အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ အချက်(၅)ချက်


စာရေးဆရာ Grant Cardon ရေးသားတဲ့ 5 Ways to Succeed in Any Economy ဆိုတဲ့ ဆောင်းပါးပါ။
အမှီအခိုကင်းခြင်း

It’s up to you ဆိုတဲ့ Mindset ကို ဝင်စေချင်တဲ့ သဘောပါ။ Business Model တစ်ခုကို အကောင်အထည်ဖို့ အတွက် ရင်းနှီးမြှုပ်နှံသူတွေ၊ ကူညီလုပ်ဆောင်သူတွေ လိုအပ်တာမှန်ပေမယ့် သူတို့တွေမှ ပါမလာရင် ဒီအလုပ်ကို ငါမလုပ်နိုင်တော့ဘူးလို့ မှီခိုစိတ်ရှိနေမယ်ဆိုရင် မအောင်မြင်နိုင် ပါဘူး။ လက်တွဲမယ့်သူ လိုအပ်တယ် ဆိုတဲ့ စိတ်သာ ရှိဖို့လိုအပ်ပြီး မှီခိုနေ တယ်ဆိုတဲ့ စိတ်မျိုးကို ပယ်ဖျောက်ဖို့လိုအပ်ပါတယ်။ ဘယ် အရာမဆို ကိုယ့်ရဲ့  ဆုံးဖြတ်ချက် အတိုင်း ရှေ့ ဆက်ရမှာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ မမှီခိုပဲ လုပ်နိုင်သူဟာ ပိုအောင်မြင် ပါတယ်။


ပို
ပို၍ တက်ကြွမှု ရှိလာခြင်း

မြန်မာပြည်မှာ ပေါ်ပြီးတော့ ပျောက်သွားတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ကုမ္မဏီတွေ အများကြီးမှ အများကြီးပါ။ ဒါတွေကို ကြည့်လိုက်ရင် အဓိကက Active ဖြစ်မလာတော့လို့ပါ။ ကောက်ရိုးမီးလိုပဲ စစချင်းမှာ အရှိန်အဟုန်နဲ့ တောက်လောင်ပြီး နောက်တော့ ငြိမ်းသွားကြပါတယ်။ ဒါကြောင့်လည်း မအောင်မြင်ရခြင်းပါ။ Plan တစ်ခုချထားပြီးရင် ယင်း Plan ကာလအတွင်း ဆက်လက် အသက်ရှင်နိုင်ဖို့ Resource ခိုင်ခိုင်မာမာ ရှိရမယ်။ ကိုယ့် Product ကို ဘယ်တစ်ဦးတစ်ယောက်ကမှ အားမပေးသေးသည့်တိုင် Product ကိုဆက်လက်အသက်ရှင် စေဖို့ ကြိုးစားဖော်ဆောင်ရမှာက ကိုယ့်ရဲ့  တာဝန်ပဲ ဖြစ်ပါတယ။် ဒီတော့ အမြဲ တက်တက်ကြွကြွ ရှိနေဖို့ လိုအပ်ပါတယ်။


ထက်မြက်မှု ရှိခြင်း

မြန်မာပြည်က ဆင်းရဲတယ်။ အလုပ်လုပ်ရခက်ခဲတယ်။ ဟုတ်ပါတယ် မငြင်းပါဘူး။ သို့ပေမယ့် ဒါဟာ အကောင်းဆုံး အခြေအနေပါ။ The more difficult the economy, the greater the opportunities ဆိုတဲ့ စကား အတိုင်း ဖြစ်ပါတယ်။ စီးပွားရး အကြပ်အတည်းဖြစ်လေလေ၊ ကိုယ့်အတွက် အခွင့်အလမ်းတွေ ပိုထွက် လာလေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ မြန်မာပြည် မှာတင် ချမ်းသာသွားတဲ့ သူတွေကို ကြည့်ပြီး ဥပမာ ယူနိုင်တာတွေ ရှိပါတယ်။ သူတို့ ဘယ်လို လုပ်ပြီး အောင်မြင်သွားလဲ၊ ချမ်းသာသွားလဲ။ သမာအာဇီဝ ဘောင် တွင်းကနေတင်ပဲ အောင်မြင် သူတွေကို လေ့လာပြီးတော့ ခက်ခဲလေလေ အောင်မြင်လေလေဆိုတဲ့ စိတ်မျိုး ရှိရမယ်။ အတွေးအခေါ်အသစ်တွေ၊ ပြဿနာ ဖြေရှင်းနည်း အသစ်တွေ၊ နည်းလမ်း သစ်တွေ ရှာဖွေ နိုင်ဖို့ အတွက် ကိုယ်က အမြဲ ထက်မြက်နေဖို့ လိုအပ်နေပြန် ပါသေးတယ်။


ကျယ်ပြန့်သော ကွန်ရက်ရှိခြင်း

Omnipresent ဆိုတဲ့ စကားလုံးပါ။ ကိုယ်ဟာ နေရာတိုင်းမှာ ရှိနေဖို့ လိုအပ်ပါတယ်။ စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့ ကိုယ်အိမ်တွင်းထဲမှာပဲ၊ ကုမ္မဏီထဲမှာပဲ နေနေ၊ ထိုင်နေလို့ မရတော့ပါဘူး။ Local ဆိုလည်း Local အလျောက်၊ Global ဆိုလည်း Global အလျောက် သူ့နေရာနဲ့သူ Customer ရရှိအောင်၊ Network ကျယ်ပြန့် အောင် စွမ်းဆောင်နိုင်ဖို့ လိုအပ် ပါသေးတယ်။ Market ကျယ်ကျယ်ဝန်းဝန်းမှာ ကိုယ့် ပစ္စည်းသာ ရှာဖွေ တွေ့ရှိဖို့ လွယ်နေရင် ဝယ်မယ့်သူလည်း ရှိကိုရှိလာမှာပါ Quality နဲ့ Service သာ ကောင်းရင် အောင်မြင်ဖို့ လမ်းစက ပိုနီးစပ်သွားပါပြီ။ ဒီတော့ နေရာတိုင်းမှာ ကိုယ်က Present ရှိနေဖို့ကလည်း အရေးကြီး လိုအပ်တဲ့ အချက် တစ်ခု ဖြစ်ပါတယ်။


ခံယူချက် အမှန်ရှိသူ

စီးပွားရေး လုပ်နေသူများကို မေးတဲ့အခါ အဖြေ နှစ်မျိုး ထွက် လာပါတယ်။ အချို့ က ချမ်းသာချင်လို့ စီးပွားရေး လုပ်တယ်။ အချို့ က စီးပွားရေး လုပ်ချင်လို့ကို စီးပွားရေး လုပ်တယ်။ ဘယ်ဟာမှန်တယ် မှားတယ်လို့ မဆိုလို ပါဘူး။ သို့ပေမယ့် စီးပွားရေး လုပ်ချင်လို့ လုပ်တာက ပိုပြီးတော့ ကောင်းတဲ့ ခံယူချက် တစ်ခုပါ။ ငွေကြေး ချမ်းသာချင်လို့ စီးပွားရေး လုပ်သူမှာ သူ့ Target က ငွေကြေး ပမာဏ အခြေအနေ တစ်ခု ဖြစ်နေတတ်ပြီး ယင်းနေရာကို ရောက်ရင် ရပ်တန့်သွားပါတယ်။ ဒါတောင် အဲ့ဒီနေရာ ကို ရောက်ဖို့ ပိုပြီးတော့ အချိန်ကြာတတ် ပါတယ်။ စီးပွားရေး (Economy) ကို စိတ်ဝင်စားလို့ လုပ်ကိုင်သူက Target တွေ တစ်ခုပြီး တစ်ခု ရှိနေ တတ်ပြီး သူ့ Destiny က ဘယ်တော့မှ ရပ်တန့်မသွားပါဘူး။ သေမှ ရပ်တန့်ပါတယ်။ ဒါ လောဘ မဟုတ်ပါဘူး။ ဇွဲ၊ဆန္ဒ ဖြစ်ပါတယ်။


writter ;; အောင်ခမ်း

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

#social punishment#Boycott