ တရုက်နိင်ငံမှ (၂၀)ရာခိုင်နူန်းကို တင်သွင်းလာခြင်း ဟု Euromonitor International က ဆိုသည်။ စတိုးဆိုင်များ မှတဆင့် လေ့လာမှုအရ ပြည်တွင်းထုတ်ဘီယာ ၃၃ဝ မီလီလီတာဘူးသေး၏ရောင်းဈေး ထက် မှောင်ခို ဘီယာများမှ ၃၅ ရာခိုင်နူန်း ဈေးသက်သာပြီး ၂၀၁၆ခုနှစ်တွင် ဘီယာ ဟတ်တိုလီတာ သန်းပေါင်း(၁.၁) ရှိခဲ့သည် ဟု သိရသည်။