Posts

Showing posts from April 29, 2018

ASEAN+3 ဒေသဆိုင်ရာစီးပွားရေးအမြင် (AREO) 2018

Image
မက်ခရိုစီးပွားရေးအလားအလာများနှင့်စိန်ခေါ်မှုများ  ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလားအလာသည် တိုးတက်ပြီးနှင့် ပေါ်ထွန်းစနိုင်ငံများ၏ ငွေကြေးဖောင်းပွမှု တည်ငြိမ် ခြင်းနှင့်အတူ တိုးတက်လျှက်ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ ခိုင်မာသောဖွံ့ဖြိုးမှုတွင်   အခွန်လျှော့ချမှုများ၊ ယခု နှစ်နှင့် အနာဂတ်တွင် မျှော်မှန်းထားသော ငွေကြေးသုံးစွဲမှုများမှ ငွေကြေးလှုံ့ဆော်မှုများနှင့်အတူ ဈေးနှုန်းဖိအား များ၏ တည်ငြိမ်မှုကို တွေ့မြင်ရပြီးဖြစ်သည်။ ဥရောပဇုန်တွင် ပုဂ္ဂလိက ကဏ္ဍလိုအပ်ချက် ခိုင်မာတောင့်တင်းစေခြင်း အားဖြင့် အတက်အကျ ဖြစ်နေသော နာလန်ထူမှုသည်   ကြိုတင်မျှော်လင့်ထားသည်ထက် ပိုမိုကြံ့ခိုင်လာသည်။ ဥရောပဇုန်နှင့် ဆန့်ကျင်ဘက်အားဖြင့် ဗြိတိန်နိုင်ငံ၏ စီးပွားရေးသည် ဘရီဇစ် (Brexit) မသေချာမှုနှင့်အတူ နှေးကွေးလျှက်ရှိသည်။ ကမ္ဘာ့ကုန်သွယ်ရေးသည် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားဖြစ်သော တစ်ပိုင်းလျှပ်ကူးပစ္စည်းလည်ပတ်မှု မြင့်တက်ခြင်းမှ ထပ်တိုးသောတွန်းအားနှင့် ဖွံ့ဖြိုးလာသော ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များနှင့်အတူ အခိုင်အမာ ကျယ်ပြန့်လျှက်ရှိ သည်။ ကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်းရောင်းချမှုများကဲ့သို့သော နည်းပညာကဏ္ဍညွှန်းကိ...

ရန်ကုန်မြို့ ကို သဘာဝဘေးအန္တရယ် ကာကွယ်ရေး လုပ်ငန်းများ ကို ဆောင်ရွှက်ရန် ကမ္ဘာဘဏ်နှင့် ဂျပန်မှ USD (၁၁၇)သန်း ချေးမည်

Image
ကမ္ဘာဘဏ်နှင့် ဂျပန်နိင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ(၁၁၇)သန်းဖြင့် ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်များ၊ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦများအဆင့်မြှင့်တင်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင် ရာလုပ်ငန်းများဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရမှ သတင်းထုက်ပြန်ချက်အရသိရသည်။ ကမ္ဘာ့ဘဏ်မှချေးငွေအမေရိကန်ဒေါ်လာ (၁၁၆)သန်းနှင့်ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် နိုင်ငံတကာ အလှူရှင်များစွာပါဝင်သည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် အာမခံ ရန်ပုံငွေ (SEADRIF)အတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်သန်း စုစုပေါင်းအမေရိကန်ဒေါ်လာ(၁၁၇) သန်းဖြင့်ရန်ကုန်မြို့၏ သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများ၊ ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်များနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အဦများအဆင့်မြှင့်တင်မည် ဟု သတင်းထုက်ပြန်ထားသည်။ စီမံကိန်းများ၏ Process များအရ ယင်းစီမံကိန်းသည်ပြည်ထောင်စုအစိုးရကသာ ဆောင်ရွက်နိုင်သည့်စီမံကိန်းတစ် ခုဖြစ်ပြီး ယင်းစီမံကိန်းငွေကြေးကို နိုင်ငံခြားမှ ချေးယူရမည် ဖြစ်သည့်တွက် ပြည်ထောင်စုလွှတ်တော်တွင်တင်ြ ပပြီး အတည်ပြုချက်ယူရမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။ ယင်းစီမံကိန်း...

ရှမ်း အရှေ့တွင် ဧက လေးသိန်းခန့်ရှိသည့် ရွှေမိုင်း လုပ်ကိုင်ရန် သြစတေးလျ ရွှေမိုင်း ကုမ္ပဏီ စီစဉ်

Image
သြစတေးလျ အခြေစိုက် Access Asia Mining ကုပ္မဏီအနေနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် ဧက လေးသိန်းခန့် ရှိသည့် ရွှေမိုင်း စီမံကိန်းကို ဆောင်ရွှက်ရန် ရှမ်းပြည်နယ် အစီုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း သိရှိရသည်။ အဆိုပါ စီမံကိန်းမှာ Access Asia Mining ကုမ္ပဏီ အနေနှင့် မြန်မာပြည်တွင် လုပ်ကိုင်မည့် ရွှေမိုင်း စီမံကိန်း(၄)အနတ် တစ်ခု ဖြစ်သည်။ မိုင်းဖြတ်မြို့နယ်တွင် မြေဧက လေးသိန်းခန့် ကျယ်ပြန့်သည့် နယ်မြေဧရိယာအတွင်း ရွှေတူးဖေါ်ထုတ် လုပ်သည့် ရွှေမိုင်း စီမံကိန်း လုပ်ငန်းကြီးတခု လုပ်ဆောင်မည့် သြစတေးလျ နိုင်ငံမှ Access Asia Mining ကုမ္ဗဏီ အနေနှင့် ရှမ်းပြည်နယ် အစီုးရ၏ ခွင့်ပြုချက်ကို စောင်ဆိုင်းနေပြီး သုံးလအတွင်း လုပ်ငန်း စတင်နိင်ရန် မျော်မှန်းလျက်ရှိကြောင်း သတင်း ထုက်ပြန်ထားသည်။ ရှမ်းပြည်နယ် အစီုးရ၏ ခွင့်ပြုချက်ကို ရရှိပြီးပါက သဘာဝသံယာဇတနှင့်ပါတ်ဝန်းကျင်ထိ န်းသိမ်းရေး ၀န်ကြီးဌာနထံမှ နောက်ဆုံးအဆင့် ခွင့်ပြုချက် ရရှိရန် ဆောင်ရွှက်မည် ဖြစ်ပြီး အဆိုပါ စီမံကိန်းကို Access Asia Minimg ကုမ္ပဏီမှ (၈၀)ရာခိုင်နူန်း၊ဆန်းပါရမီ ကုမ္ပဏီနှင့် တာချီလိက်ရွှေစင် ကုမ္ပဏီ တို့က (၂၀)ရာခိုင်...

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် အလိုက် တစ်ဦးချင်း ပျမ်းမျဝင်ငွေများ

Image
 ရန်ကုန် တိုင်းဒေသကြီးမှာ ရှိတဲ့ မြို့နယ် အလိုက် တစ်ဦးချင်း ၀င်ငွေတွေကို Data ဂရပ်နဲ ပြထားပေးတာပါ။ ကိုယ်နေတဲ့ မြို့နယ် အလိုက် ကိုယ်နေရပ်က ဘယ်လောက် ၀င်ငွေရှိကြလဲ ဆိုတာ ဖော်ပြပေးပါတယ်။ မြို့နယ်ထဲမှာ ရှိတဲ့ လူဦးရေ အားလုံးကို ပျမ်းမျ တွက်ချက်ပေးတာမို့ ပျမ်းမျ စာရင်းပါ။

ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို မေလ ၉ ရက်နေ့တွင် ကျင်းပမည်

Image
ရန်ကုန်မြို့တော်ကြီးကို အာရှတိုက်၏ ရင်းနှီးမြှုပ်နှံမှု ဗဟိုအချက်အချာနေရာ တစ်ခုဖြစ်လာစေရန် Yangon Investment Forum 2018 (YIF 2018) ကို ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ မေလ ၉ ရက်၊ ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တို့မှ ကြီးမှူးကျင်းပမည် ဖြစ်သည့် အဆိုပါ ဖိုရမ်ကို ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူ ဦးရေ ၅၀၀ ကျော် တက်ရောက်ရန် မျှော်မှန်းထားသည်။ “ရန်ကုန်မြို့ ဟာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် အသင့်တော်ဆုံးနေရာ တစ်ခုဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ပြောကြားခဲ့သည်။  Yangon Investment Forum 2018 တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ရှင်းလင်းတင်ပြမည်ဖြစ်ကာ   ဦးဖြိုးမင်းသိန်းသည် ဥပဒေပြုသူများ၊ မူဝါဒချမှတ်သူများနှင့် မြန်မာနိုင...