ရွေးကောက်ပွဲအတိုင်မှီ မြန်မာနိုင်ငံ၏ Global Competitiveness ရလဒ်များကျဆင်းလျှက်ရှိ
World
Economic Forum မှ ၂၀၁၅-၂၀၁၆ ခုနှစ်ရဲ့ Global Competitiveness Index ကို ယခုအပတ်အတွင်း ကြေငြာခဲ့ပြီး မြန်မာနိုင်ငံဟာ
၁၄၄ နိုင်ငံအနက် အဆင့် ၁၃၄ မှာရပ်တည်လျှက်ရှိပါတယ်။ စိုးရိမ်စရာအကောင်းဆုံးကတော့ မြန်မာနိုင်ငံရဲ့
အခြေံခံအဆောက်အဦးအနေအထားနဲ့ နည်းပညာဖွံ့ဖြိုးမှူတွေဟာ အနိမ့်ဆုံးသတ်မှတ်မှူအနေနဲ့
စုစုပေါင်း ၇ရာခိုင်းနှူန်းမှာ ၂.၁ ရာခိုင်းနှူန်း နဲ့ ၂.၂ရာခိုင်နှူန်းဘဲရရှိထားတာပါ။
အခုလိုရွေးကောက်ပွဲနီးလာတဲ့ အချိန်မှာ ဒီလို အစီရင်ခံစာမျိုးပေါ်ထွက်လာတာဟာ နောင်တက်လာမယ့်
အစိုးရအတွက် ဒီကဏ္ဍတွေကို တိုးတက်အောင်လုပ်ပေးရမယ်ဆိုတဲ့ စိန်ခေါ်မှူတစ်ရပ်အနေနဲ့ စောင့်ကြိုနေသလိုဖြစ်နေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာဆိုရင် ယခင်ထက် ၅ဆင့်မြင့်တက်ခဲ့ပြီး၊ လာအို နိုင်ငံမှာ
ယခင် အဆင့်၁၀၀ မှ ယခု ၉၃ သို့ အပြိုင်အဆိုင်တက်ရောက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံဟာ
ယခင်နှစ်ကထက် ၃ဆင့်ဘဲမြင့်တက်ခဲ့ပါတယ်။ ဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတာက အာဆီယံအဖွဲ့ဝင်နိုင်ငံကြိးတွေဟာ
အပြိုင်အဆိုင်အဆင့်တွေတက်နေတဲ့အချိန်မှာ ထိုင်းနိုင်ငံဟာ အဆင့် ၃၁ ကိုကျသွားတာကိုတွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့အွန်လိုင်း
အိမ်ခြံမြေအကျိုးဆောင်တစ်ခုဖြစ်တဲ့ House.com.mm မှ Balaji Ramaswami ကတော့ “ ကမ္ဘာ့ဈေးကွက်ကိုလိုက်မှီဖို့အတွက်
မြန်မာနိုင်ငံအနေနဲ့ တော်တော်လေးကိုကြိုးစားဖို့လိုနေသေးတယ်ဆိုတာကို ဒီ Report ကပြနေပါတယ်။
မြန်မာနိုင်ငံဟာ အခုလောလောဆယ်မှ ဖွံ့ဖြိုးမှူအရှိန်အဟုန်ကိုစမြှင့်နေတုန်းဘဲရှိပါသေးတယ်။
ရွေးကောက်ပွဲပြီးသွားလို့ တက်လာမယ့်အစိုးရသစ်အနေနဲ့လဲ မြန်မာနိုင်ငံရဲ့အခြေခံဖွံ့ဖြိုးမှူကို
အဓိကထားပြီးလုပ်ဆောင်သွားဖို့လိုပြီး ဒါမှသာနောက်ခြေလှမ်းတစ်ခုဖြစ်တဲ့ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်တွေများများရနိုင်ဖို့အတွက်
ဖွံ့ဖြိုးတိုးတက်မှူတွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါမှသာလဲ အခြားနိုင်ငံတွေနဲ့ ပြိုင်ဆိုင်နိုင်ပြီး
ထုတ်ကုန်စွမ်းအားတွေလဲပိုတက်လာမှာဖြစ်ပါတယ်။” ဆိုပြီး သူ့ရဲ့အမြင်ကို ပြောကြားသွားပါတယ်။
“ မြန်မာနိုင်ငံဟာ Publiic Sector နဲ့ Private Institution ကိုအဓိကထားနေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။
နိုင်ငံကိုဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင်တော့ နိုင်ငံရဲ့အခြေခံအဆောက်အဦးတွေကို မြှင့်တင်ဖို့နဲ့
နိုင်ငံရဲ့ Macroeconomic ကိုလည်းတည်ငြိမ်အောင်ထားဖို့အရေးကြီးပါတယ်။ ဒီလိုတွေဆောင်ရွက်ဖို့ဆိုတာဟာလည်း
မကြာမီလာမယ့် ရွေးကောက်ပွဲရလဒ်ပေါ်မှာ အများကြီးမူတည်နေပါတယ်။” လို့လည်း ဆက်ပြောသွားပါတယ်။
အိမ်ခြံမြေဈေးကွက်တင်သာမက
အခြားသော လုပ်ငန်းများဟာလည်း မြန်မာနိုင်ရဲ့ ဘယ်လိုဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာအပေါ်မူတည်နေပါတယ်။
နိုင်ငံရဲ့အခြေအနေကိုသေချာနားလည်ထားမှသာ နိုင်ငံတော်အားတိုးတက်အောင်ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
Global Competetiveness Index သည် စီးပွားရေးအတွက်အခြေခံအချက်အလက်များကို ဖော်ထုတ်ပေးပြီး
ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေး နှင့် ကုန်ဈေးနှူန်းမြင့်တက်မှူများ၊ နိုင်ငံတော်လုံခြုရေး
တို့အား ထည့်သွင်းစဉ်းစားပေးနိုင်ရန်အတွက် အထောက်အကူပြုလျှက်ရှိသည်။
Comments
Post a Comment