တရုက်ကို ဆန်တရားဝင်တင်ပို့ရန် MAPCO သာ အဆင့်မှီ ဟု ဆန်ကုန်သည်တို့ ဆို
တရုက်ကို ဆန်တရားဝင်တင်ပို့ရန်အတွက် အများပိုင်ကုပ္မဏီကိုးခုကို
ရွှေးချယ်ထားသော်လည်း အရည်အချင်းပြည်မှီသည့် ကုပ္မဏီ အနေနှင့် MAPCO တခုသာ ရှိနေကြောင်း
ပြည်တွင်းဆန်ကုန်သည်တို့ ပြောကြားသည်။
လက်ရှိ တရုက်ကို ဆန်တရားပို့ရင် သူတို့တောင်းဆိုတဲ့ အရည်အချင်းတွေနဲ
ပြည့်တာ MAPCO တခုပဲ ရှိတယ်။ ကျန်တဲ့ အများပိုင် ကုပ္မဏီတွေက ကုန်သည်တွေပဲ များတာကိုး။
ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ အတွင်းရေးမူး ဦးသန်းဦးက ဆိုသည်။
တရုက်မှ တောင်းဆိုထားသည့် အချက်များနှင့် အကိုက်ညီဆုံးမှာ
MAPCO အများပိုင် ကုပ္မဏီ တခုသာ ရှိနေပြီး ကျန်အများပိုင်ကုပ္မဏီတို့မှာ ကုန်သည်အများစုဖြင့်
ဖွဲ့စည်းထားခြင်း၊ဂိုထောင်ရုံ၊အရည်အသွေး ပြည်မှီသည့် ဆန်စက်များ မရှီသေးခြင်း၊လုပ်ငန်းဆောင်ရွှက်မူ
စနစ်တကျဖြင့် စုစည်း ဆောင်ရွှက်နိင်ရန် မလွယ်ကူးသေးခြင်းတို့ကြောင့် တရုက်မှ လက်ခံရန်
အခွင့်အရေး နည်းပါသည် ဟု ကုန်သည်တို့က ဆိုသည်။
ကုပ္မဏီတွေက အသင်းအဖွဲ့တွေက နေ စုစည်းထားတာ။အရည်အသွေးပိုင်ဆိုင်ရာတွေ
လာပြီး စစ်ဆေးရင် ပြစရာ မရှိဖူး။ ဟု ကုန်သည် တစ်ဦးက ဆိုသည်။
တရုက်ကို ဆန်တရားတင်ပို့မူကို လာမည့် ၂၀၁၅ခုနှစ် မတ်လတွင်
စတင်နိင်မည်ဖြစ်ကာ အဆိုပါ ဆန်ကုပ္မဏီ(၉)ခုမှာ တရုက် CCIC မှ အရည်အသွေး ပြည့်မှီကြောင်း
ထောက်ခံမှ တင်ပို့နိင်မည် ဖြစ်ကြောင်း MRF မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
လက်ရှိ တရုက်ကို တရားဝင်တင်ပို့ရန် ပြင်ဆင်နေသည့် အများပိုင်ကုပ္မဏီ
(၉)ခုမှာ MAPCO။ကုန်သည် အသင်းမှ ထူထောင်သည့် MRB၊ဆန်စက်အသင်းမှ ထူထောင်သည့် ကုပ္မဏီ၊Golden
Land East Asia ကုပ္မဏီ၊မန္တလေး အသင်းမှ ထူထောင်သည့် ကုပ္မဏီ၊ဘုရင့်နောင်ဆန်ဒိုင်မှ ထူထောင်သည့်
ကုပ္မဏီ၊ဧရာပုသိမ်ကုပ္မဏီ၊ ရှမ်းပြည်အသင်းမှ ထူထောင်သည့် ကုပ္မဏီ ၊ရခိုင်ပြည်နယ် အသင်းမှ
ထူထောင်သည့် ကုပ္မဏီ တို့ ဖြစ်ကြသည်။
ဆန်တင်ပို့ရာတွင်လည်း CCIC မှ အစစ်ဆေး ခံယူရအုန်းမည် ဖြစ်ကာ
အရည်အသွေး ပြည်မှီသော ဆန်ကိုသာ တင်ပို့ခွင့် ရရှိမည် ဖြစ်ကာ တရုက်မှ လက်ခံသော ကုပ္မဏီသာ
တရားဝင်တင်ပို့ခွင့် ရရှိမည် ဖြစ်သည်။
Comments
Post a Comment