Posts

Showing posts from September 27, 2015

ရွေးကောက်ပွဲအတိုင်မှီ မြန်မာနိုင်ငံ၏ Global Competitiveness ရလဒ်များကျဆင်းလျှက်ရှိ

Image
World Economic Forum မှ ၂၀၁၅-၂၀၁၆ ခုနှစ်ရဲ့ Global Competitiveness Index   ကို ယခုအပတ်အတွင်း ကြေငြာခဲ့ပြီး မြန်မာနိုင်ငံဟာ ၁၄၄ နိုင်ငံအနက် အဆင့် ၁၃၄ မှာရပ်တည်လျှက်ရှိပါတယ်။ စိုးရိမ်စရာအကောင်းဆုံးကတော့ မြန်မာနိုင်ငံရဲ့ အခြေံခံအဆောက်အဦးအနေအထားနဲ့ နည်းပညာဖွံ့ဖြိုးမှူတွေဟာ အနိမ့်ဆုံးသတ်မှတ်မှူအနေနဲ့ စုစုပေါင်း ၇ရာခိုင်းနှူန်းမှာ ၂.၁ ရာခိုင်းနှူန်း နဲ့ ၂.၂ရာခိုင်နှူန်းဘဲရရှိထားတာပါ။ အခုလိုရွေးကောက်ပွဲနီးလာတဲ့ အချိန်မှာ ဒီလို အစီရင်ခံစာမျိုးပေါ်ထွက်လာတာဟာ နောင်တက်လာမယ့် အစိုးရအတွက် ဒီက ဏ္ဍ တွေကို တိုးတက်အောင်လုပ်ပေးရမယ်ဆိုတဲ့ စိန်ခေါ်မှူတစ်ရပ်အနေနဲ့ စောင့်ကြိုနေသလိုဖြစ်နေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာဆိုရင် ယခင်ထက် ၅ဆင့်မြင့်တက်ခဲ့ပြီး၊ လာအို နိုင်ငံမှာ ယခင် အဆင့်၁၀၀ မှ ယခု ၉၃ သို့ အပြိုင်အဆိုင်တက်ရောက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံဟာ ယခင်နှစ်ကထက် ၃ဆင့်ဘဲမြင့်တက်ခဲ့ပါတယ်။ ဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတာက အာဆီယံအဖွဲ့ဝင်နိုင်ငံကြိးတွေဟာ အပြိုင်အဆိုင်အဆင့်တွေတက်နေတဲ့အချိန်မှာ ထိုင်းနိုင်ငံဟာ အဆင့် ၃၁ ကိုကျသွားတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့အွန်လိုင်း အိမ်ခြံမြေအကျိုးဆောင်တစ်ခုဖြစ...

မြန်မာအီမ်ခြံမြေအနာဂါတ်ဆွေးနွေးပွဲ ကို ရန်ကုန် UMFCCIတွင် ရှေ့လ ကျင်းပမည်

Image
မြန်မာနိုင်ငံအနာဂတ်အိမ်ခြံမြေ ရေးရာကျွမ်းကျင်သူများနှင့် အိမ်ခြံမြေဆိုင်ရာ နားလည်တက်ကျွမ်းသူ များ မှ စုပေါင်းကာ မြန်မာနိုင်ငံအနာဂတ်အိမ်ခြံမြေရေးရာများကို ဆွေးနွေးတိုင်ပင်ဟောပြောကြမည် ဖြစ်သည့် မြန်မာ့အီမ်ခြံမြေဟောပြောပွဲကို လာမည့် အောက်တိုဘာ(၁၀)ရက်နေ့တွင် ရန်ကုန်မြို့ UMFCCIခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း House.com.mm မှ သတင်းထုက်ပြန် လိုက်သည်။ အဆိုပါဟောပြောပွဲတွင် ဟောပြောသူ ၃ ဦးနှင့်   အိမ်ခြံမြေကဏ္ဍ ဆိုင်ရာများမှ ၉ ဦး တို့ဟာ၎င်းတို့၏ အိမ်ခြံမြေနှင့်ပတ် သက်သောရှာဖွေမှုစစ်တမ်းများ၊ ဗဟုသုတများကို ဟောပြောဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ ဒီဟောပြောပွဲကြီးကနေ လတ်တလောအခြေအနေများအတွက် အရေးကြီးပြီး စိတ်ဝင်စားစရာကောင်းတဲ့ အဖြေများစွာပါဝင်မှာလည်းဖြစ်ကာ လတ်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ များကိုထည့်သွင်းသုံးသပ်ပြီး အနာဂတ်အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်း များနှင့် အိမ်ခြံ မြေရင်းနှီးမြုပ်နှံမှုဆိုင်ရာအခွင့်အရေးများကိုနာလည်းသိရှိစေရန်ဖြစ်ပါတယ် ဟု House.com.mm မှ ဟောပြောပွဲစီစဉ်သူနှင့် ဖိတ်ကြားဧည့်ခံသူ Managing Director Mr.BalajiRamaswami က ဆိုသည်။ မြန်မာအီမ်ခြံမြေဟေြာေ...

ယခုဘဏ္ဍာရေးနှစ် နိင်ငံတကာ ရင်းနှီးမြုပ်နှံမူ ဒေါ်လာခြောက်ဘီလီယံ ရရှိမည် ဟု ခန့်မှန်း

Image
မြန်မာနိင်ငံကို နိင်ငံတကာရင်းနှီးမြုပ်နှံမူ တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း(၆၀၀၀)ကျော်ဟု မျော်မှန်းထားကြပြီး လက်ရှိ သြဂုက်လအထိ သန်း(၃၀၀၀)ကျော် ရရှိထားပြီး ဖြစ်ကာ သီလဝါအထူးစီးပွားရေးဇုန်ဖွင့်ပြီးပါက ပို၍ ဝင်လာကြမည် ဟု ခန့်မှန်းထားကြကြောင်း DICAမှ ညွန်ကြားရေးမူးချူပ်ဖြစ်သူ ဦးအောင်နိင်ဦးက ပြောကြားသည်။ တချို့က ချက်ချင်းကြီး မဝင်လာပါဖူး။ လုပ်ငန်းအကြီးကြီးတွေဆိုတော့ တဖြေးဖြေး ဝင်လာနေပါတယ်။ ကာလတူ နှစ်နဲ နှိုင်းရင်တောင် ဒီနှစ်က ပိုများနေပါတယ်။ ဟု MIC၏ အတွင်းရေးမူး ဖြစ်သူ ဦးအောင်နိင်ဦးက ဆိုသည်။ ၂၀၁၅-၁၆ဘဏ္ဍာရေးနှစ်အတွင်း လက်ရှိ ကာလအချိန်ထိ အမေရိကန်ဒေါ်လာ သုံးဘီလီယံခန့် ဝင်ရောက်လာခဲ့ပြီး ဖြစ်ကာ မနှစ် ကာလတူနှင့် နှိုင်ယဉ်လျင် ယခု နှစ်က ပို၍ များနေကြောင်း၊ မကြာမှီ သီလဝါ အထူးစီးပွားရေးဇုန်ကိုလည်း ဖွင့်လစ်တော့မည် ဖြစ်ရာ နိင်ငံတကာ ရင်းနှီးမြုပ်နှံမူ ပိုမို တိုးမြင့်သွားဖွယ် ရှိနေသောကြောင့် ယခု ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၆)ဘီလီယံခန့် နိင်ငံတကာမှ ရင်းနှီးမြုပ်နှံမူ ပြုမည် ဟု ခန့်မှန်းထားကြောင်း ဦးအောင်နိင်ဦးက ဆိုသည်။ လက်ရှိ အစီုးရ သတ်တမ်းကာလ(၅)နှစ်အတွင်း နိင်ငံတကာ ရင်းနှီး မြုပ်နှံမူ တန...

အသေးစားအလတ်စားလုပ်ငန်းများ ရပ်တည်နိင်ရန် ဘဏ္ဍာရေးငွေကြေးရင်းနှီးမြုပ်နှံမူ လို

Image
ဘဏ်များမှ ချေးငွေရယူရန် လက်လှမ်းမီမှုမှာ မကြာခဏဖြစ်တည်နေသော အခက်အခဲ တစ်ခုဖြစ်ရာ မြန်မာအပါအဝင် အာရှနိုင်ငံများ၏ အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ (SME) အနေဖြင့် နိုင်ငံတကာလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန် ပုဂ္ဂလိက ဘဏ္ဍာငွေကြေး ရင်းနှီးမြုပ်နှံမှုများလိုအပ်ကြောင်း ADBက ထုတ်ပြန်လိုက်သော အစီရင်ခံစာသစ်က သတင်းထုက်ပြန်လိုက်သည်။ မြန်မာနိင်ငံတွင်လည်း အစီုးရက SME Lone များကို ချေးယူခွင့်ပြုသော်လည်း လုပ်ထုံးလုပ်နည်း အရကော ဆောင်ရွှက်မူ အနေအထားအရပါ လုပ်ငန်းရှင်အများအပြား ရယူနိင်ခြင်း မရှိသေးချေ။ ပုဂ္ဂလိက ဘဏ္ဍာငွေကြေး ရင်းနှီးမြုပ်နှံမှုရယ်၊ ငွေကြေးအရင်းအနှီးရရှိနိုင်မယ့် ရင်းမြစ်မျိုးစုံကို လက်လှမ်းမီဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိဖို့ရာ လိုအပ်ပါတယ်” ဟု ADB ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဌာန အကြီးတန်း အကြံပေး နိုရိတာကာ အာကာမဆု ကပြောကြားခဲ့သည်။ မတ်လ ၂၀၁၅ ခုနှစ်အထိ စာရင်းအရ မြန်မာနိုင်ငံတွင် SME ပေါင်း ၃၉,၀၀၀ ကျော်ရှိပြီး မှတ်ပုံတင်ထားသော ကုမ္ပဏီစုစုပေါင်း၏ ၈၇.၄% ရှိကာ ယင်းအရေအတွက်မှာ လွန်ခဲ့သော တစ်နှစ်ကထက် ၁.၁% တိုးတက်လာ ကြောင်း ဖော်ပြနေကာ ...

လာမည့်နှစ် လျပ်စစ်စီမံကိန်း(၁၇)ခု ကို စတင်မည် ဖြစ်ပြီး ၂၀၃၀ခုနှစ်တွင် ရာနူန်းပြည့် မီးရရှိရန် ရည်မှန်း

Image
မြန်မာနိင်ငံ လျှစ်စစ်ဓါတ်အားလုပ်ငန်းများ ဖွံးဖြိုးတိုးတက်ရေးတွက် နိင်ငံတကာမှ ရင်းနှီးမြုပ်နှံမူများကို ဖိက်ခေါ်နေပြီး လက်ရှိတွင် စီမံကိန်း(၁၇)ခုကို စတင်ရန် ပြင်ဆင်နေပြီး နိင်ငံတဝှမ်း လုံး ၂၀၃၀ပြည့်နှစ်တွက် ရာနူန်းပြည့် လျှစ်စစ်မီးရရှိရန် ဆောင်ရွှက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့သည်။ အစီုးရအနေနဲ လျှစ်စစ်ကဏ္ဍာကို ဦးစားပေး လုပ်ဆောင်နေတာ ဖြစ်ပြီး နိင်ငံတကာက ရင်းနှီးမြုပ်နှံသူတွေကိုပါ ဖိက်ခေါ်ပါတယ်။ ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။ မြန်မာနိင်ငံ လျှစ်စစ်စွမ်းအင် မစတာစီမံကိန်းကို ဆောင်ရွှက်လျက် ရှိနေပြီး ၂၀၃၀ခုနှစ်အရောက်တွင် နိင်ငံ၏ (၁၀၀)ရာခိုင်နူန်း လျှစ်စစ်မီး ရရှိရန် မျော်မှန်းထားပြီး ၂၀၁၆ ခုနှစ်တွင် လျှစ်စစ် စီမံကိန်း(၁၇) ခုကို အကောင်အထည် ဖော်မည် ဖြစ်တလို ၂၀၁၃ခုနှစ် နှင့် ၂၀၁၄ခုနှစ်တို့တွင် စီမံကိန်း (၁၀)ခုကို ပြီးစီးထားပြီး ဖြစ်ကြောင်း၊ နိင်ငံတဝှမ်းရှိ လျစ်စစ်စီမံကိန်း စုစုပေါင်း(၈၇)ခုမှ လျစ်စစ် မဂ္ဂဝပ် ပေါင်း(၅၄၆၀၈) MW ကို တနိင်ငံလုံးကို ဖြန့်ဝေပေးနိင်မည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုထားသည်။ မြန်မာအစီုးရအနေနှင့် လျစ်စစ်စီမံကိန်းများအတွက် ...