#social punishment#Boycott


#social punishment
#Boycott

ပြည်သူတွေ လုပ်နိုင်တဲ့ လက်နတ် လို့ ဆိုရင် social punishment နဲ့ boycott လုပ်ငန်းစဉ်တွေပဲ ဖြစ်တယ်။

အကြမ်းဖက် အဖွဲ့အစည်းတွေဟာ ၎င်းပိုင် လုပ်ငန်းတွေ၊ သားသမီးပိုင် စီးပွားရေးလုပ်ငန်းတွေ အများအပြားရှိပါတယ်။အထူးသဖြင့် ကိုကြီး ညီလေး ဆက်ဆံရေးနဲ့  တည်ဆောက်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ အများကြီးပါ။

မြန်မာ့စီးပွားရေးကဏ္ဍမှာ အကြီးစား လုပ်ငန်း(၁၀)ရာခိုင်နှုန်းသာ ရှိပါတယ်။
ကျန်(၉၀)ရာခိုင်နှုန်းက အသေးစား၊အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖြစ်တယ်။

အကြီးစားလုပ်ငန်း ထက်ဝတ်နီးပါးဟာ အစီုးရပိုင် လုပ်ငန်းတွေ၊ဖက်ဆက်လုပ်ငန်းတွေ ဖြစ်ပြီး အနည်းငယ်ကတော့ ပုဂ္ဂလိက လုပ်ငန်းတွေ ဖြစ်တယ်။

ဒီလို လုပ်ငန်းအများစုမှာ စစ်တပ်နဲ့ မကင်းတာတွေ ပါဝင်မှု များပြီး တပ်ထွက်တွေ၊အငြိမ်းစားတွေ နေရာယူထားတာ များပါတယ်။ လုပ်ငန်းအများစုလည်ပတ်နိုင်ဖို့ အကိုကြီး ညီလေး လမ်းစဉ်နဲ့ သွားပါတယ်။

ဒါအပြင် အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ သားသမီး ဆွေမျိုးတွေ ကိုင်ထားတဲ့ လုပ်ငန်းတွေ ရှိပါတယ်။

ဒါတွေကို ရှာဖွေပြီး social punishment လုပ်လို့ ရသလို boycott လုပ်လို့ ရပါတယ်။

Boycott လုပ်တယ် ဆိုတာ သူတို့ ထုတ်တဲ့ ကုန်စည်၊ပစ္စည်းတွေကို သုံးစွဲမှု မပြုတာပါ။
စီးပွားရေးလည်ပတ်တယ် ဆိုတာ သုံးစွဲသူရှိမှပါ။

အဘတွေ၊အကိုကြီး ညီလေး လမ်းစဉ်နဲ့ လုပ်နေကြတဲ့ လုပ်ငန်းတွေ အများစုဟာ ပြည်တွင်းအတွက်သာ ပစ္စည်းဖြန့်ချီနေကြတာ ဖြစ်ပါတယ်။
FDA လို အဖွဲ့အစည်းတွေ ‌လုပ်ပိုင်ခွင့် ပျောက်ဆုံးတာ၊အရည်အသွေးမပြည့်မမှီတဲ့ ပစ္စည်းတွေ ဈေးကွက်ထဲ အများကြီးရောက်လာတာဟာ အကိုကြီး ညီလေး ဆက်ဆံရေးကြောင့်ပဲ။
သူတို့ စီးပွားရေးဟာ ပြည်ပကို ဖြန့်ချီတာတွေ မလုပ်နိုင်ဘူး။အနီးစပ်ဆုံး တရုတ်ဈေးကွက်ကိုတောင် မဖြန့်နိုင်ပါဘူး။

သူတို့ဟာ ပြည်တွင်းဈေးကွက်ကိုသာ အမှီပြုနေရတာပါ။ စစ်အစီုးရခောတ်တလျောက်တုန်းကဆို (၇၀)ရာခိုင်နှုန်းနီးပါးဟာ ပြည်သူဆီကိုသာ ဖြန့်တာပါ။

NLDအစိုးရလက်ထက်လောက်မှာ ပြည်ပကို ပိုဖြန့်လာနိုင်ပေမယ့် အကိုကြီး ညီလေး ပါဝင်တဲ့ လုပ်ငန်းတွေ နည်းပါတယ်။

ဆိုတော့ ပြည်သူတွေက တပ်ပိုင်၊အာဏာရှင် မိသားစုပိုင်၊ဆွေပိုင် မျိုးပိုင်၊အကိုကြီး ညီလေး ဆက်ဆံရေးရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို Boycott လုပ်လို့ ရပါတယ်။

ဒီလို လုပ်ငန်းတွေဆီက ထုတ်ကုန်တွေကို သုံးစွဲတာ မလုပ်ခြင်းအားဖြင့် တဖက်က ပြည်သူပိုင် စီးပွားရေးလုပ်ငန်း‌တွေကို ပိုအားကောင်းစေသလို အကြမ်းဖက်အဖွဲ့အစည်းရဲ့ စီးပွားရေးလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်ပျက်ဆီးစေပါတယ်။

ဉပမာအားဖြင့် မြန်မာဘီယာဈေးကွက်ဝေစု(၇၀)ရာခိုင်နှုန်း နီးပါး ရရှိထားတဲ့ Myanmar Beer သည် ပြည်သူတွေ Boycott လုပ်ကြတဲ့ အတွက် ဈေးကွက်ဝေစု ရာခိုင်နှုန်းအများကြီးကို ဆုံးရှုံးနေရပြီ။

တစ်နှစ်နီးပါးသာ ကြာမြင့်ခဲ့မယ်ဆိုရင် ကုမ္ပဏီဟာ ဒေဝါလီတောင် ခံနိုင်ခြေရှိတယ်။ လက်ရှိပြည်သူတွေကတော့ ဆက်မသောက်သုံးဖို့၊Boycott ဆက်လုပ်ကြတော့မှာမို့ ဒုက္ခရောက်တော့မှာပါ။

ဒီလိုမျိုးပဲ တပ်နဲ့ မိသားစုပိုင် လုပ်ငန်းတွေ၊ အာဏာရှင်တွေကို ထောက်ပံပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက် Boycott လုပ်ဖို့ လိုပါတယ်။

တရုတ်ကတော့ ဒီအချက်ကို ကြိုမြင်နေသလား မပြောတက်။ မြန်မာနယ်စပ်မှာ တန်ချိန် (၆၀၀၀၀)ကျော် ထုတ်မယ့် ဘီယာစက်ရုံ တည်ဆောက်နေတာ တွေ့ရတယ်။
ဒီတရုတ်နိုင်ငံထုတ် ထုတ်ကုန်တွေကိုလည်း Boycott လုပ်နိုင်ဖို့ လိုပါတယ်။

အာဏာရှင်အဖွဲ့အစည်းတွေကို ထောက်ပံပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ဆွေမကင်းမျိုးမကင်း လုပ်ငန်းတွေအများစုဟာ စားသုံးသူ ပြည်သူ မရှိရင် အကြီးအကျယ် ဒုက္ခတွေ့မှာပါ။

လက်ရှိမှာလည်း ဒီလို စီးပွားရေးလုပ်ငန်းတွေကို စနစ်တကျ ပြုစုမှတ်တမ်းတင်နေတာတွေ တွေ့ရတယ်။

ပြည်သူတွေဆီ ကျယ်ကျယ်ပြန့်ပြ‌န့်ရောက်ရှိသွားဖို့ အရေးကြီးတယ် လို့ ယူဆတယ်။
ပြီးတော့ အကိုကြီး ညီလေး စနစ်လုပ်နေတဲ့ စီးပွားရေးတွေကြောင့် ပြည်တွင်း SME လုပ်ငန်းတွေ မဖွံဖြိုးရတာပါ။

NLD အစီုးရတက်တော့ SMEလုပ်ငန်းတွေ အရှိန် ပိုရလာခဲ့ပြီး ပြည်ပကို တင်ပိုနိုင်တဲ့အထိ အားကောင်းလာခဲ့သလို အသေးစား၊တနိုင်တပိုင်လုပ်ငန်းတွေ တည်ထောင်ဖို့ တာစူခဲ့ကြတာပါ။

ဒါတွေကို စစ်အာဏာရှင် အကြမ်းဖက်အဖွဲ့အစည်းက ဖျက်ဆီးပစ်လိုက်တာပါပဲ။
ပြီးတော့ နိုင်ငံတကာဈေးကွက် မှီအောင်လည်း မလုပ်နိုင်၊ ပြည်တွင်းမှာလည်း ဖြစ်သလိုထုတ်ပြီး ပြည်သူကို ဒုက္ခပေးနေတဲ့ လုပ်ငန်းတွေကို Boycott လုပ်ရမယ်။

ပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းတွေမှာ ပါဝင်ပါက်သက်သူတွေ ဆွေမကင်း မျိုးမကင်းတွေကို social punishment လုပ်ဖို့လည်း လိုပါတယ်။

လူကို social punishment လုပ်မယ်။
ထုတ်ကုန်တွေကို Boycott လုပ်မယ် ဆိုရင်  သူတို့ ဒုက္ခအကြီးအကျယ် ရောက်ပါပြီ။

ဒါဟာ ပြည်သူတွေ မြှုပ်ကိုင်ထားတဲ့ လက်နက်ပါပဲ။

၁၉၉၀ နောက်ပိုင်း နိုင်ငံရေးသမားတွေရဲ့ မိသားစု၊ဆွေမျိုးတွေကို အကြမ်းဖက်အဖွဲ့အစည်းက social punishment လုပ်ခဲ့ကြတာ လက်ရှိအချိန်ထိပါပဲ။
social punishment ဆိုတာ ပြည်သူ စခဲ့တာ မဟုတ်ဘူး။သူတို့ လုပ်ခဲ့တာ။

သူတို့ လုပ်သလို ပြန်ပညာပေးဖို့ လိုတယ်။

ပြောရရင် နိုင်ငံခေါင်းဆောင်၊အဖွဲ့အစည်း ဦးဆောင်သူတွေဆိုတာ ပြည်သူက လက်ခံမှ ရတာပါ။ ပြည်သူက လက်မခံ တုန့်ပြန်ရင် မခံနိုင်ပါဖူး။


လက်ရှိအချိန်မှာလည်း social punishment သည် ထိရောက်နေသလို Boycott လုပ်နေသည်မှာလည်း ကျည်ဆန်ထက် ပြင်းတဲ့ လက်နက်တစ်ခုပါပဲ။


ဆက်ပြီး အကြမ်းဖက်အဖွဲ့အစည်းကို ထောက်ပံနေတဲ့ လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊လူတွေကို Boycott လုပ်ရတော့မှာပါ။


ဒီလို လုပ်ခြင်းအားဖြင့် အာဏာရှင် ဒေါက်တိုင်တွေကို ရိုက်ချိုးပြီးသား ဖြစ်တယ်။

စိတ်ပညာအရ ချိုးနှိမ်ပြီးသား ဖြစ်တယ်။

စီးပွားရေးကဏ္ဍကို သန့်ရှင်းစေပြီးသား ဖြစ်တယ်။ 

ပြည်သူတွေ ထုတ်တဲ့ ထုက်ကုန်အပေါ် အားပေးရာ ရောက်တယ်။

အရည်အသွေး စစ်ဆေးပြီးသား ဖြစ်တယ်။

အခွင့်ထူးခံ လူတန်းစားလိုလို မကြိုးစားပဲ ဘုရားလောင်းဖြစ်ချင်တဲ့ လူတစ်ဦးချင်းဆီတိုင်းကို နှိမ်နင်းပြီးသား ဖြစ်တယ်။

လာဒ်ပေးလာဒ်ယူစနစ်ကိုပါ တိုက်ဖျက်ပြီးသား ဖြစ်ပါတယ်။


ကျွန်တော်တို့ ပြည်သူတွေ အာဏာရှင် အဖွဲ့အစည်းက လူတွေ ပါဝင်ပါတ်သက်တဲ့ လုပ်ငန်းတွေကို တခုပြီး တခု Boycott ဆက်လုပ်ရမှာပါ။ 


တွေးမိတွေးရာ

မောင်ချင်း

၁၉.၃.၂၀၂၁


Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^