ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေလျှော့ချဖို့အတွက် သန့်မြန်မာ (Thant Myanmar) သတင်းစာရှင်းလင်းပွဲ ဖိက်ကြားခြင်း
ပလတ်စတစ်ညစ်ညမ်းမှုတွေဟာ အဆမတန် ကြီးမားလာပြီး ကမ္ဘာမှာကြောက်စရာေ ကာင်းတဲ့ ကပ်ရောဂါသဖွယ်ဖြစ်လို့ လာနေပါတယ်။ မြန်မာနိုင်ငံမှာဆို ရင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ ကို နေရာတကာမှာ မြင်နိုင်ပြီး အဲ ဒီပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေက လူသားတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ကို ဒုက္ခတွေပေးနေတာကိုလည်း အစ် ကိုတို့၊ အစ်မတို့ တွေ့မြင်နို င်ပါတယ်။ အဲဒီတော့ ဒီပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်ဆိုးကြီးဆိုတဲ့ ကပ်ရောဂါကို အချိန်မှီ ကုစားဖို့ လိုအပ်နေပါတယ်။
အလွှာအသီးသီးမှအများပြည်သူများနှ င့် ပေါင်းစပ်ဖွဲ့စည်းထားသည့် သန့်ြ မန်မာ (Thant Myanmar) ဟာ ပလတ်စတစ်စွန့်ပစ် ပစ္စည်းတွေလျှော့ချဖို့အတွက် ရှေ့ တန်းကနေ ဦးဆောင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မတ် လကတည်းက သန့်မြန်မာဟာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်ကို လူအများ သတိထား မိအောင် လှုံ့ဆော်ပေးတာတို့၊ြ မန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူ ထုကို ပလတ်စတစ်စွန့်ပစ်ပစ္စည်းေ တွ သုံးစွဲမှု လျှော့ချ အောင် တိုက်တွန်းတာတို့စတဲ့ လှု ပ်ရှားမှုတွေကို ဆောင်ရွက်လျက်ရှိ ပါတယ်။
အခုချိန်မှာ သန့်မြန်မာဟာ ပလတ် စတစ်ညစ်ညမ်းမှုနဲ့ပတ်သက်တဲ့ ပြဿ နာတွေ၊ လူတစ်ဦးတစ်ယောက်ချင်းစီ အသုံး ပြုနေတဲ့ ပလတ်စတစ်အိတ်၊ ပလတ် စတစ်ပိုက် (ဥပမာ - ရေနှင့် ဖျော်ရည်သောက်သုံးရာတွင် အသုံးပြုသော ပိုက်) နဲ့ ပလတ်စတစ်ရေဘူးစတဲ့ ပ လတ်စတစ်ပစ္စည်းတွေကို ကျွန်တော် တို့အားလုံး တက်ညီလက်ညီ လျှော့ချနိုင်မယ့် အကြောင်းကို မီဒီယာ အစ်ကို၊ အစ်မများအား အကျယ်တဝင့် ရှင်းလင်းတင်ပြမယ့် သတင်းစာရှင်းလင်းပွဲလေးကို အောက်ပါအတိုင်း လုပ်ဆောင်ကျင်းပဖို့ ဖိတ်ကြားလို က်ပါတယ်။
အကြောင်းအရာ ။ သန့်မြန်မာ သတ င်းစာရှင်းလင်းပွဲ
အချိန် ။ ကြာသပတေးနေ့၊ နံနက် ၁၀ နာရီ ၊ မေလ (၃၁) ရက်၊ ၂၀၁၈ ခုနှစ်
နေရာ ။ Union Bar ၊ ၄၂ ကမ်းနားလမ်း၊ ရန်ကုန်
သန့်မြန်မာက ဇွန်လ ၅ ရက်နေ့မှာ ကျရောက်မယ့် သဘာဝပတ်ဝန်းကျင်ေ န့ကို ဦးတည်ပြီး လုပ်ဆောင်မယ့် ပွဲတွေလည်းအများကြီးရှိပါတယ်။ အဲဒီထဲမှာဆိုရင် သန့်ရှင်းရေးလု ပ်တဲ့အစီအစဉ်၊ ပလတ်စတစ်စွန့်ပစ် ပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ အနု ပညာပြပွဲများနဲ့ NGO နဲ့ ကော်ပို ရိတ်အဖွဲ့အစည်းတွေကနေ ဦးဆောင်ြ ပုလုပ်တဲ့ အစီအစဉ်များစွာပါဝင် ပါတယ်။
မီဒီယာမှ မိတ်ဆွေတို့ကကျွန်တော် တို့ရဲ့ ပလတ်စတစ်ညစ်ညမ်းမှုတိုက် ဖျက်ရေးအစီအစဉ်မှာ တစ်တပ်တစ်အား ပါဝင်ပေးကြဖို့ မျှော်လင့်ပါတယ် ။ အားလုံးအတူလက်တွဲပြီး လုပ်ဆော င်မယ်ဆိုရင် ကျွန်တော်တို့တွေ ဒီပလတ်စတစ်ညစ် ညမ်းမှုကို တိုက်ဖျက်နိုင်မှာပါ။
သတင်းအချက်အလက်တွေ ထပ်မံသိရှိလိုေ သးတယ်ဆိုရင် အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံ စမ်းမေးမြန်းနိုင်ပါတယ်။
ကိုထက်ဦးလင်း (၀၉-၉ ၇၀၆၀ ၈၁၇၁)
မထက်ထက်ဝင်း (၀၉-၄၂၀ ၀၇၉ ၁၆၈)
မအိမွန် (၀၉-၄၄၈ ၀၀၃ ၈၇၉)
Comments
Post a Comment