ကုမ္ပဏီအွန်လိုင်း မှတ်ပုံတင်ရာတွင် ငွေပေးချေမှု အပိုင်းကို ဘဏ်များမှတဆင့် ဆောင်ရွှက်နိင်မည်
မြန်မာနိင်ငံရင်းနှီးမြုပ်နှံမှု နှင့် ကုမ္ပဏီများ ညွန်ကြားရေး ဦးစီးဌာနမှ ကုမ္ပဏီ
လိုင်စင်များ လျောက်ထားရာတွင် Online One stop
service စနစ်ဖြင့် ဆောင်ရွှက်သွားမည် ဖြစ်ကာ ငွေကြေးပေးသွင်းရမည့် ကိစ္စများကိုလည်း ဘဏ်များနှင့်
ချိက်ဆက်ထားကြောင်း DICA မှ ညွန်ကြားရေးမှုးချူပ်
ဖြစ်သူ ဦးအောင်နိင်ဦးက ပြောကြားခဲ့သည်။
ငွေပေးချေတဲ့ ကိစ္စတွေကိုလည်း အွန်လိုင်းကနေ တဆင့်ပဲ ပေးလို့ ရအောင် စီစဉ်ထားပါတယ်။
ဘဏ်တွေကို ညိနှိုင်းဆောင်ရွှက်နေပါတယ်။ လောလောဆယ်တော့ CB Bank နဲ သဘောတူထားပြီးပါပြီ ဟု ဦးအောင်နိင်ဦးက ဆိုသည်။
အွန်လိုင်းမှ တဆင့် ကုမ္ပဏီ အချက်အလတ်များကို ရှာဖွေခြင်း၊အီလျပ်ထရောနစ် ကုမ္ပဏီ
မှတ်ပုံတင်ခြင်း စနစ်တို့ကို ၂၀၁၈ ခုနှစ် သြဂုက်လ (၁)ရက်နေ့မှ စတင်ကာ MYCO အမည်ဖြင့် ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ရာ ကုမ္ပဏီ မှတ်ပုံတင်ခြင်း
ကိစ္စရပ်များကိုလည်း အလွယ်တကူ ဆောင်ရွှက်သွားနိင်ရန် စီစဉ်နေပြီး အခွန် နှင့် အခြား ငွေပေးချေမူတို့
အတွက်လည်း ဘဏ်များမှ တဆင့် ပေးချေနိင်ရန် စီစဉ်ထားကြောင်း၊ လက်ရှိတွင် CB ဘဏ်နှင့် သဘောတူညီမူ ရရှိထားပြီး ဖြစ်ရာ အဆိုပါ အွန်လိုင်း
စနစ် စတင်ချိန်တွင် CB ဘဏ်ဖြင့် ငွေပေးချလာနိင်ဖွယ်
ရှိသည်။
မြန်မာနိင်ငံ ရင်းနှီးမြုပ်နှံမူ နှင့် ကုမ္ပဏီများ ညွန်ကြားရေး ဦးစီးဌာန အနေနှင့်
ကုမ္ပဏီများ အလွယ်တကူ မှတ်ပုံတင်နိင်စေရန် ယခင်က ရန်ကုန်ရုံးတွင် One Stop service စနစ်ကို ဆောင်ရွှက်ခဲ့ပြီး နောက်ပိုင်းတွင်
တိုင်းနှင့် ပြည်နယ်ဒေသ အသီးသီးတွင်ပါ ဆောင်ရွှက်နိင်စေရန် ဆောင်ရွှက်ခဲ့ကြောင်း သိရသည်။
လက်ရှိ အွန်လိုင်း စနစ်ကြောင့် DICA
ရုံးများကို
ကိုယ်တိုင် ကိုယ်ကျ သွားရောက်ရန် မလိုအပ်တော့ ဘဏ်ဖြင့် ချိကိဆက်ကာ ငွေပေးချေမူ အပိုင်းတို့ကိုပါ
ဆောင်ရွှက်နိင်မည် ဖြစ်သလို ကုမ္ပဏီ မှတ်ပုံတင်ကြေးကိုလည်း ကျပ်(၅)သိန်းမှ ကျပ်(၂)သိန်းခွဲသို့
ပြောင်းလဲ လျော့ချခဲ့သည်။
Comments
Post a Comment