Posts

Showing posts with the label တရုတ်

ကျောင်းသားတွေ ပြောတဲ့ တရုတ်အကြောင်း

Image
တလောက တရုတ်မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားကျောင်းသူတွေနဲ ဆုံဖြစ်တော့ တရုတ်အကြောင်းတွေ မေးဖြစ်တယ်။ ထူးခြားတာက ဘာတွေ့ရလဲဆိုရင် မြန်မာကသာ တရုတ်ကို ဆန်းဆန်းတင့် ဖြစ်နေတာ တရုတ်ကတော့ မြန်မာကို သိပ်ဂရုမစိုက်ဘူး ဆိုတာပဲ။တရုတ်အကြောင်းကြားရတာက ဒီကကြားရတာနဲ ကွဲလွဲနေတာတွေ ရှိတာပဲ။ ပြောရရင် မြန်မာတပြည်လုံးက တရုတ်အကြောင်း သိပေမယ့် တရုတ်တပြည်လုံးက မြန်မာအကြောင်း သိတောင် မသိတာပါ။ မြန်မာကို အသိများဆုံးက ယူနန်ပြည်နယ်လောက်ပဲ ရှိမှာပါ။ ဒီတော့ သတင်းဆောင်းပါးတွေက ဂျင်းထည့်ခဲ့တာ သဘောပေါက်လာတယ်။ မြန်မာအတွက် တရုတ်ဟာ အရေးပါလှပေမယ့် တရုတ်အတွက်တော့ နိုင်ငံရေးအရဆက်နွှယ်တဲ့ ဒေသတခုအဖြစ် ရူမြင်ပုံပဲ ရပါတယ်။ဒါကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးတွေ အဆင်မပြေ ဖြစ်နေတာပါ။ နောက်ပြီး တရုတ်လူမျိုးအများစုဟာ နိုင်ငံရေးကို မသိကြပါဖူး။စီးပွားရေးပဲ သိပြီး အပြင်းအထန်လုပ်ကြတယ် လို့ ဆိုတယ်။ တိုင်းပြည်စီးပွားရေးကောင်းတော့လည်း လူတွေက နိုင်ငံရေးကို သိပ်စိက်မဝင်စားကြတာလည်း ဖြစ်နိင်တယ်။ အစီုးရက ပိက်ပင်မူတွေကြောင့်လည်း ဖြစ်နိင်ပါတယ်။ ပြောရရင် မြန်မာကို ပြည်မကြီးက တရုတ်တွေ မသိပါဖူး။ ကြားတောင် မကြားဖူးကြတာလည်း ဖြစ်နိင်တယ်။ တရုတ်မ...

တရုတ်ကို ဖိုက်မယ့် G7ရဲ့ B3W စီမံကိန်း

Image
#တရုတ်မှ တည်ဆောက်ရန် ပြင်ဆင်နေသော မြန်မာနိုင်ငံအတွင်းရှိ စီမံကိန်းများ စီးပွားရေးအကြောင်းတွေလည်း မပြောရတာ ကြာကို။ မနေ့က G7 နိုင်ငံတွေက B3W စီမံကိန်း ကြေညာတယ်။ အဓိကက တရုတ်ရဲ့ BRI စီမံကိန်းကို ဖိုက်ဖို့ ထင်တယ်။ ကမ္ဘာမှာ စားသုံးသူဈေးကွက် ဝေစု အကြီးဆုံးက ဉရောပ နဲ့ အမေရိက လို အနောက်နိုင်ငံတွေ။ တရုတ်၊အိန္ဒိယ နဲ့ အာဆီယံလို  အာရှ နိုင်ငံတွေက ထုတ်လုပ်သူ နိုင်ငံတွေ။ စားသုံးသူ မြင့်တာ အာရှမှာ ဂျပန်နဲ့ ကိုရီးယားပဲ ရှိတယ်။ အရှေ့အလယ်ပိုင်း နိုင်ငံတွေကလည်း လောင်စာနဲ့ ချမ်းသာကြတာမို့ စားသုံးသူအဆင့်နီးပါးရှိသည့်တိုင်း ထုတ်လုပ်တဲ့ နိုင်ငံတွေပဲ။ တရုတ်က သူရဲ့ တိုးတက်မှုဟာ ထုတ်လုပ်မှုနဲ့ တိုင်းတာတယ်။ သူ့ ထုတ်လုပ်မှု လျော့ကျသွားရင် သူ့ရဲ့ စားသုံးမှုစွမ်းရည်ပါ ကျဆင်းသွားမယ်။ ပြောရရင် ထုတ်လုပ်နိုင်စွမ်းနည်းသွားရင် ချမ်းသာတဲ့ အဆင့်ကနေ ကျသွားမယ်။ ဒီတော့ သူတို့ ထုတ်လုပ်မှု တိုးဖို့ OBOR လိုမျိုး BRI စီမံကိန်းတွေ ဖော်တယ်။အဓိကက ထုတ်လုပ်မှု စွမ်းရည်အပေါ် ထပ်တိုးချင်လို့ပဲ။ အာဆီယံနိုင်ငံတွေ အများစုက ကုန်ကြမ်းထုတ် နိုင်ငံတွေပဲ။ ပြောရရင် စက်မှုခောတ်ဆိုဆို ကုန်ကြမ်းအများစု ရောင်းကြတဲ့ နိုင်ငံ။ စင်္ကာပူတ...

တရုတ်ရင်းနှီးမြှုပ်နှံမှု အတက်အကျနှင့် မြန်မာ့နိုင်ငံရေး

Image
မြန်မာနိုင်ငံမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုသည် ၁၉၈၈ ကနေ လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ(၂၁)ဘီလီယံကျော် ရှိပါတယ်။ အများစုက ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ ထောက်ပံရေးဆိုင်ရာ လုပ်ငန်းတွေ ဖြစ်ပြီး စစ်အစီုးရခောတ် တလျှောက် ပိက်ဆို့ဒါဏ်ခံရတော့ တရုတ်က အောက်ဈေးတွေနဲ့ လာဝိုက်ဖို့ရန်  ရင်းနှီးမြှုပ်နှံခဲ့ကြတာ ဖြစ်တယ်။ ပြောရရင် သူတို့ရင်းနှီးမြှုပ်နှံမှုသည် မြန်မာစစ်အစီုးရကို ထောက်ပံပေးရန် အတွက်သာရယ်ပါ။ ပြီးခဲ့တဲ့ ၂၀၁၆ ကနေ NLD အစီုးရ လက်ထက် ငါးနှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ(၃.၅)ဘီလီယံပဲ ဝင်တယ်။ လာရောက်မှု အများစုက အစီုးရနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ နည်းသွားတယ်။ ထုတ်လုပ်ရေးအပိုင်းတွေ၊အကျိုးအမြတ်ရရှိနိုင်တဲ့ ဈေးကွက်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေကို ရောင်းဝယ်နိုင်တဲ့ လုပ်ငန်းကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံကြတာ များပါတယ်။ NLD အစီုးရ သတ်တမ်း ငါးနှစ်အတွင်း စင်္ကာပူနိုင်ငံဆီက ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ(၁၁.၃၅)ဘီလီယံကျော် ရှိပါတယ်။ စင်္ကာပူသည် ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မြန်မာအပေါ် ရင်းနှီးမြှုပ်နှံမှု အားကောင်းခဲ့တာ မှန်ပေမယ့် တကယ်တမ်းကျ အနောက်နိုင်ငံတွေက တဆင့်ခံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ...