မြန်မာပြည်မှာ လုပ်ကိုင်သင့်တဲ့ လုပ်ငန်း(၁၅)ခု
#မြန်မာပြည်မှာ #လုပ်ကိုင်သင့်တဲ့ #လုပ်ငန်း(၁၅)ခု
ဖော်ပြထားတဲ့ လုပ်ငန်းတွေကို အွန်လိုင်းမှာ ဖက်ဖူးတဲ့ လုပ်ငန်း(၂၀) ဆိုတာကနေ ရရှိထားတာပါ။ အခုမှ စတင်ပြီး ဘာစီးပွားရေး လုပ်ရင် ကောင်းမလဲ စဉ်းစားနေသူတွေအတွက် အကြံကောင်းတခု ဖြစ်စေဖို့ ရည်ရွှယ်ပါတယ်
ကိုယ်တိုင်လည်း လုပ်ချင်မိတဲ့ လုပ်ငန်းတွေပါ။အနှီမ့်ဆုံး ကျပ်(၅)သိန်းလောက်ကနေ စတင်နိင်ပါတယ်။ အများနဲ ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တာမို့ စားသုံးသူ နည်းမှာလည်း မပူရပါ။ သို့သော် ကိုယ်ဖက် ကောင်းမွန်နေဖို့ လိုပါတယ်။
ချက်ချင်းအောင်မြင်ရမယ် မဟုက်ပေမယ့် ကြိုးစားရင် ကြိုးစားတလောက် အကျိုးအမြတ်ရနိင်တဲ့ လုပ်ငန်းတွေပါ။
1.Importation and Exportation
ပို့ကုန် သွင်းကုန် လုပ်ငန်းတွေက မြန်မာပြည်တွက် သိပ်မစီမ်းလှပါဖူး။ လုပ်နေကြ လုပ်နေမြဲ လုပ်ငန်းတွေပါ။ ဒါကြောင့် အခုမှ လုပ်ငန်း စတင်မယ့်သူတွေအနေနဲ ယဉ်ပြိုင်နိင်ဖို့ မလွယ်ဖူး ယူဆမိကြမှာပါ။ သို့သော် လက်ရှိ မြန်မာပို့ကုန် အများစုဟာ ကုန်ကြမ်းတွေပါ။ ကုန်ချောအနေနဲ ပို့နိင်မူ အားနည်းချိန်မှာ ဝင်သင့်ပါတယ်။ သွင်းကုန်းအများစုဟာလည်း အခြေခံအဆောက်အဦးတွက် ရည်ရွယ်တာတွေပါ။ လိုအပ်ချက်များနေတဲ့ နိင်ငံဖြစ်တဲ့ အပြင် လိုတာ အကုန် နိင်ငံခြားတင်သွင်းနေရတာမို့ တနိင်တပိုင်တောင် လုပ်သင့်ပါတယ်။
2.processed and Packaged foods
အစားအသောက်တွေကို ထုက်ပိုးပြင်ဆင် ရောင်းချတဲ့ လုပ်ငန်းဟာလည်း အကောင်းဆုံး တစ်ခုပါ။ လူဆိုတာ အစာစားတဲ့ အမျိုးမို့ လှပသပ်ရပ်တဲ့ အစားအသောက်ကောင်းဆို သဘောကျ နှစ်ခြိုက်ကြပါတယ်။ လက်ရှိအချိန်ထိ လုပ်လို့ အကောင်းဆုံး လုပ်ငန်း ဖြစ်နေတလို သန့်ရှင်းသပ်ရပ်တဲ့ ဘယ်အစားအသောက်မဆို လူကြိုက်များပါတယ်။
3.Selling Used items
အဟောင်းစျေးကွက်ကတော့ မြန်မာပြည်တွက် မရှိမဖြစ်စျေးကွက်ပါပဲ။ ပစ္စည်းသေးသေးလေးကအစ ကားအထိ အဟောင်းစျေးကွက် ကြီးစီုးနေတုန်းပါ။ ကိုယ့် ဘာရောင်းမလဲ ပေါ်မူတည် စဉ်းစားသင့်တယ်။
4.Meat Packaging and Delivery
အသားတွေကို ထုက်ပိုးဖြန့်ချီတဲ့ လုပ်ငန်းဟာ မြန်မာပြည်မှာ သိပ်မခတ်စားသေးဖူး။ ကိုယ်ရောင်းချတဲ့ အသားဟာ လတ်ဆက်မယ်။ စျေးနူန်းကလည်း သင့်တော်မယ် အိမ်တိုင်ရာရောက် ဖြစ်မယ် ဆို အိမ်ရှင်မတွေ သဘောကျမယ့် လုပ်ငန်းကောင်းဗျ။
5.Security Services
၂၀၁၁လောက်ကမှ စခဲ့တဲ့ လုပ်ငန်းဖြစ်မယ်။ မြန်မာပြည်မှာ ကုပ္မဏီတွေ လုပ်ငန်းတွေမှာ ညစောင့်နဲ Security မှားနေကြတာ များတယ်။
တကယ်လို့ သင်သာ ရဲ စစ်တပ်က ထွက်တဲ့သူဆို ကုပ္မဏီတစ်ခု ထောင်ပြီး ကိုယ်ရံတော်လို လုံခြုံရေး လုပ်ငန်း လုပ်သင့်တယ်။ တရုက်မှာတော့ အတော်ခောတ်စားတဗျ။:p
6.Real Estate
မြန်မာပြည်မှာ ငွေရပေါက်အကောင်းဆုံးက အိမ်ခြံမြေလုပ်ငန်းပါ။ အနှိမ့်ဆုံး ပွဲစားလုပ်အုန်း။အဌားဆို အိမ်လခ တလစာ ရမယ်။ အရောင်းဆို 5% ရမယ်။ စကားပြောရုံနဲ ပိုက်ဆံရမယ့် အလုပ်မျိုး။ :) အိမ်ရှေ့ဆိုင်းဘုက်လေးတင် ဖုန်းနှစ်လုံးလောက် ရှိရင်ကို အလုပ်ဖြစ်နေပြီ။
7.Transportation Services
သယ်ယူပို့ဆောင်ရေး လုပ်ငန်းကတော့ မြန်မာနိင်ငံအတွက် မရှိမဖြစ်ပါပဲ။ အစီုးရက ပို့ကုန် သုံးဆိုတော့ ပိုပြီး အရေးပါလာမှာပဲ။ ခရီးသည်ပို့ဆောင်ရေးတွေလည်း အလွန်အလုပ်ဖြစ်တယ်။ သူတို့ မေးရင်တော့ မမြတ်ဖူး ပြောမယ်။ပြီးရင် အသစ်တွေ တစ်စီးပြီး တစ်စီး ဝယ်တိုးချဲ့ကြတာ။ပို့ဆောင်ရေးလောကမှာ မမြတ်ဖူးဆိုတာ နည်းပါတယ်။ အခုဆို နယ်စပ်ကုန်သွယ်ရေးက အားကောင်းတာမို့ ကုန်စည်ပို့ဆောင်ရေး ကားတွေ ထောင်ပြီး လုပ်မယ်ဆို အလုပ်ဖြစ်ပါတယ်။
8.Fast food/supermarket Franchise
အမြန်လုပ်အစားအစာလုပ်ငန်းတွေက ငွေဝင်ကောင်းတဲ့ လုပ်ငန်းတွေပါ။ ကနဦး အစားအသောက်သင်တန်းတွေ တက်ပြီး နှစ်သတ်ရာက လမ်းဘေးကနေ စလို့ ရပါတယ်။ ရန်ကုန်လိုမြို့ပြမှာ သင်ဘာရောင်းရောင်း စားမယ့် သူတွေ တပုံကြီးပါ။ သန့်ရှင်းလတ်ဆက်မယ်။ အပြုံးချိုမယ် ပြီးတော့ FB ပေါ်တင်တက်ရင် ကြော်ညာခတောင် မကုန်ပဲ အဆင်ပြေတဲ့ လုပ်ငန်းပါ။
9.Cloth Making
အထည်ချူပ်ဆိုတာမျိုး ကို တပိုင်တနိင် လုပ်လို့ ရပါတယ်။ မြန်မာနိင်ငံက အလှုပေါတဲ့ နေရာ ။ မရိုးရအောင် ချူပ်ရပါလိမ့်မယ့်။ တျောက်ထဲ လုပ်မယ်ဆိုရင် နေစာရိက် စားစရိက် ဖှုံလုံတယ်။ ဝန်ထမ်းလေးငါးယောက်နဲ လုပ်မယ်ဆို တလတလ ဝင်ငွေ မဆီုးပါ။ အသိတစ်ယောက် လုပ်နေတာ ကောင်းပါတယ်။
10.Educational Consultancy services
ဘယ်တော့မှ မကုန်ဆုံးနိင်မယ့် ဝင်ငွေ ရလမ်းကြောင်းကြီးပါ။ နိင်ငံခြားမှာ ကျောင်းတက်ချင်သူတွေ တပုံကြီး။ သူတို့အတွက် လမ်းညွန်လုပ်ငန်းဟာလည်း အတော်ကို ဝင်ငွေကောင်းတဲ့ လုပ်ငန်းပါ။ အများစုက နိင်ငံခြားမှာ ကျောင်းတက်ချင်ကြတာ။ အင်တာနတ် ခေါက်ရမှာတော့ ပျင်းကြတယ်။ အဲ ပြည်တွင်းကျောင်းတွေကို အဲလို ဝန်ဆောင်မူပေးတာ မရှိသေးဖူး။ လုပ်ကြည့်သင့်တယ်။
11.Travel Consultancy
ခရီးသွားလုပ်ငန်းကတော့ တကယ့် ဇီမ့်လုပ်ငန်းလို့ ပြောရင် မယုံမရှိပါနဲ။ ခရီးသွားတွေ သုံးတဲ့ ငွေ ထက်ဝတ်နီးပါး ကိုယ်လက်ထဲ ရောက်တယ်။ မြန်မာနိင်ငံမှာ လုပ်ငန်း ၂၀၀ကျော် ရှိပါတယ်။ မနှစ်က ၄ သန်းလောက် လာတာကို မနိင်ပါဖူး။ ဒီနှစ် ထပ်တိုးမယ် မှန်းထားတော့ ကဲ အချိန်မဆွဲပဲ ဝင်ပါ။ ကုပ္မဏီ ထောင်ခက ငါးသိန်းပဲ ကျတာပါ။
12.Recruitment Agency
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ဆိုတာမျိုးကလည်း တကယ့်ကို ပညာသားပါပြီး လူဝင်ဆန့်တဲ့ လုပ်ငန်းမျိုးပါပဲ။ ရန်ကုန်လို့ မြို့ပြကို နှစ်စဉ် လူငယ် အများအပြား လာရောက် အလုပ်ရှာနေကြတလို နိင်ငံတကာကို အလုပ်သွားလုပ်ဖို့ ပြင်နေသူတွေလည်း အများကြီးပါ။ သင်အနေနဲ နိင်ငံခြားမှာ အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံရှိရင် လုပ်ကိုင်လို့ ရတဲ့ နည်းလမ်းပါ။ ဒါပေမယ့် မလိမ်ပါနဲ။ မြန်မာပြည်က အလုပ်အကိုင်အေဂျင်စီတွေ အတော်များများ လိမ်တာ တွေ ကြားနေရတာများတယ်။
13.E-Commerce
အင်တာနတ်ခောတ်ကြီးထဲမှာ အွန်လိုင်းနဲ စီးပွားရှာနိင်တဲ့ နည်းလမ်းတွေအများကြီးပါပဲ။ facebook လိုမျိုးမှာ အတော်ကို ခောတ်စားပါတယ်။ သို့သော် စျေးအလွန်ကြီးပါတယ်။ ပြင်ပပေါက်စျေးထက် အမြတ်အများကြီး တင်ရောင်းချကြပေမယ့် ကွာလတီပိုင်းကို ဘယ် Online shoppingကမှ အာမ မခံပေးနိင်ပါဖူး။ သင့်အနေနဲ ဒါတွေကို ကျော်ဖြတ်နိင်ဖို့ လိုပါတယ်။ Online shopping လုပ်မယ်ဆို အနည်းဆုံး ကိုယ်ပိုင် website ထားပါ။facebook မှာ page တင်ကြညာတလို မိမိဆိုက်ကိုလည်း မကြာခဏ ညွန်းပါ။ ဒါဟာ လူတွေ ယုံကြည်မူ တိုးစေပါတယ်။ ပြီးတော့ delivery ကြေးကို လျော့နိင်တမျ လျော့ပါ။ ရန်ကုန်မှာဆို အနည်းဆုံး ၂၀၀၀ တောင်းတယ်။ ဒီလို အစား တပါတ်မှာ ပစ္စည်း ကို အကုန်စုပြီး နှစ်ရက်ပို့ပါ။
တရုတ်က အာလီဘာဘာ ကိုအတုခိုးပါ။
14.Financial Services
မြန်မာနိင်ငံမှာ ငွေကြေးကဏ္ဍဟာ အတော်ကို အရေးပါတလို အဆင်ပြေတဲ့ လုပ်ငန်းပဲ။ အာပြဲနိင်မှ တော်ကာ ကျမယ်။ :p
အတိုးဟာ အနည်းဆုံး တလ ၂၀တိုးနဲ ချေးနေကြတာဗျာ။ တစ်နှစ်ဆို အတိုးက ၁၄၀% အရင်းကျေရုံမက ၄၀%တောင် မြတ်သေးတယ်။
အခုခောတ်စားနေတာက ဝိုင်းကြီးချူပ်လိုမျိုးတွေနဲ ဖြစ်တယ်။ ငွေနိင်ရင် အသေအချာ လုပ်သင့်တဲ့ လုပ်ငန်းမျိုး
15.Survey and Data Collection
အခုမှ အတော်ခောတ်စားလာတဲ့ လုပ်ငန်းပါ။ နည်းပါသေးတယ်။ မြန်မာနိင်ငံဟာ ဒေတာအချက်အလတ် နည်းတဲ့ နိင်ငံမို့ ဒီလိုလုပ်ငန်းဟာလည်း အောင်မြင်နိင်တဲ အမျိုးအစားပါ။ နိင်ငံတကာ ကုပ္မဏီတွေဟာ လာပြီးရင်းနှီးမြုပ်နှံရင် ဒေတာအချက်အလတ်တွေ လိုပါတယ်။ ဒီလို လိုအပ်ချက်ကို ဖြည့်ပေးဖို့ အကောင်းဆုံးပါ။ ဦးနှောက်စားပေမယ့် ဒေါ်လာရမယ့် လုပ်ငန်းဗျ။
NGO အတော်များများမှာ ဒါတွေရှိပေမယ့် စီးပွားရေးအတွက် ဒေတာအချက်အလတ်ရှာပေးတဲ့ လုပ်ငန်းတွေ လက်ဆယ်ချောင်းတောင် မပြည့်သေးဖူး။
Salai htun htun
RS::Internet
Comments
Post a Comment