
မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) အဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ စံနှုန်း (၃)ခုလုံးနှင့် ပထမအကြိမ် ပြည့်မီကြောင်း CDP ထုတ်ပြန် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) အဆင့်မှ လွတ်မြောက်ရန် သတ်မှတ်ထားသည့် စံနှုန်း (၃)ခုစလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ၊ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာ ကော်မတီ (CDP) ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။ အဆိုပါကိစ္စအား နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ၁၉-၄-၂၀၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (UN ECOSOC) ၊ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာကော်မတီ (CDP) ၏ ၂၀၁၈ ခုနှစ်၊ မတ်လ အစည်းအဝေးအစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ အဆိုပါ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်၊ သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှု (Triennial Review) တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) အဆင့်မှ လွတ်မြောက်ရေးစံနှုန်းများအဖြစ် တစ်ဦးချင်းဝင်ငွေ (Gross National Income - GNI) အမေရိကန်ဒေါ်လာ ၁,၂၃၀ ထက် ကျော်လွန်ရန် ၊ လူသားအရင်းအနှီးညွှန်းကိန်း (Human Access Index - HAI) ၆၆ နှင့် အထက်ရှိရန်နှင့် စီးပြားေ...