အချီကြီးတွေ ကြံနေတဲ့ နယ်ကျော်မူးယစ်ဆေးဝါး ကုန်သွယ်မှု


ယခုနှစ်အတွင်း တတိယအများဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမှု အဖြစ် (မနေ့က) စက်တင်ဘာလ(၁၅)ရက်နေ့မှာ ကျပ်(၄၁)ဘီလီယံကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မော်လမြိုင်ကားလမ်းပေါ်မှာ ဖမ်းဆီးရမိတယ်။


တချို့ကတော့ မရမ်းချောင် စစ်ဆေးရေး ဂိက်မှာ လို့ ဆိုတယ်။


ပထမ အများဆုံး ဖမ်းဆီးရမိတာက ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇွန်လ(၂၄)ရက်နေ့က သီပေါမြို့ကနေ မြဝတီကို သယ်လာတဲ့ မူးယစ်ဆေးဝါးပဲ ဖြစ်ပြီး ကျပ်(၆၃.၂)ဘီလီယံရှိပါတယ်။


ဒုတိယအများဆုံး ဖမ်းဆီးရရှိမိတာက ဇူလိုင်လ(၂၄)ရက်နေ့မှာ သီပေါမြို့ကနေ မြဝတီမြို့ကို သယ်လာတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ပြီး ကျပ်(၅၂.၅)ဘီလီယံ ဖြစ်တယ်။

နှစ်ခုပေါင်းရင် ကျပ်ဘီလီယံ(၁၀၀)ကျော်ပါတယ်။


အဆိုပါ ဖြစ်စဉ်မှာ ကရင်နယ်ခြားစောင့် က တပ်မှူးတစ်ဦးပါဝင်တယ် ဆိုကြပေမယ့် နောက်ဆက်တွဲသတင်းတွေ မကြားရတော့ပါ။


၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ (၉)လအတွင်း ဖမ်းဆီးရရှိမှု အများဆုံးလက ဇူလိုင်လ ဖြစ်ပြီး ကျပ်(၁၂၄)ဘီလီယံကျော်ပါတယ်။

ဒီပမာဏာဟာ ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုတွေ ဖြစ်ပြီး ကျပ်သိန်းထောင်၊ရာတွေ မပါဝင်သေးပါဖူး။


ဆိုတော့ ကိုးလအတွင်း အချီကြီးဖမ်းဆီးရမှုတန်ဖိုးဟာ ငွေကျပ်(၃၄၀)ဘီလီယံနီး‌ကျော် ရှိပါတယ်။ ဖမ်းဆီးမှု အများဆုံးကာလတွေဟာ ဇွန်နဲ့ ဇူလိုင်လတွေ ဖြစ်တာ တွေ့ရတယ်။


သို့ပေမယ့် အာဏာသိမ်းပြီးနောက် ‌ဖေဖော်ဝါရီလ(၅)ရက်ကနေ ဇွန်လ(၂၂)ရက်နေ့အထိ (၅)လတာ စာရင်းတော့ CCDAC က ဖော်ပြထားခြင်း မရှိဘူး။


သိရသလောက်ကလည်း အဲကာလတွေမှာ ညမထွက်ရ အမိန့်တွေ ရှိနေပြီး  မူးယစ်ဆေးဝါးဖမ်းဆီးဖို့ထက် ပြည်သူတွေကို ဖမ်းဆီးဖို့သာ ရှိနေခဲ့တာပါ။


သမိုင်းတလျှောက်  ရန်ကုန်မှာ ဖမ်းဆီးရရှိမှု အမြင့်ဆုံးမှာ ၂၀၁၅ ခုနှစ်က ရန်ကုန်ဇေကမ္ဘာဝင်း အတွင်း၊ အိုးအိမ် ၆ လမ်းသွားလမ်းပေါ်၌ စိတ်ကြွ ရူးသွပ် ဆေးပြား (၂၆.၇) သန်း ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၃.၅ ဘီလီယံ  ရှိပါတယ်။


သို့သော် နိုင်ငံထဲ ဖမ်းဆီးရရှိမှု အမြင့်ဆုံးမှာ ၂၀၂၀ ခုနှစ်က ကောင်းခါးပြည်သူစစ်အဖွဲ့ကနေ ဖမ်းဆီးရ‌ရှိမှုပါ။ သူတစ်ခုထဲတင်ကို တန်းဖိုးစုစုပေါင်း ကျပ် ဘီလီယံ (၄၀၀)ကျော်ပါတယ်။


မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု အနည်းအများဟာ ပြည်သူ့စစ်အဖွဲတွေ၊နယ်ခြားစောင့်အဖွဲ့အစည်းတွေနဲ့ တနည်းမဟုက်တနည်း ပါဝင်ပါတ်သက်နေတာ တွေ့ရတယ်။


၂၀၂၁ ခုနှစ်ထဲ အများဆုံး ဖမ်းဆီးရရှိမှုတွေဟာ မြဝတီကို သွားနေတာ ဖြစ်ပြီး ကရင်နယ်ခြားစောင့် တပ်ဖွဲ့က အရာရှိကြီးတွေ ပါဝင်ပါက်သက်နေတာ တွေ့ရတယ်။


ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် ပြည်သူ့စစ် အဖွဲ့ (၁ဝ) ဖွဲ့ ခန့် ရှိတယ် လို့ ဆိုပြီး အစိုးရထံ မှတ်ပုံတင်ထားသည့် လူအင်အား (၈၅၀)နှင့် အရန် အင်အား ၂၀၀၀ ခန့်ရှိ‌နေကာ 

 ပြည်သူ့စစ်တပ်ဖွဲ့ပေါင်း(၁၀၀)ကျော် ရှိတယ် လို့ ဧရာဝတီ သတင်းဌာနက ဆိုထားပါတယ်။


ကောင်းခါးပြည်သူ့စစ်အဖွဲ့ထံမှ ဖေဖော်ဝါရီ (၂၈)မှ  မတ်လ (၁၅)ရက်အထိ မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိမှုမှာ တန်ဖိုးငွေ ကျပ် (၂၉၂)ဘီလျံ ကျော် စစ်တပ်က ထုတ်ပြန်ထားတယ်။

စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ (၂၈)ရက်မှ ဧပြီ (၉)ရက်အထိ ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေး၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများမှာ ကျပ် (၄၁၄) ဘီလျံကျော် တန်ဖိုးရှိတယ် လို့ဆိုတယ်။


အဆိုပါ ဖမ်းဆီးရမိမှုသည် သမိုင်းတလျှောက်အများဆုံးဖမ်းဆီးရရှိမှု စံချိန်တင် ဖြစ်ပါတယ်။


၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု (၁၃၉၆၀) မှု၊ဘိန်း (၃.၈၈) တန်ကျော်၊ ဘိန်းဖြူ (၁.၈၅)တန်ကျော်၊ ဘိန်းဆီခဲ (၈၉.၂၇၃)ကီလို၊ မော်ဖင်း (၄၉.၀၆) ကီလို၊ ဘိန်းညိုမှုန့် (၅၈၆.၉၅) ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား (၃၂၈.၄၁) သန်း၊ စိတ်ကြွဆေးအကြေမှုန့် (၂.၁၄)တန်ကျော်၊ အိုက်စ်(Methamphetamine) (၁၇.၃၆) တန်၊ ကက်တမင်း (၈၈၈.၅၂၆) ကီလို၊ ဆေးခြောက် (၇၃၇.၅၉၇) ကီလို၊ ဘိန်းစာရွက် (၁.၂၃)တန်ကျော်၊ ဘိန်းစာမှုန့် (၂.၆၃)တန်ကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးမျိုးစုံ (၃၅ )မျိုးဖမ်းဆီးရမိတယ် လို့ ထုတ်ပြန်ထားပါတယ်။


၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၄၃၆.၃၄)ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၀၇၉ ဘီလီယံ) ဖမ်းဆီးရရှိခဲ့တယ် လို့ မှတ်တမ်းတွေက ဆိုတယ်။


နှစ်အလိုက် ဖမ်းဆီးရမိမှုစာရင်းတွေအရ ၂၀၁၈ ခုနှစ်က ကျပ်(၄၄၂)ဘီလီယံကျော်၊၂၀၁၉ မှာ ကျပ်(၅၅၅.၂၅)ဘီလီယံ၊ ၂၀၂၀ခုနှစ်မှာ ကျပ်(၁၄၃၆.၃၄)ဘီလီယံ ရှိပါတယ်။


၂၀၂၁ ခုနှစ် လက်ရှိအချိန်ထိ ဖမ်းဆီးရရှိမှုက (၉)လအတွင်း ကျပ်(၃၄၀)ဘီလီယံကျော် ဖမ်းဆီးထားပါတယ်။


သို့ပေမယ့် (၅)လနီးပါး ဖမ်းဆီးတာ မတွေ့ရှိရတဲ့အတွက် (၄)လအတွင်း ဖမ်းဆီးရရှိမှု လို့တောင် ဆိုနိုင်တယ်။


ထူးခြားမှုက ဖမ်းဆီးမှုတွေ အကြိမ်‌ရေ နည်းပါးပေမယ့်  တန်ဖိုးပိုများလာတာ တွေ့ရတယ်။


ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်းအချီကြီး မိတယ် ဆိုတာ တစ်ကြိမ်လျှင် ပျမ်းမျ(၁)ဘီလီယံကနေ (၂)ဘီလီယံ အတွင်းသာပါ။


၂၀၂၁ ခုနှစ်မှာတော့ ကျပ် ဘီလီယံ ဆယ်ကဏန်းအထက်ရှိတဲ့ ဖမ်းဆီးရရှိမှုက အနည်းဆုံး(၆)ကြိမ် ရှိနေတာပါ။

ဆိုတော့ ဘန်းစကားနဲ့ ပြောရရင် အာဏာသိမ်းကာလအတွင်းမှာ အချီကြီး ကြံနေကြတယ် ဆိုတာပါပဲ။


ပမာဏများများ တိုးပြီး ကူးသန်းသွားလာနေပုံတွေအရ လွှက်မြောက်သွားတဲ့ ကျပ်ဘီလီယံဆယ်ချီတဲ့ မူးယစ်ဆေးဝါးတွေဟာ အကြိမ်ရေအတော်များနေပြီ ဆိုတာပဲ။

စက်တင်ဘာ(၁၅)ရက်နေ့မှာ ဖမ်းဆီးရမိတဲ့ ကျပ်(၄၁)ဘီလီယံတန် မူးယစ်ဆေးဝါးတွေဟာ  ကုန်တင်ယာဉ်ကို ခြံထွက်သီးနှံ အလှုပြုလုပ်မယ့် ပုံစံ စာတမ်းချိက်ပြီး မရမ်းချောင်ကို ဖြတ်ဖို့ လာတာပါ။


ကံမကောင်းလို့ မရည်ရွယ်တဲ့ စစ်ဆေးမှုတစ်ခုကြောင့်သာ ဖမ်းဆီးမိသွားတာ ဖြစ်နိုင်တယ်။


ဆိုတော့ အာဏာသိမ်းကာလအတွင်း အနည်းဆုံး ကျပ်ဘီလီယံ အများကြီးတန်တဲ့ မူးယစ်ဆေးဝါးတွေ အများကြီး စီးဆင်းပြီးသွားပြီ ဆိုတာပါပဲ။

တစ်ဘီလီယံ၊နှစ်ဘီလီယံ ရှိတဲ့ မူးယစ်းဆေးဝါးတွေ ကျော်ဖြတ်နိုင်ပြီးမို့သာ အခုလို ကျပ်(၁၀)ဘီလီယံအထက်ရှိတဲ့ မူးယစ်းဆေးဝါးတွေ ဖြန့်ချီနေကြတာ။


ဆိုတော့ သတင်းတွေအရ လမ်းကြောင်းတွေက ရှမ်းမြောက် နဲ့ ရှမ်းတောင်ကနေ မူးယစ်ဆေးဝါးတွေ ကူးသန်းသွားလာနေပြီး မန္တလေး(သို့) ကျောက်ဆည်နားတဝိုက်သည် ဆုံရပ် ထင်ပါတယ်။အဲကနေ တဆင့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ဖြတ်သန်းဝင်ရောက်ဟန်ရှိပါတယ်။


သဘောအရ အဲကနေတဆင့် မလေးရှားနဲ့ ထိုင်းနိုင်ငံကို သွားတယ် ထင်ပါတယ်။


ယခင်က ရခိုင်ကနေ ရေကြောင်း၊ရန်ကုန်ကနေ ရေကြောင်း  နဲ့ မလေးရှားကို သွားနေပေမယ့် ဖမ်းဆီးရမိမှုတွေ များပြားဝာာမို့ နောက်ပိုင်းလမ်းကြောင်းသစ်သည် မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ် ဖြစ်လာပုံ ရတယ်။


ယခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ အချီကြီး နှစ်ကြိမ်ဟာ မြဝတီကို တင်ပို့တာ ဖြစ်ပါတယ်။


ဖမ်းဆီးရရှိမှုတွေထဲမှာ တန်ဖိုးအများဆုံးဟာ ICE တွေ ဖြစ်ပြီး (၁၀)ကီလိုကို ကျပ်သိန်း(၂၀၀၀)ခန့် ရှိတယ် လို့ ဖော်ပြထားတယ်။


ဘိန်းဖြူကတော့ (၄)ကီလိုကို ကျပ်သိန်း(၆၀၀)ခန့် ပေါက်ဈေးရှိတယ်။

စိတ်ကြွရူးသွပ်ဆေးပြားတွေကတော့ နေရာဒေသအလိုက် ဈေးကွာခြားချက် ရှိတယ် ထင်ပါတယ်။


ဖမ်းဆီရမိတဲ့ ဖြစ်စဉ်တွေအရ ရှမ်းမြောက်နဲ့ ရှမ်းတောင်က မူးယစ်ဆေးဝါးတွေသည် မန္တလေးကနေ ရခိုင်(တောင်ကုပ်) သို့မဟုက် ကရင်ပြည်နယ်(မြဝတီ) သို့မဟုက် မွန်ပြည်နယ် မော်လမြိုင်ကို ဖြတ်ပြီး ယင်းကတဆင့် ရေကြောင်းနဲ့ မလေးရှားကို သွားတယ် လို့ ယူဆရတယ်။


၂၀၂၁ ခုနှစ်အတွင်း အများဆုံးဖမ်းဆီးရရှိမှုတွေဟာ ဇွန်လနဲ့ ဇူလိုင်လတွေ ဖြစ်ပြီး စက်တင်ဘာလထဲမှာလည်း အချီကြီးဖမ်းဆီးရရှိထားတာ တွေ့ရတယ်။ 


ဆိုတော့ စာရင်းပျောက်နေတဲ့ ကာလ(၅)လအတွင်း အကြိမ်ရေ ဘယ်လောက်ထိ မူးယစ်ဆေးဝါးကုန်သွယ်ပြီးကြပြီလဲ ဆိုတာ တွေးစရာပါ။


ဆိုတော့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ဖြန့်ချီမူတွေသည် အများဆုံး နှစ် ဖြစ်လာမယ် ထင်ပါတယ်။


ဖြတ်သန်းသွားတဲ့ လမ်းကြောင်းတွေသည် စစ်ဆေးရေးဂိက်တွေ အများကြီးရှိပေမယ့် လွက်မြောက်သွားကြပြီး မွန်ပြည်နယ်အဝင်မှာ တစ်နေကြတဲ့ သဘောပဲ။


၂၀၂၀ နှစ်တုန်းကတော့ ကျပ်ဘီလီယံ(၁၄၀၀)ကျော် ဖမ်းဆီးမိပေမယ့် ယခုနှစ်တော့ အများကြီးလျော့နည်းဖွယ်ရာ ရှိပါတယ်။ သို့ပေမယ့်လည်း ဖမ်းဆီးရမိရင် တကြိမ်ထဲနဲ့ တန်ဖိုးအများကြီး မိတာ ဖြစ်နိုင်တယ်။


ရခိုင်ကို သွားတဲ့ လမ်းကြောင်းဆို မမိတာ များပေမယ့် ယင်းကတဆင့် မလေးရှားသွားတဲ့ ရေလမ်းကြောင်းမှာ မိနိုင်ချေများတယ်။

ထိုအတူ ဘင်္ဂလားကို သွားတဲ့ လမ်းကြောင်း(မောင်တောမြို့နယ်ထဲမှာ) မိတာ များပါတယ်။


မတရားအာဏာသိမ်းပြီး ပြည်သူကို ညင်းပန်းနှိပ်စက်ချိန်၊တိုင်းပြည်မတည်ငြိမ်မှု ဖြစ်နေချိန်မှာတော့ မူးယစ်ဆေးဝါးကုန်သွယ်မှုက စံချိန်တင် မြင့်တက်လာတာ မဆန်းပါဖူး။


ထို့အတူ ၂၀၂၁ ခုနှစ်မှာ လူတွေ ဝင်ငွေနည်းပါးပြီး အလုပ်အကိုင်မဲ့တာ များတာကြောင့် ဘိန်းစိုက်ပျိုးမှုလည်း အတော် တိုးတက်လာဖွယ်ရာရှိနေတယ်။

ထိုအတူ စိတ်ကြွဆေးပြားတွေ ထုတ်လုပ်မှုကလည်း စံချိန်တင်လောက်တယ်။


ထူးခြားတာက ဒီနှစ်အတွင်းမှာ ICE မူးယစ်ဆေးဝါး ဖြန့်ချီနေတာ ပိုများပြီး နိုင်ငံတကာဈေးကွက်မှာလည်း ဝယ်လိုအား မြင့်နေပုံရတယ်။ အခုဖမ်းဆီးရမိမှု အချီကြီးအများစုသည် ICE မူးယစ်းဆေးဝါးတွေ ဖြစ်တယ်။


နိုင်ငံရေးက ပိုပြီးပြင်းထန်လေလေ မူးယစ်ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းကလည်း ပိုပြီး တိုးတက်လာမယ့် အခြေအနေမျိုး တွေ့နေရတယ်။


အများစုကို စစ်တပ်ထံ ခစားနေတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် အမည်ခံအဖွဲ့တွေ ပါဝင်ပါက်သက်ပြီး တချို့ကဆို ရှမ်းမြောက်နဲ့ ကရင် တို့က အဖွဲ့သည် မဟာမိက် ဂိုဏ်းဆန်ဆန် လို့တောင် သုံးနှုန်းနေကြတယ်။


ဖမ်းဆီးရမိရင်လည်း အဖွဲ့အစည်းနာမည် ဖျောက်ထားကြတာ များပါတယ်။ သို့သော်လည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်လျှောက်သည် သူတို့အဖွဲ့အစည်းထောက်ခံမှုနဲ့သာ ဖြတ်သန်းသွားလာနေကြတာပါ။


ယခုလိုကာလမှာ သာမန်ပြည်သူအများစုသည် နယ်ကျော်သွားလာဖို့ ခတ်ခဲပါတယ်။


တခု တွေးမိတာက အောက်စီဂျင်လိုအပ်ချိန်တုန်းက အောက်စီဂျင်စက်ရုံတည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေသည် တရုတ်က သယ်ယူရတာပါ။ ထိုပစ္စည်းတွေ သယ်ယူရင် အထူးခွင့်ပြုချက်နဲ့ သယ်ခွင့် ရပါတယ်။


ဒါကိုများ မူးယစ်ဂိုဏ်းတွေ အသုံးပြုပြီး မူးယစ်သယ်ကြလေသလား တွေးမိစရာပဲ။


ဘာကြောင့်ဆို ဖမ်းဆီးရမိမှု တစ်ခုမှာ ဘာမှ မဟုက်တဲ့ သစ်သီးဝေလံအလှု ဆိုတဲ့ တံဆိပ်ကြီးကပ်ပြီး မူးယစ်ဆေးဝါးသယ်နေလို့ပါ။


တွေးမိတွေးရာ

မောင်ချင်း

၁၆.၉.၂၀၂၁

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး