ကိုယ်ပိုင် စီးပွားရေး လုပ်ချိန် တန်ပြီ



ဘဏ်တိုးတွေလည်း ကျကုန်ပြီ ။
တသက်လုံး အတိုးလေးနဲ အေးဆေး ထိုင်စားမယ် ဆိုတဲ့
ခောတ်က ကုန်ပြီ။
ရပ်ကွက်ထဲ အတိုးချေးစားမယ် ဆိုတဲ့ အတွေးဖျောက်ထားလိုက်တော့ ကုန်သွားမယ်။
Stock ဝယ်မယ် share ထည့်မယ့် ဆိုတဲ့ အတွေး လောလောဆယ် မြန်မာအတွက် သဟဇာတ မဖြစ်သေးဖူး။
ဥယျာဉ် ခြံမြေ လေး လုပ်စားမယ် မစဉ်းစားနဲ။
ကိုယ်တိုင် ပင်ပင်ပန်းပန်း အနစ်နာခံ လုပ်တောင်
ပွဲစားလက်ချက်နဲ မကာမိ။
မြေလေးဝယ် တိုက်ခန်းလေး ဝယ်ပြီး ဈေးအတက်စောင့်မယ် မစဉ်းစားပါနဲ။ ဝယ်ပြီး ရောင်းမထွက်တာရယ် အိမ်ခြံမြေအကျိုးဆောင်တွေ ဂျင်းထည့်တာရယ်နဲ ပြန်ရောင်းတောင် အရူံး စာရိက်ပြနေပြီ။
ဘာလုပ်မှာလဲ မေးရင် ကိုယ်ပိုင် လုပ်ငန်းသာ လုပ်ပေတော့။
ဘယ်အလုပ်မျိုးလဲ မေးရင် နယ်နဲ ရန်ကုန် နယ်စပ်နဲ မန္တလေး စတဲ့ ကိုယ်တိုင်လည်း လုပ် ငွေကြေးအမြတ်လည်း ရမယ့် လုပ်ငန်းတွေသာ လုပ်ချေတော့။
အခုခောတ်က ကိုယ်တိုင် ဝင်လုပ်ပြီး ပိုက်ဆံကို ဆပွရမယ့် ခောတ် ဖြစ်နေပြီ။
ဟိုလုပ်ငန်း ဒီလုပ်ငန်းတွေ မကောင်းဖူး။
တိုင်းပြည်စီးပွားရေး ကျနေတယ်။
အခုချိန် မရင်းနှီးမြုပ်နှံသင့်ဖူး။
အစိုးရက လုပ်ငန်း လုပ်ဖို့ အားမပေးဖူး။
ဘာလာဘလာ တွေ နားတော့။
ကိုယ်တိုင် ဝင်လုပ်ကျိ အဆင်မပြေတာ တွေ့မယ်။ ဆုံးရူံးမယ်။ ပြန်ရုန်းထလိုက် အောင်မြင်လာမှာပဲ။
အခုလို စီးပွားရေး ကျဆင်းနေတယ် အသံတွေ မှိုင်းဝနေတဲ့ ကာလမှာ အလုပ်တွေ ဖြစ် အောင်မြင်နေသူတွေ တပုံကြီးပါ။
အဆင်မပြေသူက အဆင်မပြေဖူး အော်မှာပဲ။
အဲ အဆင်ပြေအောင်မြင်သူတွေ ကြိက်လုပ်နေတာဗျ။
အသံတွေ နားမယောင်နဲ။
အသိတွေ ပြောဆိုတာ လက်မခံနဲ။
မီဒီယာတွေ ပြောတာ နားမယောင်နဲ။
ကိုယ်တိုင် ဝင်လုပ်ကြည့်ပါ။
ဘာလုပ်ရမှန်း မသိရင် အကြံပေးမယ်။
သို့သော် အလကားတော့ မပေးဖူး။
အလကားရတဲ့ အကြံက သိပ်မကြာခင် တိမ်မြုပ်သွားမှာ။
ဘယ်စီးပွားရေးမှ အလကား မရပါ။ Idea တွေ တက်လှမ်းရမယ့် အဆင့်တွေ ကြုံတွေ့ရမယ့် အခတ်အခဲတွေ ရှိစမြဲပဲ။
လက်ရှိ အောင်မြင်နေတဲ့ သူဌေးတွေ လုပ်ငန်းရှင်တွေတိုင်းဟာ တသက်လုံး အောင်မြင်တဲ့ လမ်းကြောင်းပဲ ရောက်နေတာ မဟုက်ပါ။ လူတွေက သူတို့ အောင်မြင်ကြီးပွားတာပဲ သိတယ်။ကျရူံးရတဲ့ အချိန်တွေ ဒုက္ခရောက်ပြီး နာကျင်ရတဲ့ အချိန်တွေကျ မသိဖူး။
အခုဆိုလိုတာက လုပ်ငန်း စလုပ်ချင်သူတွေ စွန့်ဦးတီထွင် လုပ်ငန်း ရှင် ဖြစ်ချင်သူတွေ အတွက်ပါ။ သူဌေး လုပ်ငန်းရှင်တွေကတော့ သူလမ်းကြောင်း နဲ သူ ရှိပြီးသားပါ။
စီးပွားရေး လုပ်ပါ။ အထည်ဆိုင်လေး ဖွင့် ကော်ဖိဆိုင်လေး ဖွင့်မယ် စားသောက်ဆိုင်လေး ဖွင့်မယ် မလုပ်နဲ။ တစ်နှစ်တောင် မခံပါ။
အကြံပေးမယ်ဗျာ။ အလကားတော့ မပေးဖူးဗျ။
ချိက်ဆက်ပေးအုန်းမယ်။ လုပ်ငန်း အစီအစဉ်ပါ ရေးဆွဲဖို့ ကူညီပေးအုန်းမယ်။ ကိုယ်တိုင်တော့ ကြိုးစားလုပ်ပေါ့လေ။
ဘဏ်တိုး ထိုင်စားမယ် ဆိုတဲ့ ခောတ် ပျက်တုန်းလုနီးပြီ။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

#social punishment#Boycott