ထိပ်တန်းဓာတုဗေဒကုပ္မဏီ ဖြစ်သော BASF ရန်ကုန်ရုံးခွဲဖွင့်လစ်





ဓာတုဗေဒပစ္စည်း ထိပ်တန်းကုပ္မဏီ ဖြစ်သော BASF ကုပ္မဏီသည် မြန်မာစီးပွားရေးအလားအလာကောင်းမွန်နေမူနှင့် စီးပွားရေးလုပ်ငန်းများ၏ ဓာတုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိင်ရန် ရည်ရွှယ်လျက် ရန်ကုန်ရုံးခွဲကို ဖွင့်လစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုက်ပြန်လိုက်သည်။
အဆိုပါရုံးခွဲကို မြန်မာနိင်ငံလုံးကို ဓာတုဗေဒပစ္စည်းများ ဖြန်ချီရန်အတွက် ရည်ရွှယ်ဖွင့်လစ်ခြင်းဖြစ်ပြီး ပြည်တွင်းပစ္စည်းဖြန့်ချီရေးလုပ်ငန်းများမှ တဆင့် ဖြန်ချီသွားမည် ဖြစ်ပြီး ထိုင်း၊ဗီယက်နမ်၊ ကဗ္ဘာဒီယားနှင့် လာအိုတို့တွင်လည်း အခြေစိုက်ထားသည်။
စီးပွားရေး လုပ်ငန်းတွေ တိုးချဲဆောင်ရွှက်ရာမှာ လိုအပ်ချက်မြင့်တက်လာမယ့် ဓာတုဗေဒ ထုက်ကုန်တွေကို ဖြည့်ဆည်းပေးနိင်ဖို့အတွက် မြန်မာနိင်ငံမှာ ဖွင့်လစ်ထားတဲ့ ရုံးခွဲက ပံပိုးပေးနိင်ဖို့ ရည်ရွှယ်ထားတယ် ဟု ထိုင်း၊ဗီယက်နမ်၊ကဗ္ဘာဒီယား၊လာအို နှင့် မြန်မာနိင်ငံဆိုင်ရာ ဈေးကွက်များကို တာဝန်ယူ လုပ်ကိုင်နေသည် BASF လုပ်ငန်းစု၏ အမူဆောင်ဒါရိုက်တာ Mr.Boonchai Opas-iam- likit က ပြောကြားခဲ့သည်။
တိုးတက်လာနေသော မြန်မာနိင်ငံမြို့ပြနှင့် စီးပွားရေးလုပ်ငန်းများကို ပံပိုးပေးနိင်ရန် ၊ကြုံတွေရမည့် စိမ်ခေါ်မူများကို အတူတကွ ပူးပေါင်းဖြေရှင်းနိင်ရန် BASF ကုပ္မဏီမှ ကုန်ပစ္စည်းဖြန်းဖြူးသူများမှ တဆင့် စားသောက်ကုန်များတွင် ပါဝင်ရမည့် ဗီတာမင်နှင့် အဟာရဓါက်များကို ဖြည့်စွက်ပံပိုးခြင်း၊ဘီလပ်မြေ ထုက်လုပ်ရာတွင် ပေါင်းစပ်ပါဝင်ရမည့် ဓါတုပစ္စည်းများကို ဖြန့်ဖြူးပေးခြင်းအပြင် သီးနှံများတွင် ကျရောက်သည့် ရောဂါပိုးမွားများကို ကာကွယ်နိင်ရန်၊ပိုးသတ်ဆေးများ နှင့် ပေါင်းသက်ဆေးများ၊ သတ္တုတွင်းလုပ်ငန်းသုံး ဓာတုဗေဒပစ္စည်း  နှင့် ရေသန့်စင်ရာတွင် အသုံးပြုသည့် ဓာတုပ္စည်းများကိုလည်း လွန်ခဲ့သော ငါးနှစ်ခန့်မှ စ၍ ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ကာ ရန်ကုန်တွင် ဖွင့်လစ်ခဲ့သည့် ရုံးခွဲက ပြည်တွင်း လိုအပ်ချက်များကို တိုက်ရိုက်စီမံခန့်ခွဲပေးမည် ဖြစ်ကြောင်း သတင်းထုက်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ပေါင်း ၁၅၀ကျော် သတ်တမ်းရှိသည့် ကုပ္မဏီ တခု ဖြစ်သော BASF ကုပ္မဏီသည်  ဓာတုဗေဒပစ္စည်း အမျီုးမျီုး၊ စိုက်ပျိုးသီးနှံများကို ကာကွယ်ပေးနိင်မည့် ဓာတုပစ္စည်း အမျိုးမျီုး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းသုံး ဓာတု ပစ္စည်း အမျိုးမျီုးတို့ကို ပံပိုးပေးနိင်ရန် အတွက် ထုက်လုပ်နေသည့် ထိပ်တန်း ကုပ္မဏီ တခု ဖြစ်သည့်အပြင် ရေရှည်ဖွံးဖြိုးတိုးတက်မူ ကို အခြေခံပြီး ဓာတုဗေဒထုက်ကုန်အသစ်များကို တီထွင် ထုက်လုပ်သွားမည်ဖြစ် တလို ၂၀၁၄ခုနှစ်က လည်း ကမ္ဘာဈေးကွက်တွင် ထုက်ကုန်ပစ္စည်းရောင်းအား သည် ယူရို ၇၄ ဘီလီယံ ရှိခဲ့ကာ ဝန်ထမ်းဦးရေ ၁၁၃၀၀၀ ဖြင့် လည်ပတ်ဆောင်ရွှက်နေသော ကုပ္မဏီ တခု ဖြစ်တလို စတော့ဈေးကွက်တွင်လည်း ရှယ်ယာများကို ရောင်းချထားသည် ဟု သတင်းထုက်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။
မြန်မာနိင်ငံစီးပွားအခန်းကဏ္ဍ ပိုမိုဖွံးဖြိုးတိုးတက်လာသည်နှင့် အမျ ပြည်တွင်း၌ ဓာတုဗေဒထုက်ကုန် လိုအပ်ချက် ပိုမို များပြားလာနေမူ နှင့် ဈေးကွက်အတွင်း အရည်အသွေးကောင်းမွန်ပြီး ကြာရှည်အသုံးပြုနိင်သည့် ထုက်ကုန်များကို ဖြန့်ဖြူးရောင်းချနိင်ရန် ရည်ရွှယ်လျက် ဖွင့်လစ်လိုက်ခြင်း ဖြစ်ကြောင်း BASFကုပ္မဏီက ထုက်ပြန်ထားသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး