နိင်ငံခြားရင်းနှီးမြုပ်နှံမူ တိုးတက်လာ တရုက်နှင့် ထိုင်း ဦးဆောင်ဆဲ
မြန်မာနိင်ငံတွင် ရင်းနှီးမြုပ်နှံမူမှာ ၂၀၁၅ခုနှစ်ဆန်းပိုင်းတွင် အမေရီကန်ဒေါ်လာသန်းပေါင်း(၅၃၁၇၀.၈၀၈)အထိရောက်ရှိလာခဲ့ကာ ထိပ်သီးရင်းနှီးမြုပ်နှံမူတွင် တရုက်၊ထိုင်း၊စကာင်္ပူနှင် ဟောင်ကောင်တို့က ဦးဆောင်နေဆဲ့ ဖြစ်ကြောင်း မြန်မာနိင်ငံရင်းနှီးမြုပ်နှံနှင့် ကုပ္မဏီများ ညွန်ကြားမူဦးစီဌာနမှ သတင်းထုက်ပြန်ချက် အရ သိရှိရသည်။ မြန်မာနိင်ငံတွင် ထိပ်သီးရင်းနှီးမြုပ်နှံသူအဖြစ် တရုက်က အမေရီကန်ဒေါ်လာသန်း(၁၄၄၉၃.၉၁၀)ဖြင့် (၂၇)ရာခိုင်နူန်းကျော် ရှိနေခဲ့ကာ ယင်းနောက်တွင် ထိုင်းနိင်ငံ မှ အမေရိကန်ဒေါ်လာသန်း(၁၂၄၇.၉၄၄)၊စကာင်္ပူနိင်ငံမှ ဒေါ်လာ(၈၄၈၆.၃၀၅)သန်း၊ဟောင်ကောင်မှ ဒေါ်လာသန်းပေါင်း(၇၁၁၈.၀၁၅)ဖြင့် အသီးသီး ရှိနေကြသည်။ မြန်မာနိင်ငံတွင် နိင်ငံပေါင်း(၃၇)နိင်ငံရှိပြီး လုပ်ငန်းပေါင်း(၈၆၆)ခု အမေရိကန်ဒေါ်လာ သန်းပေါင်း(၅၃၁၇၀.၈၀၈)ရှိနေကာ ထိပ်သီး (၁၀)နိင်ငံမှာ တရုက်၊ထိုင်း၊စကာင်္ပူ၊ဟောင်ကောင်၊ဗြိတိသျှ၊တောင်ကိုရီးယား၊မလေးရှား၊ဗိယက်နမ်၊နယ်သာလန် နှင့် ပြင်သစ်နိင်ငံတို့ ဖြစ်ကြကာ သီလ၀ါ အထူးစီးပွားရေးဇုန်ကို ထူထောင်နေသည့် ဂျပန်နိင်ငံမှာ အဆင်(၁၂)တွင်သာ ရပ်တည်နေသည်။ မြန်မာနိင်ငံသို့ လာရောက်ရင်းနှီးမြုပ်နှံမူတွင် ...