မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုသည် ၁၉၈၈ ကနေ လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ(၂၁)ဘီလီယံကျော် ရှိပါတယ်။
အများစုက ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ ထောက်ပံရေးဆိုင်ရာ လုပ်ငန်းတွေ ဖြစ်ပြီး စစ်အစီုးရခောတ် တလျှောက် ပိက်ဆို့ဒါဏ်ခံရတော့ တရုတ်က အောက်ဈေးတွေနဲ့ လာဝိုက်ဖို့ရန် ရင်းနှီးမြှုပ်နှံခဲ့ကြတာ ဖြစ်တယ်။
ပြောရရင် သူတို့ရင်းနှီးမြှုပ်နှံမှုသည် မြန်မာစစ်အစီုးရကို ထောက်ပံပေးရန် အတွက်သာရယ်ပါ။
ပြီးခဲ့တဲ့ ၂၀၁၆ ကနေ NLD အစီုးရ လက်ထက် ငါးနှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ(၃.၅)ဘီလီယံပဲ ဝင်တယ်။
လာရောက်မှု အများစုက အစီုးရနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ နည်းသွားတယ်။
ထုတ်လုပ်ရေးအပိုင်းတွေ၊အကျိုးအမြတ်ရရှိနိုင်တဲ့ ဈေးကွက်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေကို ရောင်းဝယ်နိုင်တဲ့ လုပ်ငန်းကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံကြတာ များပါတယ်။
NLD အစီုးရ သတ်တမ်း ငါးနှစ်အတွင်း စင်္ကာပူနိုင်ငံဆီက ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ(၁၁.၃၅)ဘီလီယံကျော် ရှိပါတယ်။
စင်္ကာပူသည် ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မြန်မာအပေါ် ရင်းနှီးမြှုပ်နှံမှု အားကောင်းခဲ့တာ မှန်ပေမယ့် တကယ်တမ်းကျ အနောက်နိုင်ငံတွေက တဆင့်ခံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ဖြစ်တယ်။
လေ့လာမိသလောက် စင်္ကာပူနိုင်ငံသားတွေဆီက ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာသန်း(၆၀၀)ဝန်းကျင်ပဲ ရှိပါတယ်။
အများစုသည် PR လို လုပ်ငန်းတွေ ပညာရေး လုပ်ငန်းတွေ နဲ့ ကုန်သွယ်ရေး ကြားခံလုပ်ငန်းတွေ များပါတယ်။
ဆိုတော့ အနောက်က တဆင့်ခံ ဘာကြောင့်လာလဲ ဆိုရင် အာဆီယံ နိုင်ငံတခုဆီမှာ မှတ်ပုံတင်တဲ့ အတွက် အခွန်ဆောင်ရ လျော့သွားမယ်။အာဆီယံနိုင်ငံအချင်းချင်း ဖြေလျော့မှုတွေ ရှိတာကြောင့် သက်သာခွင့်တွေ ရနိုင်တယ်။
ဒီအချက်တွေအပြင် မြန်မာဟာ အနောက်က ပိက်ဆို့မှုတွေ ရှိသေးတာကြောင့် တချို့အချက်တွေကို လွက်ကင်းလို့ ရနိုင်သေးတယ်။ဒီသဘောအရ စင်္ကာပူကို ကြားခံ လာကြတာ။
ဆိုတော့ စင်္ကာပူကနေ လာရင်းနှီးမြှုပ်နှံမှုတွေမှာ အခြေခံအဆောက်အဦးတိုးတက်ရေးနဲ့ ပြည်တွင်း ဖြန့်ချီရေးလုပ်ငန်းတွေ များတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းကနေ စပြီး မြန်မာနိုင်ငံတွင်း ရောင်းချဖြန့်ချီမှုကနေ နိုင်ငံတကာပြန်ဖြန့်နိုင်တဲ့ လုပ်ငန်းစဉ်တွေ လုပ်နိုင်ဖို့ ပြင်ကြတယ်။ ၂၀၂၀ တစ်နှစ်လုံး Covid-19 ကြောင့်သာ အဆင်မပြေ ဖြစ်သွားကြတာပါ။
လုပ်ငန်းတွေ နိုင်ငံတကာက အလုံးအရင်းလိုက် ဝင်ဖို့ မျော်မှန်းထားကြပေမယ့် Covid-19 ကြောင့် ဆိုင်းငံသွားကြတာပါ။
ဆိုတော့ နိုင်ငံတကာ လုပ်ငန်းတွေ ကံကောင်းသွားတာလား။
မြန်မာပြည်သူတွေ ကံဆီုးသွားတာလား
တွေးရမလိုလိုပါ။
ပြောရရင် ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလ ပထမသုံးနှစ်မှာ အခြေခံအဆောက်အဦးကဏ္ဍ နဲ့ ဘဏ္ဍာရေးဆိုင်ရာ လမ်းကြောင်းကို ဆွဲတင်ခဲ့တယ်။ ဘဏ္ဍာရေးကတော့ စစ်အစီုးရလက်ချက်ကြောင့် အမှိုက်ပုံလို ချည်ထွေ လို ဖြစ်နေတာမို့ တစချင်း ဆွဲထုတ်နေရတယ်။ ဆိုတော့ တဖြေးဖြေးပဲ သွားရတယ်။
မြန်မာလုပ်ငန်းရှင်အများစုဟာ စနစ်တကျ သွားရတဲ့ process ကို မလုပ်တက်တာ ကြာပြီ။မြန်ချင်ရင် ရေထိုး ဆိုတဲ့ မူနဲ့ နှစ်ပေါင်းမြောက်မြားစွာ နေရတော့ အကျင့်ဖြစ်နေပြီ။သို့သော် ခွံဖို့ကလည်း မပြေတဲ့ အခြေအနေကြတော့ ရသူတွေ ရှိလာရင် ခွံလို့ ရတယ် မြင်ကြပြန်ကော။
လုပ်သူလည်း ရသူလည်း ရှိမှာပေါ့လေ။
သို့သော် ယန္တရားကြီးက စနစ်တကျ ပြန်လည်ပတ်ဖို့ ပြင်နေပြီ။
နောက်ပိုင်းနှစ်နှစ်တာကာလမှာ မိက်အင် မြန်မာဆိုတဲ့ ကဏ္ဍ ပိုထွန်းကားလာတယ်။
ဆိုတော့ ကနဦးက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများစုသည် မြန်မာရဲ့ အခြေခံအဆောက်အဦးကဏ္ဍ တိုးတက်ဖို့ရယ် နဲ့ ပြည်တွင်းမှာ လိုအပ်တဲ့ အရာ ဖြန့်ချီပေးနိုင်ဖို့ရယ်ပါ။
နောက်ပိုင်းကြတော့ မြန်မာကနေ ကမ္ဘာကို ထုတ်ကုန်ဖြန့်နိုင်ဖို့ လုပ်ငန်းတွေ ဝင်ရောက်လာဖို့ အစပျိုးနေကြတယ်။
အများစု မဝင်ရောက်နိုင်သေးတာက စက်မှုဇုန် မြေဈေး၊ မြန်မာနိုင်ငံရဲ့ မြေဈေး အရမ်းကြီးတဲ့ အတွက်ပါ။
ပိုဆိုးတာက တချို့ သူဌေးတွေ မြေကိုင်ထားပြီး လာသမျကို ၅၀-၅၀ JV လုပ်မယ် ပြော။တချို့ကျတော့ ဈေးကြီးကြီးနဲ့ မြေဌားစားဖို့ လုပ်ကြလို့ပါ။
နောက်တချက်က အစီုးရတို့သည် နိုင်ငံခြားသားကျ အခွင့်အရေးပေးတယ်။သူတို့ကျ အခွင့်အရေးမပေးဘူး လို့ တွေးနေကြလို့ပါ။တကယ်တမ်းကျ စီးပွားရေးကဏ္ဍ နောက်ခြေလှမ်း တလှမ်းစဖို့ မတွေးတက်ကြသူ များတယ်။ အများစုက မြေကိုင်ထားတယ်။ ဒါကြောင့်လည်း တဖက်က လာချင်ရင်တောင် လာရ ခတ်တာတွေ ရှိတယ်။
ဆိုတော့ တရုတ်သည် မြန်မာမှာ လာရင်းနှီးမြှုပ်နှံမှုသည် ၎င်း အကျိုးအမြတ်တွက် ဖြစ်တယ်။ ဉပမာ ရေအားလျှပ်စစ်ဆိုပါစို့။ သူနိုင်ငံသား ပညာရှင်တွေအလုပ်ရတယ်။ ကုမ္ပဏီတွေ လှည်ပတ်လို့ အလုပ်လုပ်လို့ ရတယ်။ သူတို့ကို တရုတ်အစီုးရက ငွေထုတ်ချေးပေးတာမို့ ငွေလည်ပတ်လေလေ တရုတ်စီးပွားရေးကောင်းလေလေပါ။
လိုအပ်တဲ့ ပစ္စည်းစက်ကိရိယာမှန်သမျ တရုတ်နိုင်ငံကပဲ ပြန်သွင်းရတာမို့ ပြည်တွင်း စက်မှုလုပ်ငန်းတွေ အလုပ်ဖြစ်တယ်။ဒေသခံတွေ အလုပ်ကောင်းတယ်။
Comments
Post a Comment