ငွေဈေးနူန် ဆက်တိုက် မြင့်တက်နေပြီး ဇူလိုင်အထိ ဆက်တိုက်မြင့်တက်နိင်
အမေရိကန်ငွေကြေး ခိုင်မာလာမူကြောင့် ပြည်တွင်း ငွေလဲလှယ်နူန်းမှာလည်း ဆက်တိုက်
မြင့်တက်နေပြီး ဇူလိုင်လအထိ မြင့်တက်နိင်ချေရှိရာ ငွေလဲလှယ်နူန်းမှာ တစ်ဒေါ်လာလျှင်
ကျပ်(၁၃၆၀) အထိ ရောက်ရှိလာနိင်ကြောင်း ဈေးကွက်အတွင်းမှ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။
အမေရိကန်ဒေါ်လာဈေးမှာ ပြီးခဲ့သည့် လက တစ်ဒေါ်လာလျှင် ကျပ်(၁၃၃၀)ခန့် ရှိရာမှ
လက်ရှိတွင် ကျပ်(၁၃၅၆) ကျပ်ဖြစ်နေပြီး ပုံမှန် တစ်ရက်လျှင် ပျမ်းမျ တစ်ကျပ်ခန့် မြင့်တက်နေသည်။
ဈေးကတော့ တစ်နေ့ကို တစ်ကျပ်လောက် ပုံမှန် တက်နေကြပါ။ အခုက စင်္ကာပူ နဲ တရုက်
ငွေဈေးတွေ ပွတာကြောင့် ဒေါ်လာဈေးက ခိုင်မာနေသလို ဖြစ်နေတယ်။ ပြည်တွင်းမှာ အဝေးဈေး
တက်တော့ လဲလှယ်တဲ့ နူန်းက ရုက်တရပ် မြင့်သွားတာ ဟု ဈေးကွက် အကျိုးဆောင်ကိုမီုးလွင်အောင်က
ဆိုသည်။
စင်္ကာပူ ငွေကြေးနှင့် တရုက်ငွေကြေးဖောင်းပွမှုကြောင့် အမေရိကန်ဒေါ်လာမှာ ခိုင်မာတကဲ့သို့ ဖြစ်နေသည့် အပြင်
ရွှေဈေး အီဆင်းနေမှု၊ဆီဈေးနူန်းမှာလည်း ကောင်းမွန်သည့် အခြေအနေမရှိသဖြင့် ပြည်တွင်းဈေးကွက်တွင်
အဝေးဈေးစတင် တက်ခဲ့ပြီး Earning ဈေး နှင့် အစီမ်းဈေးတို့မှာလည်း
လိုက်ပါ မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းဈေးကွက်တွင် ဒေါ်လာ အရောင်းအ၀ယ် ပါးပြီး Export မရှိသဖြင့် ငွေကြပ်သည့် အနေအထား ကာလနှင့်လည်း တိုက်ဆိုင်သဖြင့်
ဈေး အတက်မြန်ခြင်း ဟု ဆိုသည်။
ပြည်တွင်းမှာ အရောင်းအ၀ယ်က အေးတယ်။ အရင်က တစ်ပါတ်တစ်ကြိမ်ဝယ်သူတွေက နှစ်ပါတ်
တစ်ကြိမ်ပဲ ၀ယ်ကြတော့တယ်။အခု ပြည်ပက ပစ္စည်းမှာယူတဲ့ အချိန်ဆိုပေမယ့် ဈေးကွက်မှာ အ၀ယ်
မရှိဖူး။ အရောင်းကလည်း နည်းတယ်။ ဟု အကျိုးဆောင် က ဆိုသည်။
ဒေါ်လာဈေးမှာ ပုံမှန်အခြေအနေအရ ဈေးတက်လျှင် အ၀ယ်လိုက်လေ့ရှိသော်လည်း လက်ရှိ
အခြေအနေတွင် အ၀ယ်နည်းသလို အရောင်းလည်း ပါးသဖြင့် ဈေးကွက်အေးသည့် အနေအထား ဖြစ်သော်လည်း
အမေရိကန်ဒေါ်လာ ခိုင်မာလာမူကြောင့် လဲလှယ်သည့် နူန်းထား မြင့်တက်ခဲ့ရခြင်း ဖြစ်သည်။
ဒေါ်လာဈေးမှာ ဆက်လက်မြင့်တက်နေမည်ဟု အများစုက ခန့်မှန်းထားကြပြီး ဇူလိုင်လအထိ
အခြား ပရောဂမရှိလျှင် မြင့်တက်နေမည် ဖြစ်ကာ တစ်ဒေါ်လာလျှင် ကျပ်(၁၃၆၀) အထိရောက်ရှိနိင်ချေရှိသော်လည်း
ရွှေဈေးနှင့် ဆီဈေး ပြောင်းလဲလျှင် အပြောင်းအလဲ ဖြစ်နိင်ချေရှိသည်။
Comments
Post a Comment