အိန္ဒိယသို့ မြန်မာနယ်စပ်မှ အင်ဒိုနီရှားကွမ်းသီးများပါ တင်ပို့နေ၍ အရေးယူပေးရန် တောင်းဆို


တမူးနယ်စပ် ကုန်သွယ်ရေးစခန်း နှင့် ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှ အိန္ဒိယသို့ တင်ပို့ရောင်းချသည့် ကွမ်းသီးများတွင် ပြည်တွင်းထွက်သာမက အင်ဒိုနီးရှားမှ လာသည့် ကွမ်းသီးများပါ ပါဝင်နေ၍ စီစစ်အရေးယူပေးရန် ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဌ ဦးလှမောင်က ပြောကြားခဲ့သည်။
နိင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ရန်ကုန်မြို့ UMFCCIခန်းမတွင် တွေ့ဆုံစဉ် နယ်စပ်ဒေသရှိ အခြေအနေများကို တင်ပြခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသို့ Export ဆောင်ရွက်လျှက်ရှိသော မြန်မာကုန်သည်ကုမ္ပဏီများအနေဖြင့် ကုန်သွယ်မှုရပ်ဆိုင်းနေရသည့် အခြေအနေဖြစ်ပေါ်နေသည့်အတွက် ပြည်တွင်းအထွက်နှုန်းစီစစ်ပြီး ပြည်ပမှတင်သွင်းလာသည့် တရားမဝင်ကွမ်းသီး များကို အရေးယူပေးရန် တောင်းဆိုထားသည်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ ကွမ်းသီးများကို နှစ်စဉ် တန်ပေါင်းများစွာ အိန္ဒိယနိုင်ငံသို့တင်ပို့ရောင်းချလျက်ရှိရာ ပြည်တွင်းကွမ်းသီးများအပြင် အင်ဒိုနီးရှားနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် ကွမ်းသီး များကို ဈေးကွက်အတွင်းတွေ့ရှိရကြောင်း ၊မြန်မာနိုင်ငံအတွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် ကွမ်းသီးပမာဏနှင့်နှိုင်းယှဉ်ပါက အင်ဒိုနီးရှားမှလာသည့် ကွမ်းသီး များက အဆမတန်များနေကြောင်း ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဌ ဦးလှမောင်က ဆိုသည်။ 
အိန္ဒိယနိုင်ငံအကောက်ခွန်ဌာနအနေဖြင့် မြန်မာနိုင်ငံပင်ရင်းထွက်ကုန် ကွမ်းသီးအပေါ် DFTP အခွင့်အရေးဖြင့် အခွန် ၀% ကောက်ခံလျှက်ရှိခဲ့ရာမှ ယခုအခါ တတိယနိုင်ငံထွက်ကွမ်းသီးများကို အိန္ဒိယနိုင်ငံအတွင်း စုံစမ်းတွေ့ရှိရ၍ မြန်မာနိုင်ငံမှ တင်ပို့သောကွမ်းသီးများအား အခွန်၄၀ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလာခဲ့သည် ဟု ဆိုသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး