မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်


စီးပွားရေး ကျဆင်းရင် ပြည့်တန်ဆာလုပ်ငန်း ပိုပြီး အားကောင်းလာတယ်။

ဆင်းရဲလေလေ ပြည့်တန်ဆာလုပ်ငန်းက ပိုပြီး လုပ်ကောင်းလာတယ်။


ပြောရရင် ဆင်းရဲလေလေ၊စီးပွားရေးကျဆင်းလေလေ တိုင်းပြည်မှာ ပြည့်တန်ဆာလုပ်ငန်းဈေးကွက် ပိုအားကောင်းလာလေလေပဲ။

ထူးခြားမှု တခုက စီးပွားရေးအားကောင်းလာရင်လည်း ပြည့်တန်ဆာလုပ်ငန်းက ပိုအားကောင်းလာတက်တယ်။


ဂျပန် ပြည့်တန်ဆာလောကသည် အထင်ကရ ဖြစ်ရပ်တခုပဲ။၂၀၀၀ အစောပိုင်းနှစ်တွေတုန်းက ဂျပန်မှာ ပြည်တန်ဆာလောကကို လူအများစု နှခေါင်းရှုံလေ့ရှိပါတယ်။‌ငွေမတ်လွန်းတဲ့ အမျိုးသမီးတွေ မကောင်းတာ လုပ်တယ် လို့ ယူဆတက်ကြတယ်။


သို့သော် ဂျပန်အစီုးရရဲ့ စီးပွားရေးပေါ်လစီအလွဲတွေကြောင့် စီးပွားရေးကျဆင်းသွားတယ်။အဲအကျိုးဆက်က ဂျပန်တွေဟာ ဝင်ငွေနည်းနည်းနဲ့ ပိုပြီး အချိန်ပိုတွေ လုပ်ရတယ်။ သို့သော် အလုပ်တွေ အများကြီး လုပ်တာတောင် ဂျပန်အမျိုးသမီးအများစုသည် ဝင်ငွေနဲ့ ထွက်ငွေ မကာမိကြဘူး။

ဒီတော့ ပြည့်တန်ဆာလုပ်ငန်းဘက်ကို အချိန်ပိုင်းအလုပ်အနေနဲ့ ပြောင်းလာကြတယ်။


ဂျပန်စစ်တမ်းတခုအရဆို ငယ်ရွယ်တဲ့ ဂျပန်အမျိုးသမီးငယ် အယောက်(၂၀)မှာ တစ်ဦးနှုန်းက လိင်လုပ်ငန်းကို လုပ်ကိုင်ဖူးကြတယ် လို့ဆိုတယ်။


ဂျပန်အမျိုးသမီးအားလုံးကို မဆိုလိုဘူးနော်။


ငယ်ရွယ်တဲ့ အမျိုးသမီးငယ်လေးတွေကို စစ်တမ်းထုက်တာ။ ဆိုတော့ ဂျပန်က ‌ေကျာင်းစာသင်ခန်းတိုင်းမှာ လိင်လုပ်ငန်းလုပ်နေသူ တစ်ဦးရှိတယ် ဆိုတာပဲ။


လိင်လုပ်ငန်းနဲ့ ပြည့်တန်ဆာလုပ်ငန်းက 

မတူပါဘူး။ လိင်လုပ်ငန်းဆိုတာ ပြည့်တန်ဆာလုပ်ငန်းအပြင် တခြားကဏ္ဍပေါင်းစုံပါ ပါဝင်ပါတယ်။ ဉပမာ ပြောရရင် မြန်မာမှာဆို အခကြေးနဲ့ဘSex chat တာမျိုး၊ပုံတွေ၊ရုပ်သံတွေ ရောင်းစားတာမျိုကလည်း လိင်လုပ်ငန်းပဲ။


ဂျပန်နိုင်ငံမှာ လိင်လုပ်သားဦးရေ ပျမ်းမျ လူ(၃၉၀၀၀၀) ရှိပါတယ်။ လိင်လုပ်ငန်းပေါင်းက (၁၃၀၀၀)ကျော်ရှိပါတယ်။ရုပ်သံတခုအဆိုအရ ဂျပန်မှာ ဟမ်ဘာဂါဆိုင်ပေါင်း(၂၀၀၀)ကျော်သာ ရှိတာမို့ လိင်လုပ်ငန်းက (၆.၆)ဆ ပိုများတယ် လို့ ဆိုတယ်။


အလားတူ ဂျပန် Porn ရုပ်ရှင်လုပ်ငန်းကလည်း ကမ္ဘာဈေးကွက် ဝေစု အကြီးဆုံးကို ရရှိထားပါတယ်။

ဆိုတော့ ဂျပန်လူမျိုးသည် လိင်ကိစ္စကို နှစ်ခြုက်ကြတဲ့ သဘောလို့ ယူဆရမှာ ဖြစ်ပေမယ့် တကယ်တမ်းကျ လိင်လုပ်ငန်းဟာ တရားဝင် လုပ်ငန်း မဟုက်ပါဖူး။


ဒီကိစ္စနဲ့ ပါက်သက်ပြီး ဂျပန်အယူအဆက တမျိုးပါ။ အမျိုးသမီးလိင်အင်္ဂါနဲ့ မထိမချင် လိင်လုပ်ငန်းလုပ်တာ လို့ မသက်မှတ်ဘူး လို့ ဆိုတယ်။ ဆိုတော့ ဂျပန်မှာ လိင်ဆက်ဆံတာ မပါတဲ့ လိင်လုပ်ငန်းမျိုးစုံ ရှိပါတယ်။


မြန်မာမှာတော့ အမျိုးသမီးတစ်ဦးဆီမှာ ကွန်ဒုံးတွေ့ရင်ကို ပြည့်တန်ဆာအမှုနဲ့ ဖမ်းလို့ ရနေတာပါ။


ဆိုတော့ ဂျပန်မှာ လိင်လုပ်ငန်းကို ရှက်စရာကိစ္စအဖြစ် မသက်မှတ်ကြတော့ပဲ ပုံမှန်အလုပ်အဖြစ် လက်ခံလာကြတယ်။

ကနဦး စီးပွားရေးကျဆင်းမှုကြောင့် ဂျပန်အမျိုးသမီးတွေ ပိုပြီးဆင်းရဲအခတ်တွေ့လာပါတယ်။ 

စစ်တမ်းအရဆို ဂျပန်စီးပွားရေးကျဆင်းတော့ ဂျပန်အမျိုးသမီး(၃)ဦးမှာ တစ်ဉီး ဆင်းရဲပါတယ်။ Single Mather (၂)ဦးမှာ တစ်ဦးက ဆင်းရဲပါတယ်။

ဆိုတော့ ဂျပန်သည်ပင် ဆင်းရဲ‌မွဲတေမှု ဒုက္ခအများဆုံးတွေ့ရနိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ နေထိုင်စားသောက်စရိက်ကြီးမြင့်မှု နဲ့ ဝင်ငွေနည်းပါးတဲ့ အတွက် လိင်လုပ်ငန်းကို အချိန်ပိုင်းလုပ်လာသူ ပိုများလာပါတယ်။


အထူးသဖြင့် ကျောင်းသူလေးတွေပါ။

နယ်ကနေ ကျောင်းလာတက်တဲ့ ကျောင်းသူအများစုသည် ကြီးမြင့်လှတဲ့ ဂျပန်ကျောင်းစရိက်၊ကျူရှင်လခတွေကြောင့် ငွေကြေးအခတ်အခဲတွေ့လေ့ရှိတယ်။

စစ်တမ်းအရဆို ဂျပန်မှာ ကျောင်းသူမိဘ(၃၃)ရာခိုင်နှုန်းလောက်ကသာ ကျောင်းစရိက်ပြည့်ပြည့်ဝဝထောက်ပံနိုင်တယ် လို့ဆိုတယ်။


အများအားဖြင့် ပြင်ပ အချိန်ပိုင်းအလုပ်တွေ လုပ်ပြီး ကျောင်းစရိက်ရှာလေ့ရှိတယ်။

သို့သော် နယ်ကလာတဲ့ ကျောင်းသူတချို့ကတော့ ကျောင်းစရိက် အခတ်အခဲကြီးပါတယ်။ ဒီတော့ ငယ်ရွယ်ချောမောလှပတဲ့ ကျောင်းသူအများစုသည် လိင်လုပ်ငန်းကို အချိန်ပိုင်းလုပ်လာကြတယ်။


ငွေကို ပြည့်ပြည့်စုံစုံရှာနိုင်သလို လိုချင်တာလည်း ဝယ်လာနိုင်တယ်။ ဒီကျောင်းသူပြသာနာသည် ဉရောပမှာလည်း ထပ်တူ ကျပါတယ်။


ဆိုတော့ လိင်လုပ်ငန်းသည် ကျောင်းတက်ဖို့ ဝင်ငွေရှာဖွေတဲ့ လုပ်ငန်း ဖြစ်လာတယ်။

ဂျပန်လိင်လုပ်သူ(၄၀)ရာခိုင်နှုန်းသည် လိင်လုပ်ငန်းကို အချိန်ပိုင်းသာ လုပ်ကြတယ်။

ဂျပန်မှာ ဒီအလုပ်ကို Night Time Business woman လို့ သုံးကြတယ်။


ပြောရရင် ဂျပန် လိင် Culture က တမျိုးပါ။ ဂျပန်မှာ လိင်လုပ်ငန်းသည် နိုင်ငံခြားသားကို လက်မခံပါဘူး။ ရောဂါကူးမှာနဲ့ တခြားအခြေအနေတွေကြောင့်ပါ။ သို့သော် အခုနောက်ပိုင်းကာလတွေမှာ နိုင်ငံခြားသားတွေကိုပါ လက်ခံလာတာတွေ ရှိလာတယ်။

ဂျပန်မှာ လိင်လုပ်ငန်းသည် တရားဝင်ခွင့်ပြုထားတာ မရှိပေမယ့် ပြောထားသလိုပဲ အမျိုးသမီး Virginနဲ့ ဆက်ယှက်တာမျိုး မဟုက်မချင်း ပြည့်တန်ဆာအလုပ်လို့ မခေါ်ပါ။ သို့သော်လည်း Anal sex ကိုတော့ ရတဲ့ သဘော ဖြစ်နေတယ်။

ဆိုတော့ Virgin ကလွဲရင် ကျန်တာ အကုန်လုပ်လို့ရတဲ့ သဘော။ပြီးတော့ ဂျပန်တွေက အထိအတွေ့ကို ပိုဦးစားပေးပြီး ပြည်တန်ဆာတွေနဲ့ လိင်ဆက်ဆံတာထက် နှစ်ဦးစလုံး ဆန္ဒအထွက်အထိပ်ရောက်တာမျိုးကို ပြုလုပ်လေ့ရှိတယ်။

Sex ထက် အထိအတွေ့ကို ပိုဦးစားပေးတာမို့ ဂျပန်မှာ ကာမဆက်ယက်တာမဟုက်တဲ့ လိင်လုပ်ငန်းအများအပြားရှိပါတယ်။


နောက် စစ်တမ်းအရဆို ဂျပန်မှာ လိင်ကိစ္စကို သိပ်စိတ်မဝင်စားကြတော့ဖူး လို့ဆိုတယ်။ ဆိုတော့ ခလေးမွေးဖွားနှုန်းကျဆင်းပြီး အသက်ကြီးသူတွေ ပိုများလာတယ်။ ဒါက တိုင်းပြည်အနာဂါတ်နဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။

လူအိုများခြင်းသည် တိုင်းပြည်အတွက် စီးပွားရေးကျဆင်းစေတဲ့ သဘောပဲ။


နောက်ပြီး ထူးခြားတာက ဂျပန်လူငယ်များသည် အမျိုးသမီးတွေနဲ့ ချိန်းတွေ့တာ အရမ်းနည်းသွားတယ်။ ဂျပန်သည် အလုပ်မှ အလုပ်ဆိုတဲ့ အခြေအနေမျိုးကြုံနေရတာမို့ ဂျပန်အစီုးရက တစ်နှစ် မှာ (၁၀)ရက်ကျော် ထင်တယ်။ မဖြစ်မနေ အားလပ်ခွင့် ယူဖို့ အမိန့်ထုက်ထားတယ်။


နေထိုင်စရိက်ကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှု နဲ့အတူ ဂျပန်ယဉ်ကျေးမှုအရ ကုမ္ပဏီဖြစ်စေ စီနီယာကို ကျော်ပြီး ရာထူးတိုးခွင့် မရှိဘူး။


ဘယ်လောက်တော်တော်၊ထူးချွန်ထူးချွန် စီနီယာ ကို ကျော်ပြီး ရာထူးတက်တာ နည်းတယ်။ ဒါကြီးက အတော်ဆီုးတယ်။


နောက်တခုက ဂျပန်မှာ လိင်ကိစ္စကို အာရုံပြုမှု နည်းခြင်းက အမျိုးသမီးတွေ ပိုတော်၊ပိုထက်မြတ်လာလို့ပါပဲ။ ထက်မြတ်တဲ့ အမျိုးသမီးတွေ များလာတာမို့ အမျိုးသားတွေက သူတို့ကို ချိန်းတွေ့တာ၊ချစ်ရေးဆိုတာ နည်းလာတဲ့ သဘောပဲ။

ဒီတော့ အမျိုးသမီးတွေဟာ ချစ်သူကြင်ဖော်ရဖို့ Dating ကုမ္ပဏီတွေကို ပိုအားကိုးလာကြတယ်။


ဆိုတော့ လိင်ကိစ္စ အားနည်းသွားပြီး ဂျပန်မှာ အသက်(၄၀)အောက် အမျိုးသမီးလေးဦးမှာ(၁)‌ဦးသည် အပျိုစင် လို့ ဆိုပါတယ်။


ရီချင်စရာဆိုပေမယ့် အမှန်ပဲဗျ။ 

ယောင်္ကျားအများစုသည် သူတို့ထက် တော်တဲ့ ထက်မြတ်တဲ့ မိန်ခလေးတွေကို ချိန်း‌တွေ့လေ့မရှိဘူး။ မြန်မာမှာလည်း စာအရမ်းတော်တာ၊ရုပ်ရည်အရမ်းလှပတဲ့ မိန်းခလေးမျိုးဆို ယောင်္ကျားလေးတွေ လိုက်ပိုးတာ နည်းတယ်။


အများအားဖြင့် ငါတို့မှီနိုင်တဲ့ ပန်း မဟုက်ဘူးဆိုပြီး လက်လျော့ကြတာ။ ဆိုတော့ ရုပ်ဆီုးဆီုး ခြေသွက်တဲ့ကောင်တွေ၊လျှာရှည်တက်တဲ့ ကောင်တွေ လိုက်ပိုးကြပြီး အတွဲဖြစ်သွားလေ့ရှိတယ်။ မယုံရင် ရုပ်ရည်ချောမောလှပတဲ့ အမျိုးသမီးအများစုသည် ရုပ်ဆီုးတဲ့ ယောင်္ကျားတွေနဲ့ အိမ်ထောင်ကျလေ့ရှိတက်တယ်။


ဆိုတော့ တိုင်းပြည်မှာ ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးတွေ များလေလေ  အပျိုကြီး ဖြစ်နိုင်ခြေများလေလေပါ။


ယောင်္ကျားအများစုက သူတို့ကို ရှောင်ရှားလေ့ရှိပြီး သာမန်ရုပ်ရည်အမျိုးသမီးတွေက ပိုအိမ်ထောင်ကျ မြန်ပါတယ်။ 

စဉ်းစားစရာပါ။


လမ်းလွဲသွားပြီ။


ဂျပန်မှာ လူငယ်‌တွေ လိင်ကိစ္စ စိတ်မဝင်စား‌ကြတော့ လိင်ဈေးကွက်ကိုပါ အကျိုးသက်ရောက်လာတယ်။ ဂျပန်လိင်ဈေးကွက်သည် နိုင်ငံခြားသားလက်မခံပဲ ပြည်တွင်းဈေးကွက်သီးသန့်ပါ။ 


အခုနောက်ပိုင်း ဝင်ငွေနည်းလာတော့  နိုင်ငံခြားသားတွေကို လက်ခံလာကြတယ်။ အလားတူ Porn ရုပ်ရှင်ဈေးကွက်မှာလည်း  အမျိုးသမီးဦးရေ ပိုများပြီး အမျိုးသားသရုပ်ဆောင် နည်းပါတယ်။


ပျမ်းမျှ အမျိုးသမီးသရုပ်ဆောင်ဦးရေ (၃)သိန်းကျော် ရှိတယ်လို့ ဆိုပြီး အမျိုးသားနည်းတာမို့ သရုပ်ဆောင်လိုအပ်ချက် မြင့်ပါတယ်။ ဂျပန်ရုပ်ရှင်အများစုမှာ အမျိုးသားသရုပ်ဆောင်တွေကို မကြာခဏမြင်ရတာ ဒါကြောင့်ပါ။


ထိုအတူ ဉရောပ လိင်ဈေးကွက်သည်လည်း  ထိုနည်းတူစွာပဲ ရှိပါတယ်။ ဉရောပမှာလည်း ကျောင်းသူတွေ လိင်လုပ်ငန်းထဲ ဝင်ရောက်မှု အားကောင်းခဲ့ပါတယ်။


အဖွဲ့အစည်း တခုရဲ့ စစ်တမ်းအရဆို ဉရောပမှာ ရှိတဲ့ ကျောင်းသူပေါင်း(၄၅၀၀၀) ခန့်ဟာ အလွန်အမင်းဆင်းရဲမွဲတေစွာ နေထိုင်ကြရပါတယ်။ လူဦးရေ(၂၂၅၀၀၀)ခန့်ဟာ သူတို့ပညာသင်စရိက်အတွက် မနည်းရုန်းကန်နေရတယ် လို့ဆိုပါတယ်။


ဒီသဘောတွေအရ ကျောင်းသူလေးတွေဟာ လိင်လုပ်ငန်းကို ခြေဦးလှည့်ဖို့ ဖြစ်လာနေစေပါတယ်။


ဂျမဏီ၊ပြင်သစ်၊နယ်သာလန်၊ဟန်ဂရီတွေမှာ လိင်ဈေးကွက်ကြီး ရှိပါတယ်။ ကမ္ဘာအကြီးဆုံး လိင်လုပ်ငန်းအများစုသည် ဉရောပမှာ ရှိပြီး ဂျာမဏီမှာ အကြီးဆုံးလိင်ဈေးကွက်ရှိပါတယ်။

ဉရောပမှာ လိင်လုပ်ငန်းကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံတွေ ရှိသလို တရားမဝင်သက်မှတ်တဲ့ နိုင်ငံတွေ ရှိပါတယ်။ ဂျာမဏီတို့ နယ်သာလန်တို့က တရားဝင်ခွင့်ပြုထားပါတယ်။


ဉရောပ လိင်ဈေးကွက်မှာ လိင်လုပ်ငန်းလုပ်ကိုင်သူ (၇)သိန်းကနေ (၁.၂)သန်းကြားရှိမယ် လို့ ခန့်မှန်းထားကြပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ(၁၆.၃)ဘီလီယံ ရရှိနေပါတယ်။ စစ်တမ်းတခုအရ လိင်လုပ်ငန်း လုပ်သူတစ်ဦးဟာ တစ်ပါတ်ကို ဖောက်သည်(၂၅)ဦးခန့်နဲ့ ဆက်ဆံရပြီး တကြိမ်လျှင်  ယူရို(၇၈) ခန့် ရတယ် လို့ဆိုတယ်။


ဉရောပလိင်ဈေးကွက်ကိုလည်း အီးယူနိုင်ငံတွေထဲက အဆင်းရဲဆုံး နိုင်ငံတွေ ဖြစ်တဲ့ Romoniaနဲ့ Bulgarian နိုင်ငံသူတွေ အများဆုံး လုပ်ကိုင်ကြတယ် လို့ဆိုတယ်။


ဂျာမဏီနိုင်ငံ တခုထဲမှာကို လိင်လုပ်သား(၄)သိန်းကျော် တည်ရှိပြီး အင်္ဂလန်နဲ့ ဝေလ် နိုင်ငံတွေမှာ လိင်လုပ်သား(၈၀၀၀၀)ကြားရှိပါတယ်။ အဲထဲက (၃၂၀၀၀)သည် လန်ဒန်မှာ လုပ်ကိုင်နေကြတယ်။


ဖောက်သည်အများစုသည် ဗြိတိန်၊ပြင်သစ် နဲ့ အမေရိကန် နိုင်ငံသားတွေ ဖြစ်ပြီး ဉရောပနိုင်ငံအချို့က လမ်းတွေမှာ Red Light District အဖြစ် ဖန်တီးထားပါတယ်။

ဉရောပမှာ Borthel room အများစုသည် မီးနီရောင် ထွန်းလေ့ရှိတယ်။ ဂျာမဏီ နယ်စပ်တလျှောက်မှာ Borthel အများစု ဖွင့်လှစ်လေ့ရှိပြီး အခန်းဌားခက ပျမ်းမျ အမေရိကန် ငွေ(၈၉)ဒေါ်လာ ကျသင့်လေ့ရှိပြီး  ရုပ်ရှင်၊ချွေးထုက်ခန်း၊စားသောက်ဆိုင် နဲ့ အခန်းဌားခ အားလုံးပါဝင်ပါတယ်။

အဲမှာ လိင်လုပ်သားဌားရမ်းခက နာရီဝတ်ကို (၅၆)ဒေါ်လာခန့် ကျသင့်တယ်။


လိင်လုပ်ငန်းသည် စီးပွားရေးကျဆင်းမှုနဲ့ ဆက်စပ်လေ့ရှိပါတယ်။ ဉပမာ ဂရိနိုင်သည် ၂၀၁၂ တုန်းက စီးပွားရေးအလွန်အမင်းကျဆင်းပြီးနောက် သူနိုင်ငံမှာ လိင်လုပ်သားဈေးကွက်(၇)ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။


သို့သော် ဝယ်လိုအား ထက် ရောင်းလိုအား ပိုများတာကြောင့် လိင်ဈေးကွက် ဈေးကျဆင်းခဲ့ပြီး ၂၀၁၂တုန်းက နာရီဝက်(၄၁)ဒေါ်လာ ပေးရာကနေ ၂၀၁၇ ခုနှစ်မှာတော့ (၂၀)ဒေါ်လာခန့်သာ ကျတော့တယ် လို့ ဆိုတယ်။

ဉရောပရဲ့ ဘန်ကောက် လို့ တင်စားကြတဲ့ နေရာတခုလည်း ရှိပါတယ်။ဟန်ဂရီနိုင်ငံထဲမှာ ဖြစ်ပြီး လူကြိုက်များတဲ့ နေရာတခု ဖြစ်လို့နေပါတယ်။

ဉရောပမှာ နာမည်ကြီးတွေက Amsterdam ၊Hamburg နဲ့ ဇူးရစ် တို့လို့ မြို့တွေ ဖြစ်ပါတယ်။

သို့သော်လည်း Covidကြောင့် လိင်ဈေးကွက်အပေါ် အတိုင်းသာတခုထိ သက်ရောက်ခဲ့တယ်။


ထိုင်းလိင်ဈေးကွက်

အရှေ့တောင်အာရှရဲ့ အကြီးဆုံး လိင်ဈေးကွက် တည်ရှိရာ ထိုင်းနိုင်ငံသည်လည်း   ဒီကနေ ဝင်ငွေ အမြောက်အမြားရနေတာ တွေ့ရတယ်။ ပျမ်းမျ လိင်လုပ်သား(၂)သိန်းကနေ တစ်သန်းထိ ရှိပြီး ဘန်ကောက်နဲ့ ပတ္တရာ မှာ အများဆုံး တည်ရှိပါတယ်။


လိင်လုပ်သားအများစုသည် ကမ္ဘောဒီးယား၊လာအို၊မြန်မာ နဲ့ ထိုင်း အများစု ပါဝင်နေပါတယ်။ထူးခြားမှုတခုက ခလေးလိင်လုပ်သားဈေးကွက်ကြီး ရှိပြီး အမေရိကနဲ့ ဉရောပက သက်ကြီးအများစု လာပျော်ပါးလေ့ရှိပါတယ်။

ထိုင်းလိင်‌ဈေးကွက်ကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ(၆.၄)ဘီလီယံ ဝင်ငွေ ရှိပြီး ထိုင်း GDPရဲ့ (၃)ရာခိုင်နှုန်း ရှိပါတယ်။


ခလေးလိင်ဈေးကွက်ဆိုလို့ မြန်မာမှာလည်း ဒီဈေးကွက်က ရှိနေတာ ကြာပြီ။ စီးပွားရေးလုပ်ငန်းရှင်တွေက ဝယ်ယူနေတဲ့ ဈေးကွက် ဖြစ်ပြီး သတင်းတစ်ပုဒ်အရဆို မိခင်ကိုယ်တိုင်က လုပ်ငန်းရှင်တစ်ဦးထံ ကျပ်သိန်း(၅၀)ဝန်းကျင်လောက်နဲ့ ရောင်းချတယ် လို့ ဆိုတယ်။

ပြောရရင် Virgin Market ပေါ့။


ထိုင်းဈေးကွက်ကတော့ လူသိများပြီး လိင်လုပ်ငန်းပေါင်းစုံ ရှိပြီး ဝန်ဆောင်မှု ကောင်းတဲ့အတွက် နိုင်ငံတကာက လူကြိုက်များပါတယ်။ လိင်လုပ်သား တစ်ဦးကို  တစ်ညလျှင် ဒေါ်လာ(၁၀၀)ကနေ (၂၀၀)ကြား ရရှိလေ့ရှိကာ မြန်မာပေါက်ဈေးထက်တောင် ဈေးနှိမ့်ပါတယ်။


တရုတ်လိင်ဈေးကွက်

လူဦးရေ(၁.၄)ဘီလီယံကျော် ရှိတဲ့  တရုတ်နိုင်ငံမှာ လိင်လုပ်သား (၁၀)သန်းကျော် ရှိတယ် လို့ ဆိုတယ်။ UN report တခုအရတော့ ဦးရေ(၄)သန်းကနေ (၆)သန်းကြားရှိတယ် လို့ ဆိုပြန်တယ်။

အမျိုးသမီးဦးရေ နည်းပါးပြီး လိင်ကိစ္စကြိုက်တဲ့ သဘောအရ ဒီဦရေ ပမာဏဟာ နည်းတော့ မနည်းလှ။ တရုတ်လိင်လုပ်သားတွေဟာ တစ်ပါတ်ကို ပျမ်းမျ ဖောက်သည်(၃)ကြိမ်ရလေ့ရှိပြီး တလကို ယွမ်(၆၀၀၀)ကနေ (၁၈၀၀၀)ကြားရလေ့ရှိတယ်။ 

ယနေ့ခောတ်မှာတော့ တလကို အမေရိကန်ဒေါ်လာ(၈၀၀)ကနေ (၁၀၀၀၀)ကြား ရတက်ပါတယ်။ အများစုသည် ငယ်ရွယ်တဲ့ အမျိုးသမီးတွေ၊LGBT တွေ ဖြစ်ပြီး ပြည်တွင်းကို အထူးအားပြုတဲ့ သဘောပါပဲ။ လိင်ဈေးကွက် ဝင်ငွေက  ပျမ်းမျ အမေရိကန်ဒေါ်လာ(၄.၈)ဘီလီယံခန့်ရှိမယ်။


အိန္ဒိယလိင်လုပ်သား ဈေးကွက်


အိန္ဒိယနိုင်သည် လိင်လုပ်ငန်းကို တရားဝင်နည်းနည်း ခွင့်ပြုပေးထားတာတွေ့ရတယ်။ လိင်လုပ်သား(၈.၆၉)သိန်း ဦးရေရှိမယ် လို့ ဆိုပြီး  ငယ်ရွယ်သူတွေဆို တလကို (၁၀၀၀၀)ရူပီးကနေ (၁၅၀၀၀)ကြားရတက်လေ့ရှိပြီး အသက်ကြီး‌တွေကတော့ (၆၀၀၀)ရူပီးကနေ (၁၀၀၀၀)ရူပီးကြား ရတက်ပါတယ်။ တလကို လိင်လုပ်ငန်းကနေ အမေရိကန်ဒေါ်လာ(၁၁၆.၃)သန်းကျော် ရှိတာမို့ တစ်နှစ်ကို (၁၃)ဘီလီယံကျော် ရနေတဲ့ ဈေးကွက်ပဲဗျ။

အိန္ဒိယလူဦးရေသည် (၁.၃)ဘီလီယံ နီးပါးရှိပါတယ်။


မြန်မာလိင်ဈေးကွက်

မြန်မာနိုင်ငံဟာ ၂၀၁၃ခုနှစ် စစ်တမ်းအရ လိင်လုပ်သား(၆၆၀၀၀)ဦးရေရှိပြီး တစ်ရက်ကို ဒေါ်လာ(၆၀)ဝင်ငွေ ရှိပါတယ်။


အခုကာလဆို လိင်လုပ်သားဦးရေ(၁)သိန်းကျော်တော့မယ် လို့ ခန့်မှန်းရပြီး တစ်ညကို ခန့်မှန်းပျမ်းမျ ကျပ်(၁)သိန်းကနေ (၂)သိန်းကြား ဈေးရှိနေပါတယ်။

သို့သော်လည်း Brothel roomတွေမှာတော့  (၄၅)မီနစ်ကို ကျပ်(၂၀၀၀၀)ကနေ (၅၀၀၀၀)ကြားပေါက်ဈေးရှိနေတယ် လို့ ဆိုတယ်။

၂၀၂၀ ခုနှစ် ကိုဗစ်ကြောင့်လည်း Brothel room service စနစ် ထိခိုက်ခဲ့ရပြီး အွန်လိုင်းဈေးကွက် ကြီးစီုးလာပါတယ်။

အထူးသဖြင့် နာမည်ကြီး Model တွေရဲ့ အခကြေးနဲ့ ပြတဲ့ အွန်လိုင်းဈေးကွက်ရယ်၊အင်တာနတ်စနစ်တိုးတက်လာမှု၊Mobile Banking စနစ်တိုးတက်မှုကြောင့် ဝင်ငွေကောင်းလာခဲ့တယ်။


တချို့မော်ဒယ်တွေဆို သိန်းထောင်ချီတန် အိမ်တွေ ဝယ်ထားနိုင်တဲ့ အဆင့် ဖြစ်လာပါတယ်။ 

ဆိုတော့ မြန်မာမှာ လိင်လုပ်ငန်းတိုးတက်လာမှုသည် ပြည့်တန်ဆာလုပ်ငန်းသာမက တခြားလိင်လုပ်ငန်းတွေပါ ထူးထူးခြားခြားတိုးတက်လာနေပါတယ်။ Sex chat ခြင်း၊ရုပ်သံတင်ဆက်ခြင်း၊Nude မော်ဒယ်ကနေ ကြေညာဝင်ငွေ ကောင်းလာခြင်း၊လိင်ဆေးပစ္စည်း ဝယ်လိုအားကောင်းလာတာတွေ့ ရတယ်။

Tiktok လို နေရာမျိုးတွေ Facebook live တွေမှာ လိင်အသားပေးပုံစံနဲ့ ဈေးရောင်းတာတွေလည်း လိင်လုပ်ငန်းနဲ့ အကျုံးဝင်တယ် လို့ ဆိုချင်တာပဲ။


ဒါတွေပါ ထည့်ပေါင်းရင် အနည်းဆုံးလူဦးရေ (၁.၅)သိန်းလောက်သည် လိင်လုပ်ငန်းထဲ ပါဝင် ပါက်သက်နေကြတာ တွေ့ရတယ်။

ထိုအတူ ကျောင်းသူ၊ကုမ္ပဏီဝန်ထမ်းများရဲ့ အချိန်ပိုင်းလိင်လုပ်ငန်းကလည်း ကြီးထွားနေတာ ကြာပါပြီ။ နောက်ထူးခြားတာက လိင်ရုပ်ရှင်ဈေးကွက်ကလည်း အထူးတိုးတက်လာတာတွေ့ရတယ်။


ယနေ့ခောတ် နာမည်ကြီး လိင်ရုပ်ရှင် ရိုက်ကူးသူတွေရဲ့ ဇက်ကားရောင်းချမှုက‌နေ တလပျမ်းမျဝင်ငွေသည် ကျပ်သိန်း(၁၀၀)အထက် ရှိတာ တွေ့ရတယ်။


မြန်မာနိုင်ငံရဲ့ ပျမ်းမျှ လုပ်အားခသည် တလကို ကျပ်(၁၅၀၀၀၀)ကနေ (၁၈၀၀၀၀)ကြားသာ ရှိတာမို့ ခန့်မှန်းနိုင်တယ်။ နောက်ပြီး Marketing ကောင်းကောင်းနဲ့ အွန်လိုင်းမှာ ဖြန့်တဲ့ ရုပ်ရှင်ရိုက်ကူးသူများသည် တလ ပျမ်းမျ ကျပ်သိန်းရာကျော် ရနေပြီး ရိုက်ကူးမူကတော့ ဖုန်းနဲ့သာ ဖြစ်ပါတယ်။

အရည်အသွေးညံသော်လည်း ဝယ်လိုအားဈေးကွက် ကြီးထွားလာ‌တာ တွေ့ရတယ်။

ပျမ်းမျ အွန်လိုင်းသုံးသူများသည် ရုပ်ရှင်ကြည့်ရူရန် တလကို ကျပ်(၁၀၀၀၀)သုံးစွဲတာ တွေ့ရတယ်။


နောက်ပြီး မြန်မာမှာ ခောတ်စားမှုတခုက 

အဌားမယားစနစ် ဖြစ်ပြီး နိုင်ငံခြားသားတွေ အကြိုက်တွေ့ကြပါတယ်။ ပြီးတော့ တလင်တမယားဉပဒေ ထုက်ပြန်ပြီးနောက်ပိုင်း မယားငယ် ထားမှု ပိုတိုးလာတယ် ယူဆရတယ်။ အဌားမယားဝန်ဆောင်မှုကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊တရုတ်လုပ်ငန်းရှင်များက အကြိုက်တွေ့ကြပြီးဌားရမ်းခဈေးလည်း ကောင်းမွန်တာ တွေ့ရတယ်။


ကြားရတဲ့ သတင်းတွေအရ ဌားရမ်းခ ပျမ်းမျ ကျပ်သိန်း(၅၀)ကနေ (၁၀၀)ကြားရှိပြီး အိမ်ဌားရမ်းပေးခြင်း၊မုန့်ဖိုးပေးခြင်း နဲ့ ခရီးသွားခြင်းတို့ကလည်း လုပ်ငန်းရှင်တွေကပဲ ကျခံရတာပါ။


နောက်ပြီး နိုင်ငံခြားလိင်လုပ်သားဈေးကွက်သည်လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး စီးပွားရေးသမားအများစု ပျော်ပါးကြတာ တွေ့ရတယ်။


လိင်ဈေးကွက်သည် အထက်တန်းစား လူများကြားတွင် ဝယ်လိုအားကောင်းသော ဈေးကွက် ဖြစ်နေတာပါ။ ချမ်းသာလေလေ လိင်ကိစ္စနဲ့ မကင်းလေလေ တွေ့ရတယ်။


စာက ရှည်သွားပြီ။နောက်မှ ဆက်ရေးမယ်။

မကူးတင်ပါနဲ့။ မရှဲပါနဲ့။


တချို့အချက်အလတ်တွေက စာဖတ်သူတွေကို ဆီုးကျိုးဖြစ်ပေါ်စေနိုင်တာမို့ အကောင့်ထဲက မိက်ဆွေများ ဗဟုသုတအနေနဲ့ သိစေရန်သာပါ။


တွေးမိတွေးရာ

မောင်ချင်း

၁၂.၈.၂၀၂၁


ပုံကတော့ ဉရောပ Prostitution market ပါ။

Comments

Popular posts from this blog

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး