သိထားသင့်တဲ့ HUAWEI နဲ ထူထောင်သူ Ren Zhengfei အကြောင်း
မြန်မာပြည်မှာ လူကြိုက်များနေတဲ့ တရုက်ဖုန်း HUAWEI ကို လူသိများပေမယ့် ဒီကုက္မဏီကို ထူထောင်ခဲ့တဲ့ လူကိုတော့ သိသူ ရှားပါတယ်။ သူနာမည်ကတော့ Ren Zhengfei ဖြစ်ပြီး တရုက်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အရာရှိဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ Chongqing မြိုပပြအင်ဂျင်နီယာတက္ကသိုလ် ကျောင်းဆင်း ဖြစ်ပြီး တရုက်တပ်မတော်မှာလည်း နည်းပညာရှင်အဖြစ် ပါဝင်ခဲ့သူပါ။ဒါပေမယ့် သူဟာ ထူးချွန်ထက်မြတ်ပေမယ့် တရုက်ကွန်မြုနစ်ပါတီ ကို ၀င်ခွင့်မရပဲ ဖယ်ရှားခံထားသူပါ။ အကြောင်းကတော့ သူမိဘတွေရဲ့ နောက်ကြောင်းက ကူမင်တန်တွေနဲ ဆက်ဆံမူရှိခဲ့လိုပါပဲ။ မြန်မာပြည်မှာလည်း ဒီပုံစံရှိပါတယ်။ တိုင်းရင်းသားလက်နတ်ကိုင်တွေနဲ နီးစပ်တဲ့ လူတွေဟာ စစ်တက္ကသိုလ် ၀င်တဲ့အခါ အခတ်အခဲ ရှိတလို စုံးစမ်းမေးမြန်းမူတွေ မကြာခဏ ခံရပြီး ဗုဓ္ဒဘာသာ မဟုက်ရင် ရာထူးတိုးဖို့ အတော်ကို ခတ်ခဲတဲ့ ပုံစံ လိုပေါ့။ Mr.Ren ဟာ စစ်တပ်က လူဦးရေ လျော့ချတဲ့ အထဲမှာ ပါဝင်သွားခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ရှမ်းဆန်း လို့ခေါ်တဲ့ အရပ်ကို ပြောင်းရွှေ့အခြေချခဲ့ပါတယ်။သူဟာ ၁၉၈၇ခုနှစ်မှာ HUAWEI technologies Co.,ltd ကို ထူထောင်ခဲ့ပါတယ်။လက်ရှိ အချိန်ထိ ကုပ္မဏီရဲ့ CEO အဖြစ် ဆောင်ရွှက်နေပြီး HUAWE...