Mask ဈေးတက်ခြင်း ပြသာနာ


Covid-19 ပထမလှိုင်းကာလကတည်းက သတင်းတွေ လိုက်မှတ်ဖူးတာမို့ ဒီသဘောကို နားလည်တယ်။

ဈေးကွက်သဘောအရဆို Supply and demand ပေါ့ဗျာ။

ပထမလှိုင်းမှာ Mask တခု (၅၀၀)ကျော်၊အခု(၅၀)ပါ တစ်ဘူးကို (၁၅၀၀၀)၊တချို့ဆို (၃၀၀၀၀)အထိ ဈေးတက်ခဲ့တယ်။
ဒုတိယလှိုင်းမှာတော့ နယ်စပ်ကနေ လှိုင်လှိုင်သွင်းခွင့် ပြုတာရယ် ရောင်းသူများလာတာရယ်ကြောင့် ဈေးဟာ (၁၅၀၀)ပါတ်ချာလည်ကနေ (၁၀၀၀)ဝန်းကျင်ပေါ့။

အခု တတိယလှိုင်းမှာ ကနဦးမို့ Mask ဈေးက မြင့်တက်နေမှာပဲ။ ဝယ်လိုအားရှိတာကို။
အခု ရန်ကုန်ပေါက်ဈေးက တစ်ဘူး ကျပ်(၂၀၀၀)ဝန်းကျင်၊နယ်မှာဆို (၂၅၀၀)ဝန်းကျင် ပေါက်တယ်။
ယင်းမတိုင်မှီကာလက တဘူး(၁၀၀၀)ပါပဲ။

သို့သော် အခုလူတွေ ပြောနေကြတာ Mask ဈေးတက်လာတယ် ဆိုတာပဲ သိကြတယ်။
နောက်က Supply က အဆင်မပြေတာ သိဖို့လိုပါတယ်။

သိတဲ့အတိုင်း မအလ စစ်ခွေးအုပ်စုသည် အဓိက ဖြစ်နေတဲ့ ပြသာနာကို ရှာဖွေမှာ မဟုတ်ပဲ ဈေးတက်ရင် ဈေးတက်သူကို လိုက်ဖမ်း ဆိုတာမျိုး လုပ်မယ့် အမျိုးတွေပါ။
ဆိုတော့ ဘာကြောင့် ဈေးတက်လာရလဲ
တရုတ်နယ်စပ် ကုန်စည်ပို့ဆောင်မှု အခတ်အခဲကြောင့်ပါ။ တရုတ်က နယ်စပ်ကုန်သွယ်ရေးကို ပိက်ထားတာမို့ ကုန်အဝင် နည်းပါတယ်။

မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ Mask အများစုသည် တရုတ်နိုင်ငံထုတ်တွေ ဖြစ်ပါတယ်။
နှစ်လွှာ၊သုံးလွှာ Maskတွေ ထုတ်ပြီး ရောင်းချတာပါ။ 

တတိယလှိုင်းကာလမှာတော့ တရုတ်ကနေ မြန်မာကို ကုန်စည်ပို့ဆောင်ဖို့ အခတ်အခဲရှိနေပါတယ်။

 Mask ဈေးမတက်စေချင်ရင် နယ်စပ်ကုန်သွယ်ရေးမှာ Mask ကို အဓိကထား ဝင်ခွင့်ပြုရင် အထိုက်အလျောက် လျော့ကျနိုင်ပါတယ်။

နောက်တခုက နိုင်ငံခြားငွေဈေးပါ။
အခုပေါက်ဈေးဟာ တစ်ဒေါ်လာကို ကျပ်(၁၆၅၀)နားရှိပါတယ်။
ဒုတိယလှိုင်းတုန်းက တစ်ဒေါ်လာကို ကျပ်(၁၃၀၀)ဝန်းကျင်ပါ။
ဆိုတော့ အရင်နဲ့ ယခု ကျပ်(၃၅၀)နီးပါး ကွာဟပါတယ်။
ဆိုတော့ မူရင်းစက်ရုံတွေဆီက Mask ဝယ်ဈေး နည်းနည်းတက်ပါတယ်။
ပြောရရင် တရုတ်ငွေဈေးတက်တယ်ပေါ့။

နောက်တခုက သယ်ယူပို့ဆောင်ရေးစရိက်ပါ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလတုန်းက သယ်ယူပို့ဆောင်ရာမှာ ကုန်တင်‌ယာဉ်မောင်းတွေ Covid-19ကြောက်လို့ ရပ်နားကြတဲ့အတွက် ဈေးတက်ခဲ့တယ်။
အခု တတိယလှိုင်းမှာကြတော့ ဆီဈေးမြင့်တက်တာရယ်၊ နယ်စပ် ကုန်စည်ပို့ဆောင်ရာမှာ ရက်ကြာပိက်ဆို့မှုတွေကြောင့် ကုန်စည်ပို့ဆောင်ခ ဈေးတက်လာတာရယ်ကြောင့်ပဲ။
ပြောရရင် ဆီဈေးနဲ့ သယ်ယူပို့ဆောင်ရေးစာရိက်တက်လာတယ်။

နောက်တခုက ကုန်သည်တွေ ဈေးတက်ခြင်းပဲ။ ဒုတိယလှိုင်းကာလတုန်းက Mask ဈေးကွက်ကို အလုအယက်ဝင်ရောက် ဝယ်ယူကြတာကြောင့် ဈေးကွက်ပျက်ပြီး အရှုံးပေါ်ခဲ့ကြတယ်။

အထူးသဖြင့် လှောင်ထားတဲ့ ကုန်သည်တွေ အတော်အရှုံးပေါ်ခဲ့ကြတယ်။
ဒီတော့ လက်ကျန်တွေကိုသာ တဖြေးဖြေးရောင်းနေကြတာ ဖြစ်ပြီး အသစ်ဝယ်လှောင်သူ နည်းတယ်။

ဆိုတော့ တတိယလှိုင်းမှာ လက်ကျန်နည်းတာ အကြောင်းပြပြီး ကုန်သည်တွေ ဈေးမြင့်လိုက်ကြတာပဲ။
ဒုတိယလှိုင်းတုန်းက အရှုံး မကျေသေးဖူး ထင်တယ်။ ဆိုတော့ လက်ကျန်နည်းတာရယ်၊နယ်စပ်က ရတာ နည်းတာ အကြောင်းပြ ဈေးတက်တာပဲ။

နောက်အရေးပါတဲ့ တချက်က ငွေထုတ်ယူရ ခတ်ခဲတဲ့ ပြသာနာပါ။ဘဏ်တွေက ငွေထုတ်ပေးနေတာ တော်တော်ဆီုးတဲ့ အခြေအနေကြောင့် ကုန်စည်ရောင်းဝယ်မှုအပေါ် ပြသာနာ ရှိလာတယ်။
ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလတုန်းက ငွေချေတဲ့ ပုံစံတွေက ဘဏ်စနစ်နဲ့ သွားတာပါ။Mobile banking စနစ်နဲ့ သွားတာ။

အခုက ဒီစနစ်ကို လက်မခံတော့တဲ့အတွက် လက်ငင်းငွေချေတဲ့ စနစ်ကို သွားတယ်။
ဘာကြောင့်လဲ ဘဏ်တွေက ငွေထုတ်ပေးမှု အခြေအနေ၊Mobile bankingကနေ ငွေထုက်ရင် ရာခိုင်နှုန်း ပေးရမှု တွေကြောင့်ပါပဲ။
နယ်စပ်မှာ တခြားနိုင်ငံက ကုန်သည်တွေကို Mobile Banking နဲ့ ငွေချေလို့ မရပါဘူး။
ရော့ ငွေ ရော့ ပစ္စည်းပါ။

ဆိုတော့ ဘဏ်ပြသာနာသည် ကူးသန်းရောင်းဝယ်ရေးအပေါ် ကြီးကြီးမားမား ပြသာနာရှိစေတယ်။

လုပ်ငန်းတွေကို တပါက် သိန်း(၂၀)ထုတ်ပေးနေတာက ဆင်ပါးစပ် နှမ်းဖြူးနေတာပဲ။ တစ်ရက် တစ်ရက် ကျပ်သိန်းပေါင်း သန်းပေါင်းများစွာ အလုပ်လြပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို တစ်ပါက် သိန်း(၂၀)ဆိုတာ ??

နောက်တခု အရှက်မရှိ အာဏာသိမ်းယူထားတဲ့ မအလ ခွေးအုပ်စုကြောင့်ပါပဲ။
ဒီလို ခွေးအုပ်စု ရှိနေတာကြောင့် ကုန်သွယ်ရေးတွေ၊ကုန်စည်တွေအပေါ် ဈေးနှုန်းတခု တက်စေတယ်။
ဘာကြောင့်လည်း ဆို မယုံကြည်ကြတဲ့အတွက်ပါပဲ။

နိုင်ငံတခုမှာ အစိုးရတရပ်ကို လူထုက ယုံကြည်ရင် ကုန်စည်တွေ၊ဖွံဖြိုးရေးကဏ္ဍတွေမှာ တပိုင်းတစ အကျဖြစ်စေတယ်။

ဆိုတော့ Mask ဈေးတက်ခြင်းသည် အဆိုပါကိစ္စရပ်တွေကြောင့်ပါပဲ။
ဒီအပြင် ကုန်စည် သယ်ယူပို့ဆောင်ရေးမှာ ဖြတ်သန်းလာတဲ့ လမ်းတိုင်းမှာ ခွေးတွေကို ငွေပေးရတဲ့ ပြသာနာ။

ဒီခွေးတွေကို ပေးရတဲ့ ငွေသည် ကုန်စည်အပေါ် ပြန်ခုနှိမ်ကြတာမို့ ဈေးတက်မူအပေါ် အကျိုးသက်ရောက်တာပဲ။

ပြီးတော့ လူတွေ လိုအပ်ချက်မြင့်တာကို အကြောင်းပြပြီး ဈေးတက်ကြလို့ပါပဲ။
ဒီပြသာနာကလည်း ပထမလှိုင်း၊ဒုတိယလှိုင်းကတည်းက ဖြစ်နေတဲ့ ပြသာနာပဲ။

မောင်ချင်း 
တွေးမိတွေးရာ
၄.၇.၂၀၂၁

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး