Global Wine Market

 


ကမ္ဘာ့ဝိုင်ဈေးကွက်သည် Covid-19 ၏ နောက်ဆက်တွဲ စီးပွားရေးအကျိုးသက်ရောက်မှုကို ခံစားရနိုင်သော်လည်း ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၆၈၉.၃)ဘီလီယံ ရှိလာမည် ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့တဝန်းဝိုင်သောက်သုံးမှုသည် Covid-19 ကြောင့် (၂.၈)ရာခိုင်နှုန်းကျဆင်းသွားသည်။
ကမ္ဘာ့တဝှမ်း ဝိုင်သောက်သုံးမှုသည် ၂၀၂၀ ခုနှစ် တွင် ဂါလန်ပေါင်း(၆.၂)ဘီလီယံ ရှိမည် ဟု OIV က ခန့်မှန်းထားသည်။ယင်းပမာဏသည် ဟတ်တာလီတာပေါင်း(၂၃၄)သန်း နှင့် ညီမျသည်။
ဝိုင်ထုတ်လုပ်တင်ပို့ရောင်းချသည့် နိုင်ငံများအနေနှင့် ဝင်ငွေ အမေရိကန်ဒေါ်လာ(၃၅.၆)ဘီလီယံရရှိမည် ဟု ဆိုသည်။ယင်းသည် ယမန်နှစ်ကထက် (၇)ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ကမ္ဘာ့ဝိုင်ထုတ်လုပ်ရေးကဏ္ဍသည် လာမည့် ငါးနှစ်တွင် အမေရိကန်ဒေါ်လာ(၄၃၄.၆)ဘီလီယံရှိသော ဈေးကွက် တစ်ခု ဖြစ်လာလိမ့်မည် ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်သည် Covid-19 ကပ်ရောဂါဆီုး ကျရောက်ခဲ့သော်လည်း ကမ္ဘာ့ဝိုင်ထုက်လုပ်မှုသည် အမေရိကန်ဒေါ်လာ(၃၂၆.၆)ဘီလီယံ ဈေးကွက် ရှိခဲ့သည်။
နှစ်စဉ် တိုးတက်မှုသည် (၄.၂)ရာခိုင်နှုန်း ရှိနေမည် ဖြစ်ပြီး ၂၀၂၀ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ပုံမှန် တိုးတက်နေမည် ဟု ခန့်မှန်းထားကြသည်။
၂၀၂၇ ခုနှစ်သည် ကမ္ဘ့ာဝိုင်ဈေးကွက် သည် အမေရိကန်ဒေါ်လာ(၄၃၄.၆)ဘီလီယံ ရှိမည် ဟု ကမ္ဘာ့ဝိုင်သုတေသီတို့က ဆိုသည်။

လက်ရှိ ဝိုင်ဈေးကွက်သည် ကမ္ဘာ့အချိုရည်ဈေးကွက်၏ (၁၄)ရာခိုင်နှုန်းသော ဝေစု ကို ရရှိထားပြီး အွန်လိုင်းဈေးကွက်တွင် (၄၀)ရာခိုင်နှုန်း ဝေစု ရရှိထားသည်။

နှစ်စဉ် (၄.၂)ရာခိုင်နှုန်း တိုးတက်နေပါက ခန့်မှန်းထားသည့် ဘဏ္ဍာရေးနှစ်ကာလအတွင်း အမေရိကန်ဒေါ်လာ(၁၆၇.၁)ဘီလီယံ တိုးတက်မည် ဟု ဆိုသည်။
အမေရိကန် ဝိုင်ဈေးကွက်သည် ၂၀၂၀ ခုနှစ်က အမေရိကန်ဒေါ်လာ(၈၈)ဘီလီယံ ရှိသည်။
အမေရိကန်သည် ဝိုင်အတွက် သုံးစွဲမှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၁၄၀)ခန့် သုံးစွဲပြီး ဝန်ဆောင်မှုအပြည့်အဝရသော စားသောက်ဆိုင်များတွင် ဝိုင်အတွက် ကျသင့်ငွေမှာ အမေရိကန်ဒေါ်လာ(၄၆)ဒေါ်လာအထိ ပေးရသည်။
အမေရိကန်၏ ဝိုင်ထုတ်လုပ်မှုသည် ၂၀၁၆ ခုနှစ်က ဂါလန်သန်း(၈၀၀)ကျော် ထုတ်လုပ်ထားပြီး ကမ္ဘာ့ဝိုင်ထုတ်လုပ်မှု၏ (၉)ရာခိုင်နှုန်းကျော် ရှိသည်။
အမေရိကန်တွင် ၂၀၂၀ ခုနှစ် စာရင်းအရ ဝိုင်ထုတ်လုပ်သည့် လုပ်ငန်းပေါင်း(၁၀၇၄၂)ခု ရှိသည်။
အမေရိကန် ဝိုင်သောက်သုံးမှုသည် ၂၀၂၀ ခုနှစ်တွင် ဂါလန်(၁)ဘီလီယံ ရှိသည် ဟု ဆိုသည်။
အမေရိကန်၏ ဝိုင်တင်ပို့မှုသည် ၂၀၂၀ ခုနှစ်တွင် လီတာပေါင်း(၃၇၅.၂)သန်း ရှိသည်။
Covid-19 သည် အမေရိကန်၏  အရက်သောက်သုံးမှု ပုံစံကို ပြောင်းလဲသွားစေခဲ့ပြီး ဝိုင်ရောင်းအားအပေါ် အပြုသဘောအကျိုးသက်ရောက်ခဲ့သည်။ အွန်လိုင်းပေါ်မှ အရက်ရောင်းအားသည် (၁၆၅)ရာခိုင်နှုန်း တိုးတက်သွားခဲ့ပြီး ဝိုင်ဖြူသောက်သုံးမှုမှာလည်း Covid-19 မတိုင်မှီကထက် (၂၂)ရာခိုင်နှုန်း တိုးတက်လာသည်။

မြောက်အမေရိက သည် ဝယ်လိုအားဆက်တိုက် မြင့်မားလာဖွယ်ရှိနေပြီး အမြတ်အစွန်းကောင်းသော နေရာတခု ဖြစ်လာဖွယ်ရှိနေသည်။အဘယ်ကြောင့်ဆိုသော် ဝိုင်အပေါ် စိတ်ဝင်စားမှု ပိုကောင်းလာပြီး ယခင်ကထက် ပိုပြောင်းလဲလာသည် ဟု အစီရင်ခံစာများက ဖော်ပြထားသည်။

တရုတ်ဝိုင်သောက်သုံးမှုဈေးကွက်သည် အရှိန်အဟုန်ဖြင့် ဆက်ကြီးထွားနေမည် ဟု ခန့်မှန်းထားကြပြီး ဩစတေးလျှ၊အိန္ဒိယ၊တောင်ကိုးရီးယား တို့ ဦးဆောင် ပါဝင်နေသည့် အာရှပိစိဖိက်ဈေးကွက်သည် ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၆၂)ဘီလီယံ ရှိမည် ဟု ဆိုသည်။

၂၀၂၁ ခုနှစ် မှ ၂၀၂၈ ခုနှစ် အထိ ကမ္ဘာ့ဝိုင်စျေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ(၄၁၇.၈၅) ဘီလျံတန်ဖိုးရှိပြီး နှစ်စဉ်တိုးတက်နှုန်း (CAGR) တွင် (၆.၄)ရာခိုင်နှုန်းတိုးတက်လာလိမ့်မည်ဟုမျှော်မှန်းထားသည်။
လူငယ်၊လူကြီး မရွေးသောက်သုံးနေသည့် အနေအထားအရ ဈေးကွက်ပိုမိုတိုးတက်လာမည် ဟု ခန့်မှန်းထားသည်။

Covid-19 ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ဟိုတယ် နှင့် စားသောက်ဆိုင် ဈေးကွက်အပေါ်  ထိခိုက်စေခဲ့ပြီး ဝိုင်တင်ပို့ရောင်းချမှုကို ထိခိုက်စေခဲ့သည်။
စစ်တမ်းများအရ ၂၀၂၀ ခုနှစ်အတွင်း Covid-19 ကြောင့် ဟိုတယ်လုပ်ငန်းကဏ္ဍ(၇၇)ရာခိုင်နှုန်း ထိခိုက်ခဲ့ပြီး ဝင်ငွေ(၆၀)ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
စားသောက်ဆိုင်လုပ်ငန်းကဏ္ဍသည် လည်း (၉၁)ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ထို့အတူ ဝိုင် သောက်သုံးမှု ဈေးကွက်သည်လည်း အပြောင်းအလဲ ဖြစ်သွားခဲ့ပြီး ဟိုတယ်များ၊စားသောက်ဆိုင်များ နှင့် ဘားများ ပိက်ခြင်း(သို့) အကန့်အသတ်ဖြင့်သာ လည်ပတ်ခွင့် ရရှိသည့်အတွက် စားသုံးသူများသည် ဝိုင်ကဲ့သို့ ကုန်စည်များကို ဝယ်ယူရန် အွန်လိုင်းစနစ်ကို ပိုမိုအသုံးပြုလာကြသည်။

စားသုံးသူထံ တိုက်ရိုက်ရောင်းချနိုင်သည့် အနေအထားဖြစ်လာပြီး စားသုံးသူတို့၏ အမူအကျင့် ပြောင်းလဲမှုက ဝိုင်ကဲ့သို့ ကုန်စည်များ ဝယ်လိုအား ပိုမိုတိုးတက်လာကြောင်း အစီရင်ခံထားကြသည်။

၂၀၂၀ခုနှစ်အတွင်း ဝိုင်သောက်သုံးမှု ဈေးကွက်အကြီးဆုံးသည် ဉရောပဖြစ်ပြီး ကမ္ဘ့ာဝိုင်သောက်သုံးမှု၏ (၄၆)ရာခိုင်နှုန်း ရှိသည်။ ပေါ်တူဂီ၊အီတလီ နှင့် ပြင်သစ်ဈေးကွက်တို့သည် ဝိုင်အတွက် အခိုင်မာဆုံး ဈေးကွက် ဖြစ်ပြီး အထူးသဖြင့် ပြင်သစ်သည် လူဦးရေများပြားပြီး တစ်ဦးချင်း ဝိုင်သောက်သုံးမှုမှာလည်း ပိုမြင့်မားသည်။
ဂျာမဏီနှင့် ဗြိတိန်နိုင်ငံတို့မှာ ဝိုင်ထုတ်လုပ်မှု အများဆုံးဖြစ်သော်လည်း သောက်သုံးမှုဈေးကွက်မှာ ထုတ်လုပ်မှုထက် လျော့နည်းသည် ဟု ဆိုသည်။
ထိုကြောင့် အဆိုပါ  နှစ် နိုင်ငံသည် ထုတ်လုပ်မှုက ပိုများသည်။

အာရှပစိဖိက်ဒေသသည်လည်း ဝိုင်အရောင်းဈေးကွက်မှာ တိုးတက်မှုနှုန်း အမြန်ဆုံး ဖြစ်လာဖွယ် ရှိပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၈ ခုနှစ်အတွင်း ပျမ်းမျ(၈.၂)ရာခိုင်နှုန်း တိုးတက်နေမည် ဟု ဆိူသည်။
အာရှပစိဖိတ်ဒေသသည်တရုတ်၊ ဂျပန်နှင့်တောင်ကိုရီးယားတို့မှအဓိက ဦးဆောင်မည် ဖြစ်သည်။
ယင်းဒေသတို့သည် ကြီးမားသော စားသုံးသူဈေးကွက် ရှိနေပြီး ဝင်ငွေအခွင့်အလမ်းများ ရှိနေသလို ရာသီဉတုဖောက်ပြန်မှုတို့ကြောင့် ဝိုင်အတွက် လိုအပ်သော စိုက်ပျိုးရေးကဏ္ဍတို့ ‌အားလျော့မှုတို့ ကြုံတွေ့နိုင်သည် ဟု ဆိုသည်။
အနောက်နိုင်ငံများတွင် Covid-19 ကြောင့် ဝိုင်သောက်သုံးမှု မြင့်တက်လာခဲ့သော်လည်း တရုတ်နိုင်ငံတွင်မှု (၁၇)ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အရှေ့တိုင်းယဉ်ကျေးမှုအရ မိက်ဆွေအပေါင်းအသင်းတွေ့ဆုံခြင်း၊စီးပွားရေးစကားပြောဆိုခြင်း၊မင်္ဂလာဆောင်၊မိသားစု တွေ့ဆုံပွဲများတွင် အဓိကသောက်သုံးတက်ကြပြီး Covid-19 ကြောင့်ဆိုင်များ ပိက်သွားသည့်အတွက် အဆိုပါ သောက်သုံးမှု လျော့ကျခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယပြည်တွင်းဝိုင်ထုတ်လုပ်မှုမှာ လီတာပေါင်း(၁၇)သန်း ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်တင်သွင်းမှုမှာ လီတာပေါင်း (၅.၂) သန်းဖြစ်ပြီးဒေါ်လာ (၂၈.၃) သန်းခန့် ရှိသည်။

သြစတေးလျ၊ နယူးဇီလန်၊ ပြင်သစ်၊ အီတလီ၊ အာဂျင်တီးနားစသော ဝိုင်သောက်မှုများသည့် နိုင်ငံများတွင် ဩဂဲနစ်ဝိုင်ရောင်းအား ပိုကောင်းလာပြီး ထုတ်လုပ်မှုအားလည်း ကောင်းလာနေသည်။

ကမ္ဘာ့ထိပ်သီး ဝိုင်ထုတ်လုပ်သည့် နိုင်ငံများမှာ  ၂၀၂၀ခုနှစ်တွင် အီတလီ ဟတ်တာလီတာပေါင်း(၄၉.၁) သန်း၊ပြင်သစ် ဟတ်တာလီတာပေါင်း(၄၆.၆)သန်း၊စပိန် ဟတ်တာလီတာပေါင်း(၄၀.၇)သန်း၊ အမေရိကန် ဟတ်တာလီတာပေါင်း(၂၂.၈)သန်း၊အာဂျင်တီးနား ဟတ်တာလီတာပေါင်း(၁၀.၈)သန်း၊ဩစတေးလျှ ဟတ်တာလီတာပေါင်း(၁၀.၆)သန်း၊တောင်အာဖရိက(၁၀.၄)သန်း၊ချီလီ(၁၀.၃)သန်း၊ဂျာမဏီ(၈.၄)သန်း နှင့် တရုတ်(၈.၃)သန်း တို့ ဖြစ်သည်။

ကမ္ဘာ့ဝိုင်သောက်သုံးမှုသည် ၂၀၂၀ ခုနှစ်က  ဟတ်တာလီတာပေါင်း(၂၃၄)သန်း ရှိပြီး လီတာပေါင်း(၂၃.၄)ဘီလီယံ နှင့် ညီမျသည်။

ဝိုင်သောက်သုံးမှု အများဆုံး နိုင်ငံသည် အမေရိကန်နိုင်ငံ ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ဟတ်တာလီတာပေါင်း (၃၃)သန်း ရှိပြီး ပြင်သစ်မှာ ဟတ်တာလီတာပေါင်း(၂၄.၇)သန်း ဖြင့် ဒုတိ‌ယသောက်သုံးမှု အများဆုံး ဖြစ်သည်။

အီတလီသည် ဟတ်တာလီတာပေါင်း(၂၄.၅)သန်း၊ဂျာမဏီသည် ဟတ်တာလီတာပေါင်း(၁၉.၈)သန်း၊ဗြိတိန်နိုင်ငံသည် ဟတ်တာလီတာပေါင်း(၁၃.၃)သန်း၊တရုတ်သည်ဟတ်တာလီတာပေါင်း(၁၂.၄)သန်း၊ရုရှားသည် ဟတ်တာလီတာပေါင်း(၁၀.၃)သန်း၊စပိန်သည်ဟတ်တာလီတာပေါင်း(၉.၆)သန်း၊အာဂျင်တီးနားသည် ဟတ်တာလီတာပေါင်း(၉.၄)သန်း၊ဩစတေးလျှသည်ဟတ်တာလီတာပေါင်း (၅.၇)သန်း သောက်သုံးသည်။

တစ်ဦးချင်း ဝိုင်သောက်သုံးမှုတွင် ပေါ်တူဂီသည် လူတစ်ဦးလျှင် ပျမ်းမျှ (၆၂.၁)လီတာဖြင့် ထိပ်ဆုံးတွင်တွင် ရှိနေသည်။ ဒုတိယအနေနှင့် (၅၅.၅) လီတာဖြင့် လူဇင်ဘတ်နိုင်ငံ ၊ပြင်သစ်က (၅၀.၂)လီတာ နှင့် အီတလီ (၄၃.၇) လီတာ၊ ဗြိတိန်မှ (၂၂.၆) လီတာနှင့် အမေရိကန်က (၁၂.၄)လီတာတို့ ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းအရ မြန်မာနိုင်ငံ၏ အရက်သောက်သုံးမှုနှုန်းသည် ၂၀၁၆ ခုနှစ်က အသက်(၁၅)နှစ် အထက် လူဦး‌ရေအရ တစ်နှစ်လျှင် ပျမ်းမျ(၄.၈)လီတာ သောက်သုံးပြီး  ဘီယာသောက်သုံးမှု (၂၂.၄)ရာခိုင်နှုန်း၊ဝိုင်သောက်သုံးမှု(၉.၈)ရာခိုင်နှုန်း၊ အရက်ပါသော ဖျော်ရည် (၆၇.၇)ရာခိုင်နှုန်း ရှိသည်။
၂၀၂၀ ခုနှစ်တွင် ပျမ်းမျ သောက်သုံးမှုနှုန်းမှာ (၅.၉)လီတာ ရှိလာမည် ဟု ခန့်မှန်းထားပြီး ၂၀၂၈ ခုနှစ်တွင် (၆.၄)လီတာ ရှိမည် ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) စစ်တမ်းအရ ၂၀၂၀ခုနှစ်တွင်  တောင်ကိုရီးယားသည် အရက်သောက်သုံးမှု အများဆုံး နိုင်ငံ ဖြစ်ပြီး ပျမ်းမျ (၁၄.၄)လီတာခန့် ရှိသည်။
ဂျပန်သည် (၈)လီတာ၊တရုတ်(၇.၅)လီတာနှင့် အိန္ဒိယသည် (၆.၆)လီတာ ရှိသည်။
လာအိုသည် (၁၀.၅)လီတာ၊ထိုင်းသည် (၈.၇)လီတာ၊ဗီယက်နမ်သည် (၉.၉)လီတာ၊ ကမ္ဘော့ဒီယားသည် (၇.၂)လီတာ၊ဖီလစ်ပိုင်သည် (၆.၈)လီတာ၊စင်္ကာပူသည် (၂)လီတာ၊မလေးရှားသည် (၀.၉)လီတာ၊အင်ဒိုနီးရှားသည် (၁.၁)လီတာ၊ဘရူးနိုင်းသည် (၀.၄)လီတာရှိသည်။

မြန်မာသည် ၂၀၁၆ ခုနှစ်က ဟတ်တာလီတာပေါင်း(၅၇၀၀၀)ကို တင်ပို့ခဲ့ပြီး ပြည်တွင်း သောက်သုံးမှုနှုန်းမှာ ဟတ်တာလီတာပေါင်း (၅၃၀၀၀) ရှိသည် ဟုဆိုသည်။ ထုတ်လုပ်မှုမှာ ဟတ်တာလီတာပေါင်း(၁၄၀)သာ ရှိသည်။

၂၀၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဝိုင်‌သောက်သုံးမှုနှုန်းသည် နှစ်စဉ် (၇)ရာခိုင်နှုန်းမြင့်တက်လာသည်။ ၂၀၁၉ ခုနှစ်တွင်နိုင်ငံတစ်နိုင်ငံသည်တစ်ဦးချင်း ဝိုင်သောက်သုံးမှုသည် (၀.၂) လီတာတွင် ရှိပြီး အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင်နံပါတ် (၉၂) တွင်ရှိသည်။

Faostat ၏အဆိုအရမြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ အသက်(၁၅)နှစ် အထက် လူတစ်ဦးချင်း ဝိုင် သောက်သုံးမှုသည် (၀.၀၅၀)လီတာအထိရှိသည်။ ထိုကြောင့် ပျမ်းမျ တစ်နှစ်လျှင် လီတာပေါင်း (၂.၇)သန်း သောက်သည် ခန့်မှန်းရသော်လည်း ယင်းထက် လျော့နည်းဖွယ် ရှိသည်။
၂၀၁၉ ခုနှစ် စစ်တမ်းအရမှု  တစ်ဦးချင်း ပျမ်းမျ သောက်သုံးမှုနှုန်းသည် (၀.၂၁)လီတာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ စ၍ နှစ်စဉ် သောက်သုံးမှု (၇)ရာခိုင်နှုန်း မြင့်တက်နေသည် ဟု ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စစ်တမ်းအရမှု  မြန်မာနိုင်ငံ၏ အရက်သောက်သုံးမှုနှုန်းဒေတာ(၂၀၁၆)အရ ဝိုင်ကို (၁၀)ရာခိုင်နှုန်း၊ဘီယာကို (၂၂)ရာခိုင်နှုန်း၊အရက်(၆၈)ရာခိုင်နှုန်း နှင့် အခြား(၁)ရာခိုင်နှုန်း ရှိသည် ဟု ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် ဘီယာထုတ်လုပ်သည့် လုပ်ငန်း(၃)ခုမှ ဘီယာပုလင်းပေါင်းသန်း(၂၅၀)ထုတ်လုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
အရက်များ၊အခြားကဏ္ဍများပါ ပေါင်းပါက ပျမ်းမျ လီတာပေါင်းသန်း(၆၄၀)ရှိမည် ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ရှိသော အမျိုးသားဦးရေ ထက်ဝတ်ကျော်သည် အရက်ကို သောက်သုံးကြပြီး ထိုအထဲမှ လူဦးရေ လေးပုံ တစ်ပုံသည် တစ်ရက်လျှင် ငါးကြိမ်ခန့် သောက်သုံးသည် ဟုဆိုသည်။

၂၀၁၄ ခုနှစ် အစီုးရ ထုတ်ပြန်ချက်အရ အရက်သောက်သုံးမှုနှုန်းသည် ပျမ်းမျှ(၀.၆)လီတာ သာရှိသည်။
သတင်းဌာနတစ်ခု၏ သတင်းအရ မြန်မာနိုင်ငံ၏ ဘီယာသောက်သုံးမှုသည် တစ်နှစ်လျှင် (၄)လီတာအောက်သာ ရှိသည် ဟု ဆိုသည်။

၂၀၁၈ ခုနှစ်တွင် ဘီယာထုတ်လုပ်မှုပမာဏမှာ ဂါလန်ပေါင်း(၂၈.၃၂) သန်းခန့်ရှိသည်။ ထိုအတူ အရက်ထုတ်လုပ်မှုပမာဏခန့်မှန်းခြေအားဖြင့်ဂါလံပေါင်း (၁.၃၁) သန်းရှိသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာမှ ဝိုင်တင်သွင်းလျှက်ရှိနေပြီး ပြင်သစ်၊ချီလီ၊ဩစတေးလျှ နှင့် တောင်အာဖရိက ဝိုင်တို့ကို အများဆုံးတင်သွင်းထားပြီး ပြင်သစ်ဝိုင်သည် လူကြိုက်များသည်။
ဈေးကွက်တွင် တရားဝင်စာရင်းဇယားများမရှိသော်လည်း၂၀၁၀ ခုနှစ်ကခန့်မှန်းခြေအားဖြင့် တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ (၂)သန်းဖြစ်ပြီး တင်သွင်းသည့် ဝိုင်လီတာ‌ပေါင်း(၁.၅)သန်းခန့်ရှိသည်။

မြန်မာနိုင်ငံ၏ ဝိုင်ပုလင်းရောင်းချရမှုသည် နှစ်စဉ် (၁၀)ရာခိုင်နှုန်း တိုးတက်နေပြီး ၂၀၁၈ ခုနှစ် စစ်တမ်းအရ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ထိုသို့ မြင့်တက်လာနေခြင်း ဟု ဆိုသည်။
သတင်းဌာနတစ်ခု အဆိုအရမူ မြန်မာတွင် ဝိုင်သောက်သုံးသူ ဦးရေသည် ၂၀၁၈ ခုနှစ်က နှစ်သောင်းခွဲကျော်သာရှိမည် ဟု ခန့်မှန်းထားသည်။
ရမည်းသင်းမြို့နယ်သည် ဝိုင်ထုတ်လုပ်ရန်အတွက် လိုအပ်သော စပျစ်သီးကုန်ကြမ်းကို အများဆုံး ထောက်ပံပေးနေသော မြို့နယ် ဖြစ်ပြီး နိုင်ငံအနှံကို တင်ပို့နေသည်။
မြန်မာနိုင်၏ cider, perry & rice wine ဝိုင်ဈေးကွက်သည် ၂၀၁၅ ခုနှစ်က လက်လီဈေးနှုန်းများအရ အမေရိကန်ဒေါ်လာ(၁၉၂)သန်း ရှိမည် ဟု ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၄၆၅.၉)သန်း သို့ ရောက်ရှိလာမည် ဟု ခန့်မှန်းထားသည်။
၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ နှစ်စဉ် (၈.၃၅)ရာခိုင်နှုန်း တိုးတက်မည် ဟု ခန့်မှန်းထားသည်။
တစ်ဦးချင်း ပျမ်းမျ သုံးစွဲမှုသည် ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ(၃.၇) ရှိပြီး လာမည့် ငါးနှစ်အတွင်း နှစ်စဉ် သုံးစွဲမှုမှာ  (၉.၇၆)ရာခိုင်နှုန်း မြင့်တက်လာသည် ဟု ဆိုသည်။
sparkling wine ဈေးကွက်သည် ၂၀၁၅ခုနှစ် လက်လီဈေးတွက်ချက်မှုအရ အမေရိကန်ဒေါ်လာ(၈)သန်းဝန်းကျင်တွင် ရှိနေပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၆.၂၈)သန်း ဖြစ်မည် ဟုဆိုသည်။

၂၀၂၀ခုနှစ် မှ ၂၀၂၅ ခုနှစ် အထိ နှစ်စဉ် (၄.၆၆)ရာခိုင်နှုန်းတိုးတက်မည် ဟုလည်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ အရက်ယာမကာနှင့် အချိုရည်‌ဈေးကွက်သည် ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ(၃၄၈)သန်း ရှိပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၆၄၉.၃၃)သန်း ရှိမည် ဟု ခန့်မှန်းထားသည်။

၂၀၂၀-၂၀၂၅ ငါးနှစ်တာကာလအတွင်း နှစ်စဉ်(၅.၂၄)ရာခိုင်နှုန်း တိုးတက်မည် ဟု ခန့်မှန်းထားပြီး ၂၀၁၅-၁၉ ခုနှစ်များတွင် နှစ်စဉ် (၈.၄၈)ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
မြန်မာနိုင်ငံ၏ အရက်ယာမကာနှင့် အချိုရည်ဈေးကွက်သည် ၂၀၁၆ ခုနှစ်က အမေရိကန်ဒေါ်လာ(၃၇၈)သန်း၊ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာသန်း(၄၁၀)၊၂၀၁၈ ခုနှစ်တွင် ဒေါ်လာ(၄၄၅)သန်း၊
၂၀၁၉ ခုနှစ်တွင် (၄၈၃)သန်း၊၂၀၂၀ခုနှစ်တွင် (၅၀၈.၃)သန်း နှင့် ၂၀၂၁ ခုနှစ်တွင် (၅၃၄)သန်း ရှိမည် ဟု ခန့်မှန်းရသည်။
သို့သော် ၂၀၂၁ ခုနှစ်တွင် အဆိုပါဈေးကွက်တွက်ချက်သည့် တန်ဖိုးထက် များစွာ လျော့နည်းဖွယ်ရာ ရှိနေသည်။

မြန်မာနိုင်ငံ၏ ဝိုင်ဈေးကွက်သည် ၂၀၁၅ ခုနှစ်က လက်လီဈေး တွက်ချက်မှု အရ အမေရိကန်ဒေါ်လာ(၂၁၉)သန်း ရှိမည် ဟု ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ်တွင် (၄၂၇.၂၄)သန်း သို့ ရောက်ရှိမည်ဟု တွက်ချက်ထားသည်။၂၀၂၀-၂၀၂၅ ကာလအတွက်နှစ်စဉ် (၅.၇၅)ရာခိုင်နှုန်း တိုးတက်နေမည် ဟု ဆိုပြီး ၂၀၁၅-၁၉ ကာလများတွင် နှစ်စဉ်တိုးတက်မှုမှာ (၈.၇၂)ရာခိုင်နှုန်း ရှိခဲ့သည်။
Covid-19 ဖြစ်ပွားပြီးနောက် ဝိုင်ဈေးကွက်တိုးတက်မှု ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ဝိုင်အတွက် တစ်ဦးချင်း သုံးစွဲမှုနှုန်းသည် ပျမ်းမျှ အမေရိကန်ဒေါ်လာ(၄.၂၂) ဖြစ်ပြီး နှစ်စဉ်(၇.၇၁)ရာခိုင်နှုန်း မြင့်တက်လာသည် ဟု ဆိုသည်။
ဈေးကွက် တွက်ချက်မှုအရ ၂၀၁၆ ခုနှစ်က (၂၃၈.၁)သန်း၊၂၀၁၇ ခုနှစ်တွင် (၂၅၈.၉)သန်း၊၂၀၁၈ခုနှစ်တွင် (၂၈၁.၅)သန်း၊၂၀၁၉ ခုနှစ်တွင် (၃၀၆)သန်း၊၂၀၂၀ ခုနှစ်တွင် (၃၂၃.၇)သန်း နှင့် ၂၀၂၁ တွင် (၃၄၂.၃)သန်းရှိမည် ဟု တွက်ချက်ထားသည်။
သို့သော် ၂၀၂၁ ခုနှစ်တွင် များစွာ ကျဆင်းသွားမည် ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ဘီယာသည် အဖျော်ယာမကာဈေးကွက်၏ (၈၀)ရာခိုင်နှုန်းအထိ ရှိမည် ဟု ဆိုပြီး
Euromonitor ၏ ဖော်ပြချက်အရ ၂၀၁၅ ခုနှစ်က ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ( ၃၇၅)သန်း ရှိရာမှ ၂၀၁၈ ခုနှစ်တွင် (၆၇၅)သန်းအထိ ရောက်ရှိလာမည် ဟု ခန့်မှန်းထားသည်။

မြန်မာဝီစကီဈေးကွက်သည် ၂၀၁၆ ခုနှစ်က လီတာပေါင်း(၈.၆၆)သန်း ရောင်းချခဲ့ရပြီး ၂၀၁၁ ခုနှစ်က‌ထက် (၆၃)ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

High Class ကုမ္ပဏီအား အရောင်း‌နေရာပေါင်း ၄၀၀၀၀ ကျော်၊ အဓိကလက်ကားရောင်းချသူ (၄၃) ဦး၊ ပို့ဆောင်ရေးယာဉ် (၂၃၀) ခန့်နှင့်အရောင်းနှင့်အရောင်း ၀ န်ထမ်း (၂၅၀)ခန့် ရှိသည်။

၂၀၁၈ခုနှစ်တွင် ထိုင်းနိုင်ငံအခြေစိုက်အရက်နှင့်ဘီယာထုတ်လုပ်သည့် ThaiBev သည် Myanmar Distillery Company (MDC) တွင်အစုရှယ်ယာ (၇၅)ရာခိုင်နှုန်းကို ၀ယ်ယူခဲ့သည်။

မြန်မာနိုင်ငံ၏ ဦးဆောင်ဝီစကီတံဆိပ်ဖြစ်သည် Grand Royal ၏ ဈေးကွက်တန်ဖိုးမှာ စင်ကာပူဒေါ်လာ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၉၄.၄ သန်း) ရှိခဲ့သည်။
Grand Royal သည် ၁၉၉၅ ခုနှစ်တွင်ထူထောင်ခဲ့ပြီး မြန်မာဝီစကီဈေးကွက်၏ (၇၀)ရာခိုင်နှုန်းကို အပိုင်ရရှိထားသည်။ ၎င်းသည် လက်ကားရောင်းချသူ(၁၃၀၀)နှင့် လက်လီအရောင်းဆိုင်ပေါင်း(၂၁၀၀၀)အထိရှိနေသည်။
၎င်းသည် တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်း(၁၀၀)ကျော် ဝင်ငွေရှိနေသည်။

၂၀၁၅ ခုနှစ်တွင် ဂျပန် Kirin Holdings သည် နိုင်ငံ၏အကြီးဆုံးဘီယာချက်စက်ရုံဖြစ်သော Myanmar Brewery (MBL) ကိုဒေါ်လာသန်း ၅၆၀ ဖြင့် အစုရှယ်ယာ ဝယ်ယူခဲ့သည်။
ထို့အတူ နယ်သာလန်ဘီယာ Heineken သည် မြန်မာပြည်ဈေးကွက်မှ နှစ်(၂၀)ကျော်ကြာ ထွက်သွားပြီးနောက် ၂၀၁၅ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။
APB Alliance Brewery Co သည်  မှ (၅၇)ရာခိုင်နှုန်းရှယ်ယာပါဝင်နေပြီး  ကျန်ရှယ်ယာကို Grand Royal ထုတ်လုပ်သည့် ကနဦးပိုင်ရှင် ဦးအောင်မီုးကျော်က ရယူထားသည်။၎င်းသည် International Beverages Trading Company Group၏ ဉက္ကဌ ဖြစ်သည်။ဘီယာချက်စက်ရုံကို ရန်ကုန်တိုင်း မှော်ဘီစက်မှုဇုန်တွင် ၂၀၁၅ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။

 
ထို့အတူ ဒီန်းမတ် မှ Carlsberg သည်လည်း ၂၀၁၅ ခုနှစ်အတွင်း ဒေါ်လာ (၇၅)သန်း တန် ဘီယာချက်စက်ရုံကို ပဲခူးစက်မှုဇုန်တွင် ဖွင့်လှစ်ခဲ့သည်။၎င်းသည် မြန်မာဘီယာဈေးကွက်တွင် ဒုတိယဦးဆောင်သူနေရာ ရရှိရန် ကြိုးပမ်းခဲ့သည်။

ပြည်ပမှ အရက်ယာမကာနှင့် အချိုရည်တင်သွင်းမှုအဖြစ် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၂.၁၇၃)သန်း တန်ဖိုးရှိအချိုရည် လီတာ‌ပေါင်း (၄၉၄,၇၄၀) ကို တင်သွင်းခဲ့ပြီး ၂၀၁၇-၂၀၁၈ တွင်ဒေါ်လာ (၇.၉၄၁)သန်း တန်ဖိုးရှိ လီတာ (၁.၃)သန်းကို တင်သွင်းခဲ့သည် ဟု အကောက်ခွန်ဦးစီးဌာနက ဆိုသည်။

၂၀၁၈ ခုနှစ် (၆)လတာ ဘဏ္ဍာရေးနှစ်အတွက် ဒေါ်လာ (၂.၉)သန်းကျော် တန်ဖိုးရှိသည့် အရက်ယာမကာအချိုရည် လီတာ ပေါင်း (၄၂၇၂၃၉) ကိုဇူလိုင်လကုန်အထိ တင်သွင်းခဲ့သည်။
အကောက်ခွန်ဦးစီးဌာန၏ ကိန်းဂဏန်းများအရ ၂၀၁၇-၁၈ ခုနှစ်အတွင်းတရားမ၀င်တင်သွင်းသော ကျပ်သန်း (၁၂၀)တန်ဖိုးရှိ အရက်များကို ဖမ်းဆီးရမိခဲ့သည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး