IRI ၏ စစ်တမ်းအရ စီးပွားရေးမှုဝါဒအပေါ် စီုးရီမ်မှု မြင့်တက်နေပြီး ယုံကြည်မူ ကျဆင်း





၂၀၁၇ ခုနှစ်အတွက် IRIမှ ကောက်ခံထားသော ပြည်သူလူထု စစ်တမ်းအရ အစီုးရ၏ မူဝါဒရေးရာများဆောင်ရွှက်ရာတွင် စီးပွားရေးရာ ပြသာနာများအပေါ် ဖြေရှင်းစေလိုသည့် အချက်က ဦးဆောင်နေပြီး ယုံကြည်မှုမှာလည်း သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါစစ်တမ်းအရ ၂၀၁၇ခုနှစ် ဧပြီလ စစ်တမ်းတွင် အစီုးရ၏ မှုဝါဒများအပေါ် အကောင်းမြင်မူမှာ (၇၅) ရာခိုင်နူန်းအထိ ရှိနေသော်လည်း  ဖေဖော်ဝါရီလ(၁၄)ရက် စစ်တမ်းက (၈၈)ရာခိုင်နူန်းအထိ ရှိနေခဲ့ကြောင်း၊ အစီုးရ မှုဝါဒအပေါ် စီုးရိမ်မှုမှာ ယခင်စစ်တမ်းက (၆)ရာခိုင်နူန်းသာ ရှိသော်လည်း ဧပြီလစစ်တမ်းတွင် (၁၆)ရာခိုင်နူန်းအထိ တိုးတက်လာခဲ့သည် ဟု ဖော်ပြထားသည်။

အစီုးရ၏ လုပ်ဆောင်ချက်များအပေါ် အကောင်းမြင်ရာတွင် အခြေခံအဆောက်အဦးတည်ဆောက်မှုတို့ အပေါ် (၄၀)ရာခိုင်နူန်း၊စီးပွားရေးဆောင်ရွှက်မှု အပေါ် (၁၈)ရာခိုင်နူန်း၊လုံခြုံမူနှင့် တည်ငြိမ်မှုတို့ အပေါ်(၁၀)ရာခိုင်နူန်း၊ လွက်လပ်မူ နှင့် ဒီမိုကရေစီအပေါ် (၆)ရာခိုင်နူန်း၊ Social Service အပေါ်(၆)ရာခိုင်နူန်း၊ အစီုးရ၏ MISC အပေါ် (၅) ရာခိုင်နူန်းနှင့် ပြန်လည်ဖြေကြားခြင်း မရှိသူ (၉)ရာခိုင်နူန်း ရှိသည် ဟု ဆိုသည်။

အစီုးရ၏ မူဒါဒများ အပေါ်စိုးရိမ်မှုတွင် စီးပွားရေးအပေါ်(၅၃)ရာခိုင်နူန်း၊ငြိမ်ချမ်းရေး ကိစ္စများအပေါ် (၂၀) ရာခိုင်နူန်း၊ တရားဥပဒေ စီုးမိုးမှု အပေါ် (၁၄)ရာခိုင်နူန်း၊လူငယ်ရေးရာပြသာနာများအပေါ် (၃)ရာခိုင်နူန်း၊အခြေခံအဆောက်အဦး ကဏ္ဍာအပေါ် (၃)ရာခိုင်နူန်း နှင့် ဖြေကြားခြင်း မရှိသူ(၅)ရာခိုင်နူန်း ရှိကြောင်း စစ်တမ်းအရ သိရသည်။

ထိုကြောင့် စီးပွားရေးပြသာနာအပေါ် စီုးရိမ်မှုမှာ အခြားအရာများထက် ပိုမိုမြင့်တက်နေပြီး အစီုးရ အနေနှင့် အဓိကထားဆောင်ရွှက်စေလိုသည့် အချက် ဖြစ်နေကာ စီးပွားရေးကျဆင်းနေမှု နှင့် ငွေကြေးဈေးနူန်း ကျဆင်းနေမှုအပေါ် အဓီကထား ဆောင်ရွှက်စေလိုသည့် အချက် ကို စစ်တမ်းအရ သိရသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး