Posts

Showing posts with the label စီးပွားရေး

ကယ်တင်ရှင်အဖြစ် မာန်တက်လာကြမယ့် သူတွေ

Image
နိုင်ငံခြားကုမ္ပဏီတွေ ထွက်ခွာနေကြတာ၊ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်မလာတော့တာ မြင်ရတော့ လူငယ်တွေအတွက် တခု စိုးရိမ်မိသွားတယ်။ ဒါကတော့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ခရိုနီကြီးတွေက ငါတို့သည် ကယ်တင်ရှင် သူရဲကောင်းများသာ ဖြစ်သည် လို့ မာန်တက်သွားကြမှာကိုပဲ။ တစ်နှစ်ကို ပျမ်းမျ မြန်မာမှာ ဘွဲ့ရလူငယ် တစ်သိန်း‌ခွဲကျော် ထွက်ပါတယ်။ စစ်တမ်းတွေအရ နှစ်စဉ်အလုပ်အကိုင်အခွင့်အလမ်းက တစ်သိန်းဝန်းကျင် ရှိတယ်။ဒါက ဒီမိုကရေစီအစိုးရလက်ထက်မှာ ရရှိနေတဲ့ အချက်အလတ်ပါ။ ဆိုတော့ ဆယ်တန်းအောင်သူပါ ထပ်ပေါင်းရင် ပျမ်းမျှ တစ်နှစ်ကို အလုပ်အကိုင်အခွင့်အလမ်း နှစ်သိန်းလောက် လိုအပ်မယ် လို့ ယူဆရတယ်။ သို့သော် ဖွံဖြိုးတိုးတက်လာပါတယ် ဆိုတဲ့ NLD အစိုးရခောတ်မှာတောင် အလုပ်အကိုင် လိုအပ်ချက်က တစ်နှစ်ကို တစ်သိန်းကျော် လိုတယ်။ ဆိုတော့ အလုပ်လက်မဲ့ပြသာနာက မဖြေရှင်းနိုင်သေးဘူး။ ၂၀၁၃ ခုနှစ် နောက်ပိုင်း နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာတော့ လစာနှုန်းထားကောင်းလာတယ်။ တော်ရင် ထူးချွန်ရင် လစာကောင်းသလို အခြေခံဝန်ထမ်းချင်းတူတောင် နိုင်ငံခြားကုမ္ပဏီတွေမှာ လုပ်ရင် လစာကောင်းပြီး ရရှိတဲ့ အခွင့်အရေးကောင်းပါတယ်။ အဲမတိုင်မှီကာလတွေတုန်းက ပြည်တွင်း...

Mask ဈေးတက်ခြင်း ပြသာနာ

Image
Covid-19 ပထမလှိုင်းကာလကတည်းက သတင်းတွေ လိုက်မှတ်ဖူးတာမို့ ဒီသဘောကို နားလည်တယ်။ ဈေးကွက်သဘောအရဆို Supply and demand ပေါ့ဗျာ။ ပထမလှိုင်းမှာ Mask တခု (၅၀၀)ကျော်၊အခု(၅၀)ပါ တစ်ဘူးကို (၁၅၀၀၀)၊တချို့ဆို (၃၀၀၀၀)အထိ ဈေးတက်ခဲ့တယ်။ ဒုတိယလှိုင်းမှာတော့ နယ်စပ်ကနေ လှိုင်လှိုင်သွင်းခွင့် ပြုတာရယ် ရောင်းသူများလာတာရယ်ကြောင့် ဈေးဟာ (၁၅၀၀)ပါတ်ချာလည်ကနေ (၁၀၀၀)ဝန်းကျင်ပေါ့။ အခု တတိယလှိုင်းမှာ ကနဦးမို့ Mask ဈေးက မြင့်တက်နေမှာပဲ။ ဝယ်လိုအားရှိတာကို။ အခု ရန်ကုန်ပေါက်ဈေးက တစ်ဘူး ကျပ်(၂၀၀၀)ဝန်းကျင်၊နယ်မှာဆို (၂၅၀၀)ဝန်းကျင် ပေါက်တယ်။ ယင်းမတိုင်မှီကာလက တဘူး(၁၀၀၀)ပါပဲ။ သို့သော် အခုလူတွေ ပြောနေကြတာ Mask ဈေးတက်လာတယ် ဆိုတာပဲ သိကြတယ်။ နောက်က Supply က အဆင်မပြေတာ သိဖို့လိုပါတယ်။ သိတဲ့အတိုင်း မအလ စစ်ခွေးအုပ်စုသည် အဓိက ဖြစ်နေတဲ့ ပြသာနာကို ရှာဖွေမှာ မဟုတ်ပဲ ဈေးတက်ရင် ဈေးတက်သူကို လိုက်ဖမ်း ဆိုတာမျိုး လုပ်မယ့် အမျိုးတွေပါ။ ဆိုတော့ ဘာကြောင့် ဈေးတက်လာရလဲ တရုတ်နယ်စပ် ကုန်စည်ပို့ဆောင်မှု အခတ်အခဲကြောင့်ပါ။ တရုတ်က နယ်စပ်ကုန်သွယ်ရေးကို ပိက်ထားတာမို့ ကုန်အဝင် နည်းပါတယ်။ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ Mask အများစုသည် တရုတ်နို...

တရုတ်က ပြောတဲ့ သူ့တို့အကြောင်း

Image
တရုတ် ကွန်မြူနစ်ပါတီ နှစ်(၁၀၀)ပြည့်မှာ ရှီကျင့်ဖိန် က ပြောသွားတဲ့ အထဲမှာ တရုတ်ပြည်သူ တစ်ဦးချင်း ပျမ်းမျ ဝင်ငွေဟာ မြန်မာငွေနဲ့ တွက်ရင် ကျပ် သိန်း(၈၀)ကျော်ပါ။ ဒါက တနိုင်ငံလုံး လူဦးရေကို မျခြေတွက်ထားတာ။ တရုတ်နိုင်ငံ လူဦးရေသည် (၁.၄)ဘီလီယံကျော် ရှိပါတယ်။ မြန်မာတနိုင်ငံလုံးရဲ့ ပျမ်းမျ တစ်ဦးချင်း ဝင်ငွေသည် ကျပ် (၁၅)သိန်း ဝန်းကျင် ထင်ပါတယ်။ မြန်မာနိုင်ငံ လူဦးရေသည် (၅၄)သန်းနီးပါးပါ။ တရုတ်ပြည်သူ ဝင်ငွေသည် ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကထက် ၂၀၂၀  မှာ ဝင်ငွေ နှစ်ဆ တိုးလာတယ် လို့ ဆိုတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးအလုံးစုံတိုင်းတာမှုမှာ ကျပ် (၂၅၀)ထရီလီယံ‌ကျော် ရှိနေတယ် လို့ ဆိုတယ်။ တစ်ထရီလီယံသည် တစ်ထောင်ဘီလီယံနဲ့ ညီမျပါတယ်။ နှစ်ပေါင်း(၄၀)အတွင်း ဆင်းရဲနွမ်းပါးတဲ့ လူပေါင်း သန်း(၇၇၀)ကို လွှက်မြောက်စေနိုင်ခဲ့တယ် လို့ ဆိုပါတယ်။ တရုတ်မှာ လူပေါင်း(၁.၄)ဘီလီယံလောက်ကို ဝင်ငွေအတော်အသင့်ရှိတဲ့ အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့တယ် လို့ ဆိုတယ်။ နှစ်ပေါင်း(၆၀)အတွင်း အာရှဒေသမှာ အတိုးတက်ဆုံးနိုင်ငံတခုကနေ  အဆင်းရဲဆုံး နိုင်ငံအဖြစ် ပြောင်းလဲပေးတဲ့ မြန်မာ စစ်အစိုးရကို လေးစားမိတယ်။ အခုလည်း တစ်နှစ်အတွင်း နိုင်ငံလ...

အရှေ့တောင်အာရှရဲ့ အကြီးဆုံးလောင်းကစားမြို့တော်

Image
ပြီးခဲ့တဲ့ နှစ်တွေတုန်းက လောင်းကစား၊ ကာစီနိုတွေ ကိစ္စကြောင့် ဟော့ထွက်နေတဲ့ ရွှေကုက္ကူစီမံကိန်းဟာ တကြော့ပြန်ခေတ်စားလာနေတယ်။ လက်ရှိမှာလည်း ဈေးအကြီးဆုံး ကလပ်တွေ ကာစီနိုတွေ အွန်လိုင်းဂိမ်းတွေနဲ့ ပြန်နိုးထနေပြီ။ တည်ထောင်ဖို့ လုပ်နေသူတွေ လူသတ်မှု၊မှောင်ခို၊ငွေမည်းခဝါချမှုတွေနဲ့ နာမည်ကြီးတယ်။ လောလောဆယ် အမေရိကန်ဒေါ်လာ(၅၀၀)နီးပါး ရင်းနှီးမယ်။စီမံကိန်း ပြီးဖို့က ဒေါ်လာ(၁၅)ဘီလီယံလောက် ရင်းနှီးရမယ်။ MIC မှာ တင်ထားတာက အမေရိကန်ဒေါ်လာ(၁၈)သန်းကျော်နဲ့ အိမ်ခြံမြေဈေးကွက်ဖော်ဆောင်မယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီး အလုပ်ဖြစ်လာတဲ့ သဘော။ Yati city လို့ နာမည်ပေးထားတဲ့ ရွှေကုက္ကူ လောင်းကစားစီမံကိန်းကို မြန်မာနိုင်ငံရဲ့ Silicon valley လို့ ‌သမုက်ထားကြတယ်။ နည်းပညာပိုင်းဆိုင်ရာတွေ ပါမယ်။  စက်မှုမြို့တော်ပါ ဖြစ်သေး။ လောလောဆယ်တော့ ကာစီနိုလုပ်ငန်း၊အွန်လိုင်းလောင်းကစားလုပ်ငန်းနဲ့ ကလပ်တွေ လုပ်နေတယ်။ သူတို့က တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာပြည်ကို ဖြတ်ပြီး လာနိုင်သလို လာအို၊ထိုင်းကို ဖြတ်ပြီးလာရောက်နိုင်တယ် လို့ဆိုတယ်။ နိုင်ငံတကာက လူတွေ လာဖို့အတွက်လည်း ထိုင်းနိုင်ငံ မဲဆောက်လေဆ...

မူးယစ်ဆေးဝါးထုတ်လုပ်မှု စံချိန်တင်မယ့် နှစ်

နွှေဦးတော်လှန်ရေးကာလဦးတုန်းက ရေးခဲ့ဖူးတယ်။ မြန်မာမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုးလာလိမ့်မယ် ဆိုတာ။ မနေ့က US သံရုံးက ထုတ်ပြန်ထားတယ်။ မြန်မာဟာ ပဠိပက္ခတွေနဲ့အတူ မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုးလာပြီ လို့ ဆိုတယ်။ ခွေးအုပ်စုက မူးယစ်ဆေးဝါးတွေ ဖျက်ဆီးပြတယ်။  သို့သော် ပြီးခဲ့တဲ့ ရက်တွေတုန်းက သတင်းတွေ စောင့်ဖတ်မိသလောက် ရှမ်းအရှေ့နဲ့ တောင်ပိုင်းတွေမှာ မူးယစ်ဆေးဝါးမိတာ အတော်ကြီးများတယ်။ မန်းလေးအဝင်ဘက်မှာတောင် မိတာတွေ အချီကြီးတယ်။ သို့သော် သယ်ယူ့ပို့ဆောင်ရေးသတင်းတွေအရ ၊မြန်မာရဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု ဒေတာတွေအရ လွှက်သွားတာ အတော်များနိုင်တယ်။ မိသမျ ပုံအရ တနိုင်သယ်တဲ့ အဆင့်၊အထုတ်သေး အဆင့်မဟုတ်တော့ပဲ ကုန်တင်ယာဉ်ငယ်တွေနဲ့ အချီကြီး သယ်ကြတဲ့ သဘောတွေ့ရတယ်။ ရှမ်းအရှေ့မှာ မိတော့ ခွေးတွေ အတိုက်ခိုက်ခံလိုက်ရသေးတယ်။ အခုလို ကာလမှာ ပြည်သူစစ်တွေ ကိုယ်ဘက်ယိမ်းဖို့ ဒီအခွင့်အရေးတခု ပေးထားရပုံပဲ။ ဆိုတော့ နိုင်ငံရေးအခြေအနေ၊ Covid ကူးစတ်မှု အခြေအနေတွေအရ သယ်ယူပို့ဆောင်ရေး တအားကောင်းနေပုံပဲ။  မနှစ်တုန်းက without ကားပဲ သွင်းကြတဲ့ အခြေအနေကို ဒီအချိန်မှာ မတွေ့ရတော့။ လိုင်းကောင်းနေပြီ ထင်တယ်။ အဓိကလမ်းကြောင်းကတော့ ရန်...

မြန်မာ့စီးပွားရေးအချက်အလတ်

Image
အထည်ချုပ်ကဏ္ဍမှာ အဝယ်အများဆုံးက ဂျပန်ပါ။ နိုင်ငံတွေအရဆို ဉရောပ(EU)က အများဆုံးပေါ့။ ဆန်မှာဆို ဝယ်ယူမှု အများဆုံးက တရုတ်။ ဆန်ကွဲမှာဆို အများဆုံး ဝယ်တာ ဉရောပက ဘယ်လဂျီယံ။ မတ်ပဲ အဝယ်ဆုံးက အိန္ဒိယ ပဲဇင်းငုံကလည်း အိန္ဒိယက များပါတယ်။ ပဲတီစိမ်းကတော့ တရုတ်။ ကျောက်စိမ်း ဝယ်ယူမှု အများဆုံး တရုတ်။ ရင်းနှီးမြှုပ်နှံမှု အများဆုံးက စင်္ကာပူ။ တကယ်တမ်းက ဉရောပနဲ့ အမေရိကန်က ကုမ္ပဏီတွေ။ လျှပ်စစ်ကဏ္ဍမှာ အများဆုံးရင်းနှီးမြှုပ်နှံတာ တရုတ်နိုင်ငံ။ ကမ်းလွန်ရေနံတူးဖော်မှု အများဆုံးက ဉရောပနိုင်ငံတွေ။ အထည်ချုပ်လို့ နေရာမှာ ရင်းနှီးမြှုပ်နှံအလာများဆုံးက တရုတ်နိုင်ငံပဲ။ မြန်မာတွေ ကားဝယ်ယူမှု အများဆုံးက ဂျပန်နိုင်ငံ။ သကြားဝယ်ယူမူ အများဆုံး တရုတ် သကြား တင်သွင်းမှု အများဆုံး ထိုင်း ဘိလပ်မြေ တင်သွင်းမှု အများဆုံး ထိုင်း စားအုန်းဆီ တင်သွင်းမှု အများဆုံး မလေးရှား။ စက်သုံးဆီ အများဆုံး တင်သွင်းတာ စင်္ကာပူ။ အခုတော့ တရုတ် အများဆုံးထင်တယ်။ မြန်မာနဲ့ ငွေကြေးလွဲပြောင်းမှု အများဆုံးနိုင်ငံက စင်္ကာပူ။ အရက်တင်သွင်းတာ အများဆုံးပြုလုပ်တာ ထိုင်းနိုင်ငံ။ ဆေးဝါး တင်သွင်းမှု အများဆုံး ပြုလုပ်တာ အိန္ဒိယနိုင်ငံ။ စက်ပစ္စည်းတင်သ...

မြန်မာပြည်မှာ လုပ်ကိုင်သင့်တဲ့ လုပ်ငန်း(၁၅)ခု

Image
#မြန်မာပြည်မှာ #လုပ်ကိုင်သင့်တဲ့ #လုပ်ငန်း(၁၅)ခု ဖော်ပြထားတဲ့ လုပ်ငန်းတွေကို အွန်လိုင်းမှာ ဖက်ဖူးတဲ့ လုပ်ငန်း(၂၀) ဆိုတာကနေ ရရှိထားတာပါ။ အခုမှ စတင်ပြီး ဘာစီးပွားရေး လုပ်ရင် ကောင်းမလဲ စဉ်းစားနေသူတွေအတွက် အကြံကောင်းတခု ဖြစ်စေဖို့ ရည်ရွှယ်ပါတယ် ကိုယ်တိုင်လည်း လုပ်ချင်မိတဲ့ လုပ်ငန်းတွေပါ။အနှီမ့်ဆုံး ကျပ်(၅)သိန်းလောက်ကနေ စတင်နိင်ပါတယ်။ အများနဲ ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တာမို့ စားသုံးသူ နည်းမှာလည်း မပူရပါ။ သို့သော် ကိုယ်ဖက် ကောင်းမွန်နေဖို့ လိုပါတယ်။  ချက်ချင်းအောင်မြင်ရမယ် မဟုက်ပေမယ့် ကြိုးစားရင် ကြိုးစားတလောက် အကျိုးအမြတ်ရနိင်တဲ့ လုပ်ငန်းတွေပါ။ 1.Importation and  Exportation ပို့ကုန် သွင်းကုန် လုပ်ငန်းတွေက မြန်မာပြည်တွက် သိပ်မစီမ်းလှပါဖူး။ လုပ်နေကြ လုပ်နေမြဲ လုပ်ငန်းတွေပါ။ ဒါကြောင့် အခုမှ လုပ်ငန်း စတင်မယ့်သူတွေအနေနဲ ယဉ်ပြိုင်နိင်ဖို့ မလွယ်ဖူး ယူဆမိကြမှာပါ။ သို့သော် လက်ရှိ မြန်မာပို့ကုန် အများစုဟာ ကုန်ကြမ်းတွေပါ။ ကုန်ချောအနေနဲ ပို့နိင်မူ အားနည်းချိန်မှာ ဝင်သင့်ပါတယ်။ သွင်းကုန်းအများစုဟာလည်း အခြေခံအဆောက်အဦးတွက် ရည်ရွယ်တာတွေပါ။ လိုအပ်ချက်များနေတဲ့ နိင်ငံဖြစ်တဲ့ အပြင် လိုတာ အ...

#social punishment#Boycott

Image
#social punishment #Boycott ပြည်သူတွေ လုပ်နိုင်တဲ့ လက်နတ် လို့ ဆိုရင် social punishment နဲ့ boycott လုပ်ငန်းစဉ်တွေပဲ ဖြစ်တယ်။ အကြမ်းဖက် အဖွဲ့အစည်းတွေဟာ ၎င်းပိုင် လုပ်ငန်းတွေ၊ သားသမီးပိုင် စီးပွားရေးလုပ်ငန်းတွေ အများအပြားရှိပါတယ်။အထူးသဖြင့် ကိုကြီး ညီလေး ဆက်ဆံရေးနဲ့  တည်ဆောက်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ အများကြီးပါ။ မြန်မာ့စီးပွားရေးကဏ္ဍမှာ အကြီးစား လုပ်ငန်း(၁၀)ရာခိုင်နှုန်းသာ ရှိပါတယ်။ ကျန်(၉၀)ရာခိုင်နှုန်းက အသေးစား၊အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖြစ်တယ်။ အကြီးစားလုပ်ငန်း ထက်ဝတ်နီးပါးဟာ အစီုးရပိုင် လုပ်ငန်းတွေ၊ဖက်ဆက်လုပ်ငန်းတွေ ဖြစ်ပြီး အနည်းငယ်ကတော့ ပုဂ္ဂလိက လုပ်ငန်းတွေ ဖြစ်တယ်။ ဒီလို လုပ်ငန်းအများစုမှာ စစ်တပ်နဲ့ မကင်းတာတွေ ပါဝင်မှု များပြီး တပ်ထွက်တွေ၊အငြိမ်းစားတွေ နေရာယူထားတာ များပါတယ်။ လုပ်ငန်းအများစုလည်ပတ်နိုင်ဖို့ အကိုကြီး ညီလေး လမ်းစဉ်နဲ့ သွားပါတယ်။ ဒါအပြင် အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ သားသမီး ဆွေမျိုးတွေ ကိုင်ထားတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ ဒါတွေကို ရှာဖွေပြီး social punishment လုပ်လို့ ရသလို boycott လုပ်လို့ ရပါ...

ရိုက်ချိုးခံလိုက်ရတဲ့ တိုင်းပြည်စီးပွားရေး

Image
တိုင်းပြည်စီးပွားရေးကတော့ အညွန့်တက်ခါစ အရိုက်ချိုးခံရပြီမို့ ကောင်းလာစရာ လမ်းစ မမြင်တော့ပါ။ ပညာရှင်တွေကလည်း အသံတောင် မထွက်တာမို့ ကိုယ်သိသလောက် ချပြပါမယ်။ စီးပွားရေးကဏ္ဍကတော့ အနှိမ့်ဆုံးအဆင့်ရောက်သွားတာအမှန်ပါ။ စစ်တပ်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်ဟာ တိုင်းပြည်တိုးတက်မှုဟာ ချောက်ထဲ ကျစေတဲ့ ဖြစ်ရပ်ပဲ။ သူတို့က စီးပွားရေးပြန်ကောင်းအောင် ဖန်တီးပေးနိုင်မယ်လို့လည်း အယုံအကြည်မရှိပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မလာတော့ဖူး။ အထူးသဖြင့် အနောက်နိုင်ငံတွေဆီက ။ သူတို့ဟာ စင်္ကာပူကို အခြေတည်ပြီး လာကြတာ။ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က စပြီး စင်္ကာပူဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်ခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံအဖြစ် ၃ နှစ်ဆက် ရှိလာနေတာဟာ အနောက်နိုင်ငံကနေ လာကြတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ သတိပြုရမှာက မြန်မာနိုင်ငံက ပညာတက်လူငယ်တွေ အတော်များများကို လခကောင်းကောင်း ပေးထားတာဟာ အနောက် အခြေစိုက် ကုမ္ပဏီတွေပါ။ ၂၀၁၈ ခုနှစ်ကစပြီး ခြေလှမ်းကောင်းလာတဲ့ အနောက်ဘက် ခြေလှမ်းတွေဟာ စစ်တပ် အာဏာရှင်တွေကြောင့် တခန်းရပ်တော့မှာ ပါ။ ပြီးတော့ အဆင်မပြေရင် ဒီရောက်နေတဲ့ လုပ်ငန်းတွေတောင် ...

စစ်အာဏာသိမ်းမှု တစ်လအပြည့် မြန်မာ့အခြေအနေ

Image
ယနေ့ ၂၀၂၁ ခုနှစ် မတ်လ (၁)ရက်နေ့သည် စစ်အာဏာသိမ်းမှု တစ်လပြည့်သည့် နေ့ ဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြန်မာ့စီးပွားရေးမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကိုပင် ဖြေရခတ်နေသည်။ လုပ်ငန်းရှင်တစ်ဦး၏ အဆိုအရ ဖေဖော်ဝါရီလ တလအခြေအနေသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် တစ်နှစ်လုံး အခြေအနေထက် ဆီုးသည် ဟုသတည်း။ တိုင်းပြည်စီးပွားရေးကာ အနှိမ့်ဆုံး အဆင့် ရောက်သွားသည် ဟု ဆိုရမှာ ဖြစ်သလို ဆယ်စုနှစ်အတွင်း အကြပ်တည်းဆုံး အခြေအနေကို ရောက်ရှိသွားသည်မှာ ယုံမှားဖွယ် မရှိချေ။ အသိသာအထင်ရှားဆုံး အချက်မှာ ငွေကြေးလည်ပတ်မှု ရပ်ဆိုင်းသွားခြင်း ဖြစ်ပြီး ကျပ်ငွေ ကြပ်တည်းသလို နိုင်ငံခြားငွေကြေးပါ ရရှိနိုင်မှု ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးကဏ္ဍ ကျဆင်းသွားခဲ့သည်ကို တွေ့ရှိရပြီး ပြည်သူအများစုမှာလည်း ငွေကြေးသုံးစွဲမှု နည်းပါးသွားခြင်း ဖြစ်သည်။ လူငယ်လုပ်အားဖြင့် တိုင်းပြည်တည်ဆောက်ရန် ပြင်ဆင်နေသော မြန်မာနိုင်ငံအဖို့ လူငယ်အများစုမှာ စစ်အာဏာဖြုတ်ချရေးကို ဦးတည်ဆန္ဒပြနေကြသဖြင့် ပညာတက်အသိုင်းအဝိုင်း၏ စီးပွားရေးအင်ဂျင်မှာ ရပ်ဆိုင်းလုနီးပါးပင်။ တိုင်းပြည်မှာ အခြေခံအဆောက်အဦးတိုးတက်ရေးကို တည်ဆောက်နေချိန်မို့ အင်ဂျင်နီယာ လု...

မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု

Image
မြန်မာနိုင်ငံမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုသည် ၁၉၈၈ ကနေ လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ(၂၁)ဘီလီယံကျော် ရှိပါတယ်။ အများစုက ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ ထောက်ပံရေးဆိုင်ရာ လုပ်ငန်းတွေ ဖြစ်ပြီး စစ်အစီုးရခောတ် တလျှောက် ပိက်ဆို့ဒါဏ်ခံရတော့ တရုတ်က အောက်ဈေးတွေနဲ့ လာဝိုက်ဖို့ရန်  ရင်းနှီးမြှုပ်နှံခဲ့ကြတာ ဖြစ်တယ်။ ပြောရရင် သူတို့ရင်းနှီးမြှုပ်နှံမှုသည် မြန်မာစစ်အစီုးရကို ထောက်ပံပေးရန် အတွက်သာရယ်ပါ။ ပြီးခဲ့တဲ့ ၂၀၁၆ ကနေ NLD အစီုးရ လက်ထက် ငါးနှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ(၃.၅)ဘီလီယံပဲ ဝင်တယ်။ လာရောက်မှု အများစုက အစီုးရနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ နည်းသွားတယ်။ ထုတ်လုပ်ရေးအပိုင်းတွေ၊အကျိုးအမြတ်ရရှိနိုင်တဲ့ ဈေးကွက်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေကို ရောင်းဝယ်နိုင်တဲ့ လုပ်ငန်းကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံကြတာ များပါတယ်။ NLD အစီုးရ သတ်တမ်း ငါးနှစ်အတွင်း စင်္ကာပူနိုင်ငံဆီက ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ(၁၁.၃၅)ဘီလီယံကျော် ရှိပါတယ်။ စင်္ကာပူသည် ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မြန်မာအပေါ် ရင်းနှီးမြှုပ်နှံမှု အားကောင်းခဲ့တာ မှန်ပေမယ့် တကယ်တမ်းကျ အနောက်နိုင်ငံတွေက တဆင့်ခံ ရင်းနှီးမြှုပ်နှံမှု...

မြန်မာ့ ရာဘာဈေးကွက် အခြေအနေ

Image
ပြီးခဲ့တဲ့ နှစ်က သတင်း‌တွေ လိုက်ရင်း မြန်မာရာဘာဈေးကွက်အခြေအနေလေးကို တပိုင်းတစ သိလိုက်ရတယ်။ သတင်းရေးပြီးလို့ သိလာရတဲ့ အကြောင်းလေးတွေ မျဝေပါရစေ။ မြန်မာနိုင်ငံ ရာဘာဈေးကွက်ဟာ ခပ်ကျဉ်းကျဉ်း ပါ။ သို့သော် အတော် တိုင်ပတ်တဲ့ ဈေးကွက် တခုပဲ။ ပိုဆီုးတာက ကမ္ဘာမှာ အကောင်းစား ရာဘာထုတ်နေတဲ့ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်း ဖြစ်တော့ ဈေးကွက် ကမောက်ကမ အဖြစ်ဆုံးပဲ။ မြန်မာနိုင်ငံထွက် ရာဘာအများစုဟာ အရည်အသွေးကောင်းမွန်ခြင်း မရှိပဲ တင်ပို့ရောင်းချရင်လည်း ဈေးကောင်း ရရှိခြင်း မရှိပါဘူး။ အဓိကအချက် တနိုင်တပိုင် ရာဘာထုတ်ကြတာ များပြီး နည်းပညာနဲ့စနစ်တကျ ထုတ်လုပ်တာ နည်းတယ်။ ဆိုတော့ ထုတ်လုပ်မှုအရ အရည်အသွေးမကောင်းတာကြောင့် တင်ပို့နိုင်မှုက တရုတ်ဈေးကွက်ပဲ ရှိတယ်။ ကိုယ့်အရည်အသွေးကို အာမခံနိုင်ခြင်း မရှိတော့ ဈေးနှိမ်ခံရတာပေါ့။ တဖက် ထိုင်းနိုင်ငံကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရာဘာအရည်အသွေးကို ထိန်းထားတယ်။ စံနှုန်း တခု သတ်မှတ်ပြီး ရာဘာကို ထုတ်တော့ ဝယ်သူအနေနဲ့ ထိုင်းနိုင်ငံ ဘယ်နေရာကနေ ဝယ်ဝယ် ရာဘာအရည်အသွေး၊ဈေးနှုန်း အတူတူပဲ။ ပစ္စည်းတွက် အာမခံချက်ရှိတယ်။ အစီုးရကလည်း ထောက်ပံထားတော့ ကမ္ဘာမှာ အရည်အသွေးကောင်းတဲ့ ရာဘာထုတ်...

နိုင်ငံတကာ သူဌေးကြီးတွေရဲ့ လုပ်ကိုင်ပုံဟန်များ

Image
ELON MUSK ဟာ ကမ္ဘာအချမ်းသားဆုံး ဖြစ်တဲ့ Jeff Bezos  ကို မှီဖို့ အမေရိကန်ဒေါ်လာ(၃)ဘီလီယံသာ လိုတော့တယ် လို့ ဖတ်လိုက်ရတယ်။ လက်ရှိ Tesla ကားတွေ ထုတ်ရောင်းနေတဲ့ အခြေအနေအရ ကျော်တက်မယ့် ပုံပါ။ Bill gates ကိုတော့ ကျော်တက်ပြီး ကမ္ဘာမှာ ဒုတိယမြောက်အချမ်းသာဆုံး ဖြစ်နေပြီ။ ပြောရရင် ထိပ်သီး သုံးဦး‌လုံးဟာ နည်းပညာ အခြေပြုဆိုပေမယ့် လုပ်ငန်းတွေ ကွဲပါတယ်။ Jeffက amazon ကို ထောင်ပြီး ဖြန့်ချီရေးပိုင်းနဲ့  အောင်မြင်လာတာ။E-commerce သမားလို့ ပြောလို့ရတယ်။ ကိုဗစ်ကြောင့် ပိုချမ်းသာလာသလို ကွာရှင်းထားတဲ့ သူအမျိုးသမီးကို ဘီလီယံ(၃၀)လောက် ပေးရသည့်တိုင် အချမ်းသာဆုံး ဖြစ်နေဆဲပဲ။ Elon ကတော့ လျပ်စစ်ကား ထုတ်လုပ်ရေးနဲ့ ဂြိုလ်တုလွင့်တင်ရေးအပိုင်းကနေ ပိုချမ်းသာလာတာ။ သူရဲ့ လျပ်စစ်ကားတွေကြောင့် ကုမ္ပဏီ ရှယ်ယာဈေးတွေ မြင့်တက်လာနေပြီး တကယ်လည်း အရောင်းသွက်ပါတယ်။ တကယ်တမ်း သူလျပ်စစ်ကား စထုတ်တော့ ဒုက္ခတွေ အများကြီးပဲ။ အင်ဂျင်ပါဝါကြီးတဲ့ ကားကြီးတွေ ကြိုက်တဲ့ အမေရိကမှာ ခရီးမိုင်နည်းနည်းသွားဖို့ အားအကြာကြီးသွင်းရတဲ့ သူ့လျပ်စစ်ကားတွေ နာမည်ရဖို့ မလွယ်ပေမယ့် အခုတော့ ဉရောပနဲ့ အာရှဈေးကွက်မှာ နာမည်ရနေပြီ။ အခုချိန်မှာတော...

ပိုတိုးလာဖွယ် ရှိတဲ့ မူးယစ်လမ်းကြောင်းများ

Image
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကိုဗစ်ကြောင့် ဘိန်းဖြူ ပင်မဈေးကွက်တွေ ဖြစ်တဲ့ တရုတ်နဲ့ ထိုင်းကို တင်ပို့ရ ခတ်ခဲသွားတာမို့ မြန်မာက ဘိန်းစိုက်တောင်သူတွေ ဈေးကောင်းမရတော့ စိုက်ပျိုးမှု လျော့မယ် လို့ တွက်ဆခဲ့ကြတယ်။ သို့သော် ၂၀၂၀ ခုနှစ်အတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ ရလာဒ်တွေအရ ဘိန်းဖြူထက် WY လို စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမှု ပိုလာတယ်။ ထင်ရှားတဲ့ အချက်က  ထုတ်လုပ်တဲ့ စက်တွေ၊နေရာတွေဟာ အထင်ကရ ဖြစ်လာနေပြီး ပမာဏာ စံချိန်တင်မှုတွေနဲ့ ဖမ်းဆီးမိတာတွေ ရှိခဲ့တယ်။ ဆိုတော့ ရလာဒ်အရ ဘိန်းရာဇာတွေဟာ လုပ်ကိုင်ရ ကြာတဲ့ တဆင့်ချင်း သွားရတဲ့ ဘိန်းဖြူအစား ပေါပေါနဲ့ လွယ်လွယ်ရတဲ့ WY ဈေးကွက်ကို ပိုထုတ်လုပ်လာကြတယ်။ စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ မြန်မာပြည်တွင်း သုံးစွဲနေမှု တိုးတက်လာနေရုံမက ပြည်ပဝယ်လိုအားလည်း သိသိသာသာ ကောင်းလာတဲ့ အတွက် ဈေးကွက် ပိုကြီးလာတယ် လို့ ယူဆရမယ်။ ဘာကြောင့်ဆို ၂၀၂၀ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ လမ်းကြောင်းတွေဟာ ခိုးကြောင်ခိုးဝှတ်သယ်ရုံတင်မက ပေါ်ပေါ်ထင်ထင်ပါ သယ်နေတာတွေ ရှိလာတာ တွေ့ရတာမို့ ခန့်မှန်းပြောရရင် Drug traffic ဟာ အရမ်းကို များနေတယ်လို့ ယူဆရမှာပဲ။ လက်ရှိ အကြမ်းဖက်အဖွဲ...

အာဏာသိမ်းပြီး သုံးပါတ်အကြာ မြန်မာ့စီးပွားရေး

Image
လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေကို ပြောပြပါဆိုရင် ဇီးရိုးနားကို ရောက်သွားပြီလို့တောင် ဆိုရတော့မယ်။ လူတွေ အများစုသုံးစွဲနေတာဟာ စုဆောင်းငွေတွေ ဖြစ်တယ်။ ဘဏ်တွေမှာ မအပ်တာပဲ ပိုကောင်းလေလား ဆိုရမလိုလိုပါပဲ။ စစ်အာဏာသိမ်းမှုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ဖြစ်ခဲ့တယ်။ ကနဦး သုံးရက်ဟာ ဆန်ဆီဆား စုဆောင်းမှုက လွဲပြီး သိပ်မထူးခြားခဲ့ဘူး။ ‌လည်ပတ်နေတဲ့ လုပ်ငန်းတွေလည်း ကောင်းကောင်းလည်ပတ်တုန်းပဲ။ သို့သော် အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်မှု ခပ်စိပ်စိပ်ဖြစ်နေသည့်တိုင် စီးပွားရေးလုပ်ငန်းရှင်တွေ သိပ်မမှုသေးဘူး။ သို့သော် ဂယက်ရိုက်မှုက အပေါ်ကနေ စထိလာတယ်။ တကယ်တမ်းစီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ရှိလာတဲ့ နေ့ဟာ ဖေဖော်ဝါရီလ(၈)ရက်နေ့လို့ ဆိုရမယ်။  နိုင်ငံတဝှမ်း  စစ်အာဏာရှင်‌တွေ ကို ဆန့်ကျင် ဆန္ဒပြမှုတွေ တိုးလာတယ်။ ထို့အတူ လမ်းပေါ်သာမက စီးပွားရေးလုပ်ငန်းတွေက ဝန်ထမ်းတွေကိုပါ ဆွဲဆောင်သွားနိုင်ခဲ့တော့ စီးပွားရေးအပေါ် အလှုပ်အခတ် ဖြစ်လာတယ်။ စီးပွားရေးသမားတွေ စီုးရိမ်နေကြတာက နိုင်ငံတကာက ပိက်ဆို့မှုတွေရယ် နဲ့ ပြည်တွင်းက ဆန့်ကျင်မှုတွေ ဆုံမှာကိုရယ်ပါ။ သို့သော် သူတို့ ဆန္ဒမပြည့်ခဲ့ဘူး လို့ ဆိုရမယ်။...