တွေ့ရ ကြုံရ စီးပွားရေး မီဒီယာသမားဘဝ
ရန်ကုန် စရောက်ခါစ မမျော်လင့်ပဲ Politics Science သင်တန်း တက်မိပြီးနောက် မီဒီယာသမားတွေကို အားကျလို့သာ သတင်းသမားဖြစ်လာခဲ့တယ်။ သတင်းသမားစစ်စစ်ရယ်လို့တော့ မခံယူနိုင်သေးဘူး။ သင်ခဲ့ရတဲ့ အချက်တွေအရ ခံစားမူ မရှိပဲ သတင်းတွေဖော်ပြရဲဖို့ပဲ။ သို့သော်ကိုယ်ဆိုသည်မှာ သတင်းလိုက်တာ ကိုယ်လည်း သိချင်တာကို ပြန်ဝေမျတဲ့ သဘောဖြစ်ပြီး အတိုက်အခံလုပ်တာမျိုးတွေ သိပ်မကြိုက်လှတဲ့အတွက်ပဲ။ အကို တစ်ယောက် အပြောအရဆို အကောင်းမြင်စိက် များတယ် လို့ ဆိုတယ်။ တကယ်စိတ်အခံက အနုပညာဇန် ပိုးရှိတယ် လို့ပဲ တွေးမိတယ်။ တခုခုဆို လိုက်ခံစားပေးနိင်တဲ့ အချက်တခုနဲ့တင် ကိုယ့်ဟာ သတင်းသမားကောင်း တခု မဖြစ်နိုင်ဘူးလို့လည်း တွေးမိရဲ့။ ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို စတွေ့တော့ တုန်လှုပ်မိသေးတယ်။ တခြားသတင်းသမားတွေက အေးဆေးဆိုတဲ့ အချိန်မှာ။ ကံကောင်းထောက်မလို့ သမ္မတ ဦးသိန်းစိန်ကို သမ္မတအိမ်တော်မှာ တွေ့ရတုန်းက မျောက်အုန်းသီးရသလိုပဲ။ ဒါမျိုးအခွင့်အရေးကလည်း သာမန်ပြည်သူသာဆို ရဖို့ မလွယ်။ ဒီလိုအချိန်တွေမှာ ငါနိုင်ငံကွ လို့ ဂုဏ်ယူမိသေးတယ်။ တချို့သတင်းသမားတွေနဲ့တော့ စိတ်မတူလောက်ပေမယ့် ကိုယ်တော့ ဂုဏ်ယူမိသေးတယ်။ အတော်ခံစားမိလိုက်တာ။ တ...