Posts

Showing posts from September 12, 2021

အချီကြီးတွေ ကြံနေတဲ့ နယ်ကျော်မူးယစ်ဆေးဝါး ကုန်သွယ်မှု

ယခုနှစ်အတွင်း တတိယအများဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမှု အဖြစ် (မနေ့က) စက်တင်ဘာလ(၁၅)ရက်နေ့မှာ ကျပ်(၄၁)ဘီလီယံကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မော်လမြိုင်ကားလမ်းပေါ်မှာ ဖမ်းဆီးရမိတယ်။ တချို့ကတော့ မရမ်းချောင် စစ်ဆေးရေး ဂိက်မှာ လို့ ဆိုတယ်။ ပထမ အများဆုံး ဖမ်းဆီးရမိတာက ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇွန်လ(၂၄)ရက်နေ့က သီပေါမြို့ကနေ မြဝတီကို သယ်လာတဲ့ မူးယစ်ဆေးဝါးပဲ ဖြစ်ပြီး ကျပ်(၆၃.၂)ဘီလီယံရှိပါတယ်။ ဒုတိယအများဆုံး ဖမ်းဆီးရရှိမိတာက ဇူလိုင်လ(၂၄)ရက်နေ့မှာ သီပေါမြို့ကနေ မြဝတီမြို့ကို သယ်လာတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ပြီး ကျပ်(၅၂.၅)ဘီလီယံ ဖြစ်တယ်။ နှစ်ခုပေါင်းရင် ကျပ်ဘီလီယံ(၁၀၀)ကျော်ပါတယ်။ အဆိုပါ ဖြစ်စဉ်မှာ ကရင်နယ်ခြားစောင့် က တပ်မှူးတစ်ဦးပါဝင်တယ် ဆိုကြပေမယ့် နောက်ဆက်တွဲသတင်းတွေ မကြားရတော့ပါ။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ (၉)လအတွင်း ဖမ်းဆီးရရှိမှု အများဆုံးလက ဇူလိုင်လ ဖြစ်ပြီး ကျပ်(၁၂၄)ဘီလီယံကျော်ပါတယ်။ ဒီပမာဏာဟာ ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုတွေ ဖြစ်ပြီး ကျပ်သိန်းထောင်၊ရာတွေ မပါဝင်သေးပါဖူး။ ဆိုတော့ ကိုးလအတွင်း အချီကြီးဖမ်းဆီးရမှုတန်ဖိုးဟာ ငွေကျပ်(၃၄၀)ဘီလီယံနီး‌ကျော် ရ...

မြေကွက်

 For info တရားမဝင် မြေကွက်ရိုက်ရောင်းတဲ့ လုပ်ငန်းဟာ  ဥပဒေနဲ့ မလွတ်ဘူးဆိုပေမယ့် အမြတ် အရမ်းကျန်ပါတယ်။  ကိုယ်ရောင်းလိုက်တဲ့ မြေကွက်ဟာဈေးသက်သာလွန်းရင်လည်း ဝယ်သူ မယုံကြည်မှာစိုးတာကြောင့် ဝယ်သူယုံကြည်လောက်တဲ့ ဈေးအထိဈေးတင်ပြီး ရောင်းကြရပါတယ်။ အဲ့ဒါကလည်း တရားမဝင်အကွက်ရိုက်ရောင်းတဲ့ ဈေးကွက်အတွက် အမြတ်အစွန်းများစွာကို ရစေပါတယ်။  တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ လောက်နဲ့ ပေးဝယ်ရတဲ့မြေဟာ အိမ်ဝိုင်းကွက်ရိုက်ပြီး ပြန်ရောင်းရင် မြေအနေအထားနဲ့ လမ်းအနေအထားပေါ်မူတည်ပြီး ၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိရတာဆိုတော့ တွက်လိုက်ရင် အိမ်ဝိုင်းတစ်ဝိုင်းစာအတွက် မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်းလောက်ပဲ ရှိတာပါ။  အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့ ပြန်ရောင်းတယ်ဆိုရင် ဝယ်သူတွေအတွက် ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလားဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။ မယုံကြည်တော့ပါဘူး။ အဲ့ဒိတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင် သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် စသဖြင့် ဈေးတင်ရောင်းကြတာပါ။  အဲ့ဒိလိုရောင်းတဲ့အတွက် အမြတ်လည်း အရမ်းရပါတယ်။ အဲ့လိုအမြတ်များတော့ တစ်ချို့ စီးပွားရေးသမားတွေက ကိုယ်တိုင် မလုပ်တ...

Global Wine Market

  ကမ္ဘာ့ဝိုင်ဈေးကွက်သည် Covid-19 ၏ နောက်ဆက်တွဲ စီးပွားရေးအကျိုးသက်ရောက်မှုကို ခံစားရနိုင်သော်လည်း ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၆၈၉.၃)ဘီလီယံ ရှိလာမည် ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့တဝန်းဝိုင်သောက်သုံးမှုသည် Covid-19 ကြောင့် (၂.၈)ရာခိုင်နှုန်းကျဆင်းသွားသည်။ ကမ္ဘာ့တဝှမ်း ဝိုင်သောက်သုံးမှုသည် ၂၀၂၀ ခုနှစ် တွင် ဂါလန်ပေါင်း(၆.၂)ဘီလီယံ ရှိမည် ဟု OIV က ခန့်မှန်းထားသည်။ယင်းပမာဏသည် ဟတ်တာလီတာပေါင်း(၂၃၄)သန်း နှင့် ညီမျသည်။ ဝိုင်ထုတ်လုပ်တင်ပို့ရောင်းချသည့် နိုင်ငံများအနေနှင့် ဝင်ငွေ အမေရိကန်ဒေါ်လာ(၃၅.၆)ဘီလီယံရရှိမည် ဟု ဆိုသည်။ယင်းသည် ယမန်နှစ်ကထက် (၇)ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ကမ္ဘာ့ဝိုင်ထုတ်လုပ်ရေးကဏ္ဍသည် လာမည့် ငါးနှစ်တွင် အမေရိကန်ဒေါ်လာ(၄၃၄.၆)ဘီလီယံရှိသော ဈေးကွက် တစ်ခု ဖြစ်လာလိမ့်မည် ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်သည် Covid-19 ကပ်ရောဂါဆီုး ကျရောက်ခဲ့သော်လည်း ကမ္ဘာ့ဝိုင်ထုက်လုပ်မှုသည် အမေရိကန်ဒေါ်လာ(၃၂၆.၆)ဘီလီယံ ဈေးကွက် ရှိခဲ့သည်။ နှစ်စဉ် တိုးတက်မှုသည် (၄.၂)ရာခိုင်နှုန်း ရှိနေမည် ဖြစ်ပြီး ၂၀၂၀ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ပုံမှန် တိုးတက်နေမည် ဟု ခန့်မှန်းထားကြသည်။ ၂၀၂၇ ခုနှစ်သည် ကမ္ဘ့ာဝိုင်ဈ...