Posts

Showing posts with the label မူးယစ်ဆေးဝါး

မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ရှမ်းပြည်လူငယ်ဘဝများ

Image
"ရှမ်းပြည်မှာ အများဆုံးက မူးယစ်ဆေးဝါးပဲ။ လူ‌ငယ်တွေ အလွယ် လုပ်နေကြတယ်" လို့ ဆိုသူက ရှမ်းတောင်ပိုင်း မြို့ငယ်တစ်မြို့က ထီသည် အဘိုးကြီးတစ်ဦ်း။ မူးယစ်ဆေးဝါးရယ် ၊ဝှစ်သောက်ကားရယ်က အပေါဆုံးပဲ လို့လည်း ဆိုသူက ဆို။ မူးယစ်‌ဆေးဝါး သုံးစွဲသူများအနေနှင့် ရပ်ကွက်ထဲတွင်ပင်  လဖက်ရည်ဆိုင်ထိုင်ရန် ပြောဆိုနေသလို သုံးစွဲရန် အေးအေးဆေးဆေး အော်ဟစ်ပြောဆိုနေကြသည်ကို ကြားသိခဲ့ရသည်။ ရှမ်းပြည်နယ်သည် ယခင်ကတည်းက မူးယစ်ဆေးဝါး ထုတ်လုပ်ရာ နေရာအဖြစ် နာမည်ကြီးသော်လည်း ယခုလောက် ပေါပေါများများ မရှိလှချေ။ သို့သော် လွန်ခဲ့သည့် လေးငါးနှစ်ခန့်က စပြီး မူးယစ်ဆေးဝါးကို အလွယ်ရလာကြသလို ဈေးကလည်း ပေါလှသည့် အနေအထားမျိုး ကြားသိရသည်။အထူးသဖြင့် WY ကဲ့သို့ မူးယစ်ဆေးဆိုလျှင် အရက်ကြမ်းထက်ပင် ဈေးသက်သာလှသဖြင့် လူငယ်တွေ အရက်မသောက်ကြတော့။ ဆေးပြားချရသည်ကိုပင် ပိုခုံမင်လာကြသလို ဂုဏ်ယူစရာဟုပင် သတ်မှတ်လာကြသည်။ မူးယစ်ဆေးဝါးသုံးစွဲသည်မှာ အရက်သောက်သကဲ့သို့ မဟုတ်ပဲ ငြိမ်ဆေးကဲ့သို့ ဖြစ်ရာ တချို့လူကြီးများက မိမိသားသမီးတို့  မူးယစ်ဆေးစွဲနေသည်ကိုပင် မသိရှိကြသူ များသည် ဟု ဆိုကြသည်။ အများစုမှာ အရက်မသောက် ဆေးလိပ် မသောက်ပဲ မူးယစ်...