ASEAN+3 ဒေသဆိုင်ရာစီးပွားရေးအမြင် (AREO) 2018



မက်ခရိုစီးပွားရေးအလားအလာများနှင့်စိန်ခေါ်မှုများ 

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလားအလာသည် တိုးတက်ပြီးနှင့် ပေါ်ထွန်းစနိုင်ငံများ၏ ငွေကြေးဖောင်းပွမှု တည်ငြိမ် ခြင်းနှင့်အတူ တိုးတက်လျှက်ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ ခိုင်မာသောဖွံ့ဖြိုးမှုတွင်  အခွန်လျှော့ချမှုများ၊ ယခု နှစ်နှင့် အနာဂတ်တွင် မျှော်မှန်းထားသော ငွေကြေးသုံးစွဲမှုများမှ ငွေကြေးလှုံ့ဆော်မှုများနှင့်အတူ ဈေးနှုန်းဖိအား များ၏ တည်ငြိမ်မှုကို တွေ့မြင်ရပြီးဖြစ်သည်။ ဥရောပဇုန်တွင် ပုဂ္ဂလိက ကဏ္ဍလိုအပ်ချက် ခိုင်မာတောင့်တင်းစေခြင်း အားဖြင့် အတက်အကျ ဖြစ်နေသော နာလန်ထူမှုသည်  ကြိုတင်မျှော်လင့်ထားသည်ထက် ပိုမိုကြံ့ခိုင်လာသည်။ ဥရောပဇုန်နှင့် ဆန့်ကျင်ဘက်အားဖြင့် ဗြိတိန်နိုင်ငံ၏ စီးပွားရေးသည် ဘရီဇစ် (Brexit) မသေချာမှုနှင့်အတူ နှေးကွေးလျှက်ရှိသည်။
ကမ္ဘာ့ကုန်သွယ်ရေးသည် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားဖြစ်သော တစ်ပိုင်းလျှပ်ကူးပစ္စည်းလည်ပတ်မှု မြင့်တက်ခြင်းမှ ထပ်တိုးသောတွန်းအားနှင့် ဖွံ့ဖြိုးလာသော ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များနှင့်အတူ အခိုင်အမာ ကျယ်ပြန့်လျှက်ရှိ သည်။ ကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်းရောင်းချမှုများကဲ့သို့သော နည်းပညာကဏ္ဍညွှန်းကိန်းများက ကမ္ဘာ့ ကုန်သွယ်ရေးအတွက် ခိုင်မာသောအရှိန်ကို ဆက်လက်ညွှန်းဆိုလျှက်ရှိသည်။ စွမ်းအင်နှင့်စက်မှုဆိုင်ရာ သတ္တု ပစ္စည်းများ၏ ကုန်ပစ္စည်းဈေးနှုန်းများက ပို့ကုန်များကို ပြန်လည်ထိန်းမတ်ပေးလျှက် ရှိသည်။
ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ယင်း၏ငွေကြေးမူဝါဒပုံမှန်ဖြစ်ရေးနှင့် အတိုးနှုန်းများမြှင့်တင်ရေးကို စတင်ဆောင်ရွက်လျှက်ရှိပြီး ECB မှနှုတ်ထွက်ရေးမဟာဗျူဟာချမှတ်မှုနှင့်အတူ ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေများ ပိုမိုတင်းကျပ်လာပေလိမ့်မည်။ အမေရိကန်ပြည်ထောင်စုတွင် ငွေကြေးဖောင်းပွမှုသည် စိုးရိမ်မှုတစ်ရပ်အဖြစ် ပြန်လည် ဦးမော့လာလျှက်ရှိရာ မျှော်မှန်းသည်ထက် ပိုမိုမြန်ဆန်သော ငွေကြေးမူဝါဒကို ပိုမိုတင်းကျပ်လာစေရန် အစပျိုးပေးလျှက်ရှိသည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းတွင် ကမ္ဘာ့ငွေကြေးစာချုပ်များ၌ အရောင်းသွက်မှု အချို့ရှိလင့်ကစား ASEAN+3 ဒေသပေါ်ထွန်းလာသောဈေးကွက်များတွင် ငွေကြေးစာချုပ်မတည်ရင်းနှီးမှု၊ အသားတင် စီးဝင်လာမှုများအား ဆက်လက်လက်ခံရရှိလျှက်ရှိသည်။ လွန်ခဲ့သော ငါးနှစ်ကျော်တွင် ဒေသသည် ငွေကြေးစာချုပ်ဈေးကွက်များအတွင်းသို့ ကြီးမားသောစီးဝင်မှုများကို လက်ခံရရှိခဲ့ရာ ကမ္ဘာ့ဘဏ္ဍာရေး အခြေအနေ တင်းကြပ်မှုများ သို့မဟုတ် ယုံကြည်မှုပြိုကွဲခြင်း၏ ရိုက်ခတ်မှုများဖြင့် အစပျိုးလာဖွယ်ရှိသော စီးထွက်မှုများ၏ စွန့်စားရမှုနှင့် သက်ရောက်မှုတို့ကို အနီးကပ်စောင့်ကြည့်ကြီးကြပ်သင့်ပေသည်။
ကမ္ဘာလုံးဆိုင်ရာ အခြေအနေကောင်းများ၏ မြှင့်တင်အားပေးမှုကြောင့် ဒေသဆိုင်ရာစီးပွားရေးဖွံ့ဖြိုးမှုသည် ခံနိုင် ရည်ရှိသော ပြည်တွင်းဝယ်လိုအားနှင့် ပို့ကုန်ဖွံ့ဖြိုးမှု၊ တည်ငြိမ်သောငွေကြေးဖောင်းပွမှုနှင့်အတူ ကျားကန်ပေးလျှက် ရှိသည်။ ဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းအများစုသည် ဖွံ့ဖြိုးမှုလမ်းကြောင်းဝန်းကျင်တွင် ရလာဒ်ကွာဟမှု အနည်း ငယ်သာရှိသော အလယ်အလတ်လုပ်ငန်းများ ဖြစ်ကြသည်။ ပို့ကုန်ဝယ်လိုအားတိုးတက်ခြင်းနှင့်အတူ ဒေသရှိ ဖွံ့ဖြိုးမှု ကို AMRO ၏ ASEAN+3 ဒေသအတွက် GDP ဖွံ့ဖြိုးမှုခန့်မှန်းချက်ဖြစ်သော ၂၀၁၈ ခုနှစ်အတွက် ၅.၄% နှင့် ၂၀၁၉ ခုနှစ်အတွက် ၅.၂% တို့ဖြင့် ၅%ကြားအဆင့်တွင် ထိန်းသိမ်းထားနိုင်မည်ဟု မျှော်မှန်းသည်။ GDP ဖွံ့ဖြိုးမှုကို ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံအတွက် ၆.၆% နှင့် ဂျပန်နိုင်ငံအတွက် ၁.၃% ခန့်မှန်းထားသည်။
ASEAN+3 ဒေသကြုံတွေ့လျှက်ရှိသော အနီးကပ်ကာလ အဓိကစွန့်စားရမှုနှစ်ရပ်သည် ပြင်ပမှရိုက်ခတ်မှုဖြစ်ပြီး AMRO ၏ကမ္ဘာလုံးဆိုင်ရာ စွန့်စားမှုပြမြေပုံတွင် အကျဉ်းချုပ်ဖော်ပြထားသကဲ့သို့ပင်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ ပြည်တွင်းငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းအား တုံ့ပြန်ရာတွင် အတိုးနှုန်း မြှင့်တင်မှုများကြောင့် ပေါ်ပေါက်လာသော ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအခြေအနေများ မျှော်မှန်းသည် ထက် ပိုမိုမြန်ဆန်လာခြင်းသည် မူဝါဒဆောင်ရွက်ချက်များ အားကောင်းစွာ ဆက်သွယ်မှုမရှိလျှင် ပြင်းထန် သော ဈေးကွက်တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ ယင်းသည် မတည်ရင်းနှီးမှု စီးထွက်မှုများ ပိုမို မြင့်မား သောအချုပ်အခြာအာဏာအလျှော့ပေးရမှုများ ချေးယူမှုစရိတ်မြင့်မားခြင်းများနှင့် ကြွေးမြီပြန်လည်ပေးဆပ် ရမှုများမှတစ်ဆင့် ဒေသသို့ ပျံ့နှံ့လာမည်ဖြစ်သည်။
• ASEAN+3 ဒေသရှိ နိုင်ငံများအပါအ၀င် အဓိကကုန်သွယ်ဘက်နိုင်ငံများအပေါ် အမေရိကန်ပြည်ထောင်စု၏ သွင်းကုန်နှင့် အခွန်စည်းကြပ်မှုများမှတစ်ဆင့် ကမ္ဘာ့ကုန်သွယ်ရေးတင်းအားများ မြင့်တက်လာခြင်းသည် ဒေသ၏ခိုင်မာသော ပို့ကုန်ဖွံ့ဖြိုးမှုကို လမ်းလွဲစေနိုင်သည်။ ကုန်သွယ်ရေးတင်းအားများ၏ ရိုက်ခတ်မှုသည် ကမ္ဘာ့တန်ဖိုးကွင်းဆက်များ (GVC) များမှတစ်ဆင့် ဒေသအတွင်းသို့ တိုးချဲ့ဝင်ရောက်လာမည် ဖြစ်သည်။ ထို့ပြင် ကုန်သွယ်ရေးတင်းအားမြင့်တက်မှုသည် မသေချာမရေရာမှုများ မြင့်မားလာပြီး ကမ္ဘာ့စီးပွားရေး အပြင် ဘဏ္ဍာရေးဈေးကွက်များသို့ပါ ဂယက်ရိုက်လာမည်ဖြစ်သည်။
အနီးကပ်ကာလတွင် နောက်ဆက်တွဲပါလာမည့် စွန့်စားမှုများ၌ ဒေသတွင်း ပထ၀ီနိုင်ငံရေးစွန့်စားမှုများ မြင့်တက် လာခြင်းနှင့် ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၏ စွန့်စားမှုများနှင့်ဆက်စပ်သော G3 နိုင်ငံများ၏ မျှော်မှန်းသည်ထက် ဖွံ့ဖြိုးအားနည်းလာခြင်းများပါဝင်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုတွင် မျှော်မှန်းသည် ထက် တစ်ဟုန်ထိုး ကျဆင်းမှုမျိုးသည် အနီးကပ်ကာလတွင် ဖြစ်နိုင်ဖွယ်မရှိဟုအကဲဖြတ်သည်။ အဆုံးသတ်အားဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကဲ့သို့သော စီးပွားရေးမဟုတ်သည့် စွန့်စားမှုများနှင့် ဆိုက်ဘာ တိုက်ခိုက်မှုများလည်း ရှိကြပါသည်။
ပြည်ပ၀ယ်လိုအား တိုးတက်ခြင်းသည် ဒေသအား ပြင်ပရိုက်ခတ်မှုအလားအလာကို ခံနိုင်ရည်ရှိသော ဒဏ်ခံလွှာများ ကို တည်ဆောက်ခွင့်ရရှိစေသည်။ ဒေသဆိုင်ရာ ပြည်တွင်းဘဏ္ဍာရေးဈေးကွက်များတွင် ပြည်ပမှ ပါဝင်ဆောင်ရွက် မှု၏ သိသာထင်ရှားသောအဆင့်ကို ထည့်သွင်းစဉ်းစားလျှက် အလွယ်ရနိုင်သော ပြည်တွင်းငွေကြေးရပိုင်ခွင့်၊ ရင်းနှီးမှုစီးထွက်မှု ရုတ်တရက် ဖြေလျှော့ပေးခြင်းနှင့် စွန့်စားမှုဖယ်ရှားသောဖြစ်စဉ်သည်  ငွေကြေးလဲလှယ်နှုန်းများ နှင့် နိုင်ငံခြားအရန်ငွေကြေးများအပေါ် ဖိအားလျော့ကျစေမည်ဖြစ်သည်။ သို့ရာတွင် မကြာသေးမီနှစ်များတွင် ဒေသဆိုင်ရာ ငွေကြေးလဲလှယ်နှုန်းများသည် ပို၍တိုးသာဆုတ်သာရှိလာခဲ့ပြီး ဒဏ်ခံကြားခံလွှာအဖြစ် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ အာဏာပိုင်များ၏ အမြော်အမြင်ရှိသော ဖြေရှင်းဆောင်ရွက်မှုများနှင့်အတူ ပြင်ပ လှုံ့ဆော်မှုများအား ထိန်းချုပ်နိုင်ပြီး ပကတိ စီးပွားရေးအပေါ် ရိုက်ခတ်မှုများကို စီမံခန့်ခွဲနိုင်ပေသည်။
မူဝါဒချမှတ်သူများသည် ရှေ့တွင်ကြုံတွေ့ရမည့် ပိုမိုတင်းကျပ်သော ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေများအတွက် မူဝါဒ စွမ်းရည် အထူးသဖြင့် ငွေကြေးမူဝါဒစွမ်းရည်ကို ဆက်လက်တည်ဆောက်ရမည်။ ငွေကြေးဆိုင်ရာ၊ ဘဏ္ဍာရေး ဆိုင်ရာနှင့် ကျယ်ပြန့်သော မြော်မြင်ဆင်ခြင်မှုဆိုင်ရာပေါင်းစပ်မူဝါဒများသည် စီးပွားရေးအသီးသီး၏ လက်ရှိတည်ရှိ မှု၊ ချေးငွေလည်ပတ်မှုတို့အပေါ် တည်မီပေလိမ့်မည်။
အလယ်အလတ်စီးပွားရေးလုပ်ငန်းစက်ဝန်းရှိ နိုင်ငံများအတွက် ငွေကြေးဆိုင်ရာ သို့မဟုတ် ဘဏ္ဍာရေး ဆိုင်ရာ လှုံ့ဆော်မှုရရှိရန် မူဝါဒချမှတ်သူများအတွက် ခိုင်မာသောတွန်းအားရှိမည် မဟုတ်ပေ။ အပြန်အလှန် အားဖြင့် ငွေကြေးဖောင်းပွမှုများ၏ သို့မဟုတ် ပြင်ပဟန်ချက်မညီမျှမှုများ၏ အရိပ်လက္ခဏာများရှိသည့် နောက်ကျသော စီးပွားရေးလုပ်ငန်းစက်ဝန်းရှိ နိုင်ငံများအတွက် မူဝါဒချမှတ်သူများသည် ငွေကြေး လိုက်လျောမှုအဆင့်ညှိနှိုင်းခြင်းနှင့် ဘဏ္ဍာရေးလှုံ့ဆော်မှုလျှော့ချခြင်းတို့ကို ထည့်သွင်းစဉ်းစားနိုင်ပေ သည်။ • ဒေသဆိုင်ရာနိုင်ငံအများစုသည် အလယ်အလတ်စီးပွားရေးလုပ်ငန်းစက်ဝန်းအတွင်း စောစီးစွာ ရှိနေကြ သည့်တိုင်အောင်ပင် ယခင်နှစ်များက ကြွေးမြီအစုအပုံများကြောင့် မူဝါဒချမှတ်သူများသည် စီးပွားရေးဖွံ့ဖြိုးမှု နှင့်ပတ်သက်၍ မဝေးသောကာလတွင် ငွေကြေးမူဝါဒဆိုင်ရာတင်းကျပ်မှုနှင့်အတူ ဘဏ္ဍာရေးတည်ငြိမ်မှုကို ဦးစားပေးကြရမည်။ • အိမ်ခြံမြေဈေးကွက်ကဲ့သို့သော အားနည်းချက်များစွာရှိသည့် ကဏ္ဍများတွင် အာမခံချက်ရှိသည့် Macroprudential မူဝါဒသည် ဘဏ္ဍာရေးတည်ငြိမ်မှု အကာအကွယ်ကို အထောက်အကူပြုနိုင်ပြီး ဒေသ ဆိုင်ရာနိုင်ငံအများစုတွင် ယင်းမူဝါဒကို ကြိုတင်လုပ်ဆောင်ပြီး ဖြစ်ကြသည် ။ • ကမ္ဘာ့အခြေအနေများကြောင့် တင်းကြပ်သော ငွေကြေးမူဝါဒနှင့်အတူ ဘဏ္ဍာရေးမူဝါဒသည် ဖွံ့ဖြိုးမှုကို အထောက်အပံ့ပြုရာတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နိုင်သောကြောင့် အားလုံးလွှမ်းခြုံသော မက်ခရို စီးပွားရေးမူဝါဒသည် အလွန်အမင်း တင်းကြပ်မည်မဟုတ်ပါ။ သို့ရာတွင် ၎င်းအချက်သည် ဘဏ္ဍာရေး စွမ်းရည်နှင့် ဘဏ္ဍာရေးစည်းမျဉ်းများအပေါ် မူတည်နေပေသည်။ • ပြည်တွင်းမှ ထိန်းချုပ်မှုများ၊ လွှမ်းမိုးမှုများနှင့် ပြည်ပဘဏ္ဍာရေးထောက်ပံ့မှုများအပေါ် မှီခိုအားထားသည့် အဆင့်ကဲ့သို့သော ပြည်ပဆိုင်ရာ အားနည်းချက်များကို ထည့်သွင်းစဉ်းစား၍ ချိန်သားကိုက်ညှိသော မူဝါဒ
ဖြစ်စေရမည်။ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် ကုန်ထုတ်လုပ်မှုစွမ်းရည် တည်ဆောက်ရန် မူဝါဒ အရှိန်အဟုန်ကို ဆက်လက် မြှင့်တင်ရမည်ဖြစ်သည်။
အဓိကအကြောင်းအရာ။ ပြောင်းလေဲနသော ကမ္ဘာကြီးတွင် ခံနိုင်ရည်ရှိမှုနှင့်ဖွံ့ဖြိုးမှု
အဓိကအကြောင်းအရာနှင့်ဆိုင်သောအခန်းတွင် ကုန်သွယ်မှုနှင့်နည်းပညာကဲ့သို့ပင် ပထ၀ီဝင်ဆိုင်ရာ စိန်ခေါ်မှုများ တွင် ကမ္ဘာလုံးဆိုင်ရာနှင့်ပတ်သက်၍ ဒေသသည် ယင်း၏ခံနိုင်ရည်နှင့်ဖွံ့ဖြိုးမှုတို့အား မည်သို့ ထိန်းသိမ်းထားနိုင်ပုံ ကို လေ့လာတင်ပြထားသည်။ ASEAN+3 နိုင်ငံများသည် "ပို့ကုန်များအတွက် ကုန်ထုတ်လုပ်ငန်း" မဟာဗျူဟာကို လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ကတည်းပင် ဂျပန်နှင့်ကိုရီးယာနိုင်ငံတို့က စတင်ဆောင်ရွက်ပြီးနောက် ASEAN အဓိကနိုင်ငံများနှင့် ယခုအခါ ဖွံ့ဖြိုးဆဲ ASEAN နိုင်ငံများက ဆက်လက်ကိုင်စွဲကာ စီးပွားရေးဖွံ့ဖြိုးမှု အလုပ်အကိုင် ကုန်ထုတ်စွမ်းအားနှင့်လုပ်အားခများကိုမြှင့်တင်ရန် ခိုင်မာ၍ ကိုယ်ထူကိုယ်ထ ရှင်သန်လှုပ်ရှားမှုကို ဖန်တီးလျှက် ရှိကြပေသည်။ လွန်ခဲ့သောဆယ်စုနှစ်တွင် ထုတ်လုပ်မှုအခြေစိုက်စခန်းအဖြစ် တရုတ်နိုင်ငံကို ဗဟိုပြုသော GVC ဖွဲ့စည်းမှုသည် ကုန်ထုတ်လုပ်မှုစွမ်းရည်ကို ခိုင်မာစွာတည်ဆောက်ရန် ဒေသအတွင်း ပို့ကုန်များမြင့်တက်စေရန်နှင့် ပို့ကုန်ရှေးရှုသော FDI မှ အကျိုးအမြတ်ဖြစ်ထွန်းစေရန်တို့အတွက် နိုင်ငံများအား စွမ်းဆောင်နိုင်စေခဲ့သည်။
ဤ " ပို့ကုန်များအတွက် ကုန်ထုတ်လုပ်ငန်း" မဟာဗျူဟာကို နိုင်ငံများအား ကြားခံအဆင့် သွင်းအားစုများအား တင်သွင်းမည့်အစား ထုတ်လုပ်နိုင်စေသော ပြည်တွင်းကုန်ထုတ်စွမ်းအား တိုးတက်သောအမှတ်လက္ခဏာကို ပြသ နေသည့် GVC ဆင့်ကဲဖြစ်စဉ်ရှိ ဖွဲ့စည်းပုံပြောင်းလဲမှုများတွင် စမ်းသပ်ရန်စီစဉ်လျှက်ရှိသည်။ GVC နိုင်ငံများသည် ASEAN+3 ဒေသအား FDI ကို ဆွဲဆောင်ရာတွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဒေသဆိုင်ရာ ကုန်ထုတ်လုပ်မှုအခြေစိုက် စခန်းတစ်ရပ်အဖြစ် ဆောင်ရွက်လျှက်ရှိသကဲ့သို့ ထုတ်လုပ်မှုလမ်းကြောင်းတစ်ရပ်လုံးရှိ ကိုယ်ကျိုးစီးပွားကာကွယ် ရေးစနစ်ကဲ့သို့သော အနီးကပ်ကာလ စိန်ခေါ်မှုများ၏ သက်ရောက်မှုကိုလည်း ခံနိုင်ရည်ရှိစေရန်ကြိုးပမ်းလျှက် ရှိသည်။ အဆိုပါ အင်အားစုများ ဟန်ချက်ညှိမှုသည် ဒေသ၏ ဖွံ့ဖြိုးလာသော ဒေသတွင်း အပြီးသတ် ၀ယ်လိုအားပင် ဖြစ်ပြီး ယင်းသည် ဒေသဆိုင်ရာတင်ပို့မှုများက ပိုမိုလက်ခံသိမ်းသွင်းကာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ၏ ပြင်ပ လှုံ့ဆော်မှုများကိုလည်း ဒဏ်ခံနိုင်သော ကူရှင်သဖွယ် အထောက်အကူပြုနိုင်သည်။
''ပို့ကုန်များအတွက် ကုန်ထုတ်လုပ်ငန်း" ဖွံ့ဖြိုးမှုရှင်သန်ရေးတွင် နည်းပညာသည် နှစ်ဘက်သွားဓားပမာ အခိုင်အမာ သက်သေပြလျှက်ရှိသည်။ တစ်ဘက်တွင် ကုန်ထုတ်လုပ်ငန်းကဏ္ဍရှိ နည်းပညာနှင့် လူအစား စက်ကိရိယာအသုံး ပြုခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းသည် ယခင်ကကဲ့သို့ပင် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်းမရှိဟူသော သဘော သက်ရောက်လျှက်ရှိသည်။ မော်တော်ကားကဏ္ဍနှင့် အ၀တ်အထည်ကဏ္ဍတို့၏ ဖြစ်ရပ်လေ့လာမှုများတွင် ဒေသ အတွင်းရှိ အထည်ချုပ်လုပ်ငန်းနှင့်ဖိနပ် (TCF) လုပ်ငန်းကဏ္ဍများက ထင်ရှားစွာ ပြသလျှက်ရှိသည်။ ကျွမ်းကျင် သော လုပ်သားအင်အားဖွံ့ဖြိုးမှုနှင့် နည်းပညာသစ်ကို လက်ခံအသုံးပြုရန် စွမ်းရည်တည်ဆောက်ရေးတို့တွင် အလှမ်း ဝေးလွန်းစွာ နောက်ကျကျန်ခဲ့သော နိုင်ငံများသည် စီပွားရေးခံနိုင်ရည်ရှိမှုနှင့် ဖွံ့ဖြိုးမှုကိုထိန်းသိမ်းခြင်း ပြုနိုင်မည် မဟုတ်ကြောင်းကို ထိုလေ့လာမှုများက သက်သေပြလျှက်ရှိသည်။
အခြားတစ်ဘက်တွင်မူ နည်းပညာသည် စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်တို့၏ အင်ဂျင်သစ် အလားအလာဖြစ် သော ၀န်ဆောင်မှုကဏ္ဍ ပေါ်ထွန်းလာရေးကို အထောက်အကူပြုလျှက်ရှိပြန်သည်။ ၀န်ဆောင်မှုကဏ္ဍအား အများ အားဖြင့် ထုတ်လုပ်မှုနိမ့်ကျပြီး လုပ်ခနည်းသော အလုပ်အကိုင်များကိုသာ ဖန်တီးသည်ဟု ယူဆထားသော်လည်း ယင်းသည် မှန်ကန်သောစွမ်းဆောင်နိင်စွမ်းရှိသည့် နည်းပညာများ မရှိသောကြောင့်ပင်ဖြစ်သည်။ နည်းပညာအသွင် ပြောင်းလဲရေးဝန်ဆောင်မှုများအား နယ်စပ်ဖြတ်ကျော်၍ ကုန်သွယ်နိုင်စေခြင်းနှင့် ကျွမ်းကျင်သော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းတို့ကို စီးပွားရေးလုပ်ငန်းစဉ် ပြင်ပပံ့ပိုးမှုများဆိုင်ရာ ဖြစ်ရပ်လေ့လာမှုများတွင်  တွေ့မြင်နိုင်သည်။ နည်းပညာသည် ၀န်ဆောင်မှုဝယ်လိုအားတွင် ၀န်ဆောင်မှုများအား ခွဲခြားသိမြင်ရေး ဈေးကွက် မောင်းနှင်အားကို အထောက်အကူပြုပြီး နည်းပညာကိုအသုံးပြုကာ ယင်းဝယ်လိုအားများအား သုံးစွဲသူများသို့ ပိုမို လုံလောက်စွာ ဈေးသက်သက်သာသာဖြင့် ဖြန့်ဖြူးပေးခြင်းဖြင့် ကုန်ပစ္စည်းအဖြစ် အသွင်ပြောင်းနိုင်ပြီး အကောင်းဆုံး ဖြစ်အောင် ဖန်တီးပေးနိင်သည်။ ကုန်ပစ္စည်းတွင် ကုန်သွယ်မှုနှင့်အလားတူစွာ ခရီးသွားလုပ်ငန်းကဲ့သို့ ၀န်ဆောင်မှု များအတွက် ဒေသတွင်းလိုအပ်မှုဖွံ့ဖြိုးခြင်းသည် ဖွံ့ဖြိုးမှု၏ အခြားသောအင်ဂျင်တစ်ခုကို ဖန်တီးနိုင်ပေသည်။
ဒေသတွင်း အပြန်အလှန်လိုအပ်မှုနည်းပညာနှင့် ၀န်ဆောင်မှုကဏ္ဍတို့၏ အကျိုးကျေးဇူးများကို ထိန်းချုပ်ခြင်းနှင့် နိုင်ငံတစ်ခုနှင့် ဒေသတစ်ခုအတွင်း ခံနိုင်ရည်ကိုတည်ဆောက်ခြင်းတို့သည် မူဝါဒအာမခံချက်နှင့် အရေးယူ ဆောင် ရွက်ချက်တို့လိုအပ်သည်။ ASEAN+3 ရှိ နိုင်ငံတစ်ခုချင်းအတွက် ကုန်သွယ်မှု၊ ထုတ်လုပ်မှုနှင့် နည်းပညာတို့ရှိ ပြောင်းလဲမှုများ၏ စိန်ခေါ်မှုများကြောင့် အဓိကအကြံပြုချက်မှာ ဖွံ့ဖြိုးလာသော ၀န်ဆောင်မှုကဏ္ဍ အပါအ၀င် ဖွံ့ဖြိုးမှု ၏ အင်ဂျင်ပေါင်းစုံမှတစ်ဆင့် ခံနိုင်ရည်ကို တည်ဆောက်ရန်ပင်ဖြစ်သည်။ ASEAN+3 အတွက် အဓိက အကြံပြုချက် မှာ ဖွံ့ဖြိုးလာသော ဒေသတွင်း အပြန်အလှန် အပြီးသတ်ဝယ်လိုအားကို ဖြည့်ဆည်းပေးရန် ဒေသတွင်း အပြန်အလှန် ချိတ်ဆက်မှုနှင့် ပေါင်းစည်းမှုကို ခိုင်မာတောင့်တင်းစေရန်ဖြစ်သည်။ ဒေသသည် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုကို လမ်းဖွင့်ပေးထားစဉ်တွင် ဒေသတွင်း အပြန်အလှန် ၀ယ်လိုအားဆိုင်ရာ သြဇာသက်ရောက်မှုသည် ကိုယ်ကျိုးစီးပွားကာကွယ်ရေးကဲ့သို့သော ပြည်ပလှုပ်ခါမှုများကို ဆန့်ကျင်၍ ဒေသတစ်ရပ်လုံး၏ ခံနိုင်ရည်ရှိမှုကို တိုးတက်လာစေမည်ဖြစ်သည်။ ASEAN+3 ဒေသအတွင်းရှိ ပေါကြွယ်ဝသော အရင်းအမြစ်များနှင့် အမျိုးအစား စုံလင်သော ဖွံ့ဖြိုးတိုးတက်မှုတို့သည် ဒေသ၏ခွန်အားဖြစ်သည်။
ကုန်သွယ်ရေးအထောက်အကူပြုသော မူဝါဒများနှင့် အတူယှဉ်တွဲလျှက် ပြည်တွင်းနှင့်ဒေသတွင်း အခြေခံ အဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ချိတ်ဆက်မှုတိုးတက်ခြင်းသည် ဒေသရှိ လက်ရှိ GVC ၏ စွမ်းဆောင်ရည်ကို အမြင့်မားဆုံးဖြစ်စေနိုင်ပြီး စရိတ်သက်သာမှုများမှတစ်ဆင့် ဒေသအား " ပို့ကုန်များ အတွက် ကုန်ထုတ်လုပ်ငန်း" မဟာဗျူဟာတွင် ပိုမိုယှဉ်ပြိုင်နိင်စွမ်းရှိစေသည်။ GVC ပေါင်းစည်းမှုအတွက် တင်သွင်းသော သွင်းအားစုများ၏ စရိတ်လျှော့ချခြင်းသည် ပို့ကုန်မြှင့်တင်ခြင်းကဲ့သို့ပင် အရေးကြီးပြီး ဒေသ အတွင်းတွင် အထူးစီးပွားရေးဇုန်များ (SEZ) ထူထောင်ခြင်းသည် တင်သွင်းသော သွင်းအားစုများအား ပို့ကုန်များအဖြစ် စီမံထုတ်လုပ်မှုအတွက် အထောက်အကူပြုနိုင်သည်။
• သွက်လက်သော ၀န်ဆောင်မှုကဏ္ဍတစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေးသည် ထုတ်လုပ်မှုကဏ္ဍ မြင့်မားရေးနှင့် ဆက်စပ်သော ၀န်ဆောင်မှုကဏ္ဍအပေါ် အားနည်းစေနိုင်သော မူဝါဒများအား သုံးသပ်မှုဖြင့် စတင်လျှက်
သေချာသောမူဝါဒများ လိုအပ်သည်။ ၀န်ဆောင်မှုကဏ္ဍအား နိုင်ငံတကာယှဉ်ပြိုင်မှုသို့ လွတ်လပ်ခွင့် ပြုခြင်း သည် ကုန်ထုတ်စွမ်းအားကို တိုးတက်စေမည်ဖြစ်ပြီး နည်းပညာသည် တွန်းအားပေး မောင်းနှင်ဖွယ်ရှိသည်။
 • လူ့စွမ်းအားအရင်းအနှီးနှင့် ကျွမ်းကျင်သော လုပ်သားတို့သည် ၀န်ဆောင်မှုကဏ္ဍ၏ အမြင့်ဆုံးသော ထပ်ဆင့်တန်ဖိုးအစိတ်အပိုင်းများနှင့် နီးကပ်စွာ ချိတ်ဆက်လျှက်ရှိပြီး အထောက်အကူပြုသော လုပ်သား အင်အားနှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများမှတစ်ဆင့် ASEAN+3 ဒေသတစ်လျှောက် လူစွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးခြင်းသည် လိုက်လျောညီထွေဖွယ်ရှိသည်။ မကျွမ်းကျင်သော အလုပ်အကိုင်၊ နည်းပညာနှင့် စက် ကိရိယာ အသုံးပြုခြင်းတို့ကြောင့် ပေါ်ပေါက်သော စိန်ခေါ်မှုကို လုပ်သားအင်အား ကျွမ်းကျင်မှု တိုးတက် စေခြင်း၊ ASEAN+3 ဒေသတစ်လျှောက် ကျွမ်းကျင်သော ရွှေ့ပြောင်းလုပ်သားသွားလာမှုကို သြဇာသက် ရောက်သော လူဝင်မှုကြီးကြပ်ရေးတို့ ပါဝင်သည့် ပြည့်စုံသော မူဝါဒပေါင်းစပ်မှုနှင့် ပညာရေးမူဝါဒများမှ တစ်ဆင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်။

http://www.amro-asia.org/asean3-regional-economic-outlook-2018-key-messages/ 

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး