UMFCCIဒုဥက္ကဌ၊MAPCO မှ တာဝန်ရှိသူ ဦးရဲမင်းအောင်နှင့် အင်တာဗျူး (အတို)

ဦးရဲမင်းအောင် (UMFCCI ဒုဥက္ကဌ)

> ဆရာကို အင်တာမဗျူးခင် မေးခွန်းလေးတွေ ပေးပို့လိုက်ပါတယ်။ ဆရာက ဆန်စပါး၊ MAPCO ၊ ဘဏ်လုပ်ငန်းမှာလည်း တာဝန်ရှိသူ ဆိုတာမို့ ကဏ္ဍ(၃)ခုနဲ အင်တာဗျူးပါရစေ။

> (၁)၂၀၁၇-၁၈ ဘဏ္ဍရေးနှစ်အတွင်းမှာ ဆန်တန်ချိန် (၂)သန်းကျော် တင်ပို့ထားနိင်ခဲ့ပြီ လိုသိရပါတယ်။ပြီးခဲ့တဲ့ နှစ်က တရုက်ဆန်အ၀ယ်ပါးခဲ့တယ်။လုပ်ငန်းရှင်တွေလည်း အတော်ရုန်းကန်ခဲ့ရတယ် လို့ သိရတယ်။ ဒီလိုအခြေအနေကနေ ဆရာတို့ ဈေးကွက်အသစ်ကို ဘယ်လို ရှာခဲ့ပါတလဲ။ ဘယ်ဈေးကွက်တွေကို ဦးစားပေး တင်ပို့နေပါတလဲ။

ယခု နှစ်ကတော့ သီရိလင်္ကာ . ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်း ဈေးကွက်တွေက ဝယ်လိုအား ပို တက် လာတာ တွေ့ ရပါတယ်။ တရုတ် နိုင်ငံကတော့ နယ်စပ်ကနေ ဝယ်နေတုန်း ပို့ နေတုန်း ပါပဲ။ တရုတ် တင်ပို့ မှု စုစုပေါင်း တင်ပို့ မှုရဲ့  ၄၀% ခန့် တော့ ရှိပါသေးတယ်။

> (၂) လက်ရှိ ဆန်တင်ပို့မှုက ရည်မှန်းချက်ထက် ပိုလာနိင်ပါတလား။ ဘဏ္ဍာရေးနှစ်ကုန်ရင် ဘယ်လောက်ထိ တင်ပို့နိင်မယ် မျော်မှန်းထားပါတလဲ။
ဘဏ္ဍာ နှစ် ကုန် ရင် အနည်းဆုံး တန်ချိန် ၂.၅ သန်း လောက် ပို့ နိုင်ပါမယ်။ နှစ်ပေါင်း ၆၀ လောက်မှာ ပြန် ပြီး တန်ချိန် (၂) သန်း ကျော် တင်ပို့ နိုင်ခြင်း ဖြစ်ပါတယ်
>
> (၃)ဈေးကွက်အသစ်တွေ ရှာဖွေတဲ့အခါမှာ ဥရောပကိုကော တင်ပို့ထားပါတလား။ ဥရောပက GSPအခွင့်အရေး ပေးထားတယ်ဆိုတဲ့အတွက် ဆရာတို့ တင်ပို့ရန် ရည်ရွှယ်နေတာမျိုးရှိပါတလား။ လိုအပ်ချက်တွေ ရှိနေပါသေးလား။

ဥရောပ ဈေးကွက်ကတော့ ဖြည်းဖြည်း နဲ့  ပုံမှန် ပဲ သွားနေပါတယ်။ high quality rice ဈေးကွက်တော့ ရှိပါတယ်။ ရုရှ ဈေးကွက် ကိုလည်း ပေါင်းဆန် ပိုမိုတိုးချဲ့ ပို့ ဖို့ စီစဉ်ေ
နတာတွေ ရှိပါတယ်။
>
> (၄) ၂၀၁၈ ခုနှစ်အတွက် ဆန်ဈေးကွက်ကို ဆရာတို့ ဘယ်လို ပြင်ဆင်ထားပါတလဲ။ လက်ရှိ ဆန်တင်ပို့မူအတိုင်းပဲ ဆက်လက်တင်ပို့နေမှာလား။  ဆရာရဲ့ ဆန်ဈေးကွက်အလားအလာအပေါ် သုံးသပ်ပေးပါအုန်း။

၂၀၁၈-၁၉ မှာလည်း တန်ချိန် (၂) သန်းကျော် ဆက်လက်တင်ပို့ ဖို့ နဲ့ ၂၀၂၀ မှာ တန် (၃) သန်း တင်ပို့ ဖို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မျှော်မှန်းထားပါတယ်
>
> (၅)ဆရာတို့ MAPCOရဲ့ ဆောင်ရွှက်နေမှု အခြေအနေလေးတွေကို ပြောပေးပါ။ သီးနှံဂိုထောင်ရုံ တည်ဆောက်နေမှုတွေ ဆိပ်ကမ်းပြင်ဆင်နေမှု အခြေအနေတွေက ဘယ်အဆင်ထိ ရှိနေပါပြီလဲ။

သိုလှောင်ရုံတွေ တိုးချဲ့ တည်ဆောက်နေပါတယ်။ တရုတ်နိုင်ငံ CITIC နဲ့ ပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ မြို့ နယ် (၃၃) မြို့ နယ် မှာ သိုလှောင်ရေး နဲ့ စက်မှုလယ်ယာ ဝန်ဆောင်မှု စခန်း တွေ ဆောင်ရွက်ဖို့ စီစဉ်နေတာ ရှိပါတယ်
>
> (၆)MAPCOဟာ ရန်ကုန်စတော့အိက်ချိန်းထဲ မ၀င်သေးဖူးလား။ ဘယ်တော့ ၀င်မယ် လို့ စီစဉ်ထားပါတလဲ။ ဘာတွေ အခတ်အခဲ ရှိနေပါတလဲ သိပါရစေ။

ပြင်ဆင်နေတုန်းပါပဲ။ အဆင်သင့် ဖြစ်ရင် ထပ်မံ အသိပေး ကြေညာပါ့မယ်
>
> (၇)ဗဟိုဘဏ်က နိင်ငံတကာ ဘဏ်တွေ ပြည်တွင်း ပို့ကုန် လုပ်ငန်းရှင်များအတွက် လက်လီဘဏ်လုပ်ငန်းဝန်ဆောင်မှု နှစ်ရပ် ကို လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုသွားမယ်လို့ ဆိုပါတယ်။ဒီလို ခွင့်ပြုခဲ့ခြင်းဟာ ဆရာတို့လို့ ပို့ကုန်လုပ်ငန်းရှင်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိင်မလဲ။ ဘာတွေ အခတ်အခဲ ရှိနိင်ပါသေးလဲခမျ။

ပို့ ကုန် လုပ်ငန်းရှင်တွေ အတွက် ရည်ရွယ်ပြီး ခွင့်ပြုပေးတာ ကောင်းပါတယ်။ ကြိုဆိုပါတယ်
>
> ပုဂ္ဂလ်ရေး သုံးသပ်ချက်အတွက် မေးခွန်း
>
> (၁) လက်ရှိ အစီုးရ ရဲ့ သတ်တမ်း နှစ်နှစ်အတွင်းမှာ စီးပွားရေးတွေ ကျဆင်းနေတယ်။ ယုံကြည်မူတွေ လျော့ကျတယ် လို့ စစ်တမ်းတွေက ထွက်ထားပါတယ်။ ဆရာတို့ လုပ်ငန်းရှင် အနေနဲ ဘယ်လို သုံးသပ်မိပါတလဲ။

တစ်ချို့ ကဏ္ဍ တွေ မှာ နှေးကွေးတာ ဖြစ်ပေမယ့် တစ်ချို့ ကဏ္ဍတွေ မှာ တိုးတက်ဖြစ်ထွန်းမှုတွေ တွေ့ ရပါတယ်။ ဥပမာ ဆန်စပါးလို ကဏ္ဍ မျိုး မှာ ထိုက်သင့်တဲ့ တိုးတက်မှုတွေ ရှိတာကို အသိအမှတ်ပြုရပါမယ်
>
> (၂)အစီုးရရဲ့ စီးပွားရေး မှုဝါဒတွေကို ပြန်လည်ဖော်ဆောင်ဖို့ စီးပွားရေးပညာရှင် ဦးမြင့်က ထောက်ပြထားတာ ရှိပါတယ်။ ဆရာတို့ အနေနဲကော ဘယ်တွေ ပြင်ဆင်သင့်တယ် လို့ ယူဆပါတလဲ။ အစီုးရ က ချမှတ်ခဲ့တဲ့ စီးပွားရေး မှုဝါဒ (၁၂)ချက်က အောင်မြင်မှု ရှိမရှိ။

စီးပွားရေးမူဝါဒ (၁၂) ချက် ကို အကောင်အထည်ဖော်မယ့် လုပ်ငန်း စီမံချက်တွေ ချမှတ်ဆောင်ရွက်သင့် တယ် ထင်ပါတယ်
>
> (၃)ဆရာတို့လို လုပ်ငန်းရှင်တွေအတွက် အခတ်အခဲ ဖြစ်နေစေတဲ့ အချက်တွေ ၀န်ထုက်ဝန်ပိုးတွေ ရှိပါတလာ။ အထူးသဖြင့် လက်ရှိ အစီဲုးရ စီမံခန့်ခွဲမှုတွေကို ဘယ်လို ထင်မြင်မိပါတလဲ။

မြေ အသုံးချမှု ကိစ္စ ပိုမို လွယ်ကူရိုးရှင်းစေချင်ပါတယ်။

>
> (၄)၂၀၁၈ခုနှစ်ကျရင် AEC အကျိုးသက်ရောက်မှု ရှိလာမယ် ဆိုတော့ ဆရာတို့ အနေနဲ ဘယ်လို ပြင်ဆင်ထားပါတလဲ။ အခတ်အခဲတွေ ရှိနေဆဲပဲလား။

အရည်အသွေး ဦးစားပေးပြီး ထုတ်လုပ်သင့်ပါတယ်။ ယှဉ်ပြိုင်နိုင်ဖို့ အတွက် SME ဖွံ့ ဖြိုးရေး ကို ပိုမို လက်တွေ့ ကျတဲ့  Agency ရုံးခွဲ တွေ ဖွင့် လှစ်ပြီး SmE တွေ ကို online registration, mobile registration, one-stop service စတာတွေ နဲ့ စနစ်တကျ မှတ်ပုံတင်ပြီး သူတို့ အတွက် ချေးငွေ အပါအဝင်အခြား အကူအညီတွေကို လက်လှန်းမီ ဖို့ စီစဉ်ပေးသင့်ပါတယ်။
>
> (၅) ရင်းနှီးမြုပ်နှံမှု ဥပဒေ(၂၀၁၇) က ဆရာတို့ လုပ်ငန်းတွေအပေါ်  အကျိုးရှိရဲ့လား။ အထူးသဖြင့် JVလုပ်ငန်းတွေ ဆောင်ရွှက်ရာမှာ အဆင်မပြေမှုတွေ( နိင်ငံသား နိင်ငံခြားသား ပိုင်ဆိုင်မှု အချိုးတွေ) ရှိတယ် လို့ ဆိုတဲ့အတွက် ဆရာအမြင်ကို ပြောပေးပါ။

ရင်းနှီးမြှုပ် နှံမှု ဥပဒေ နဲ့ ကုမ္ပဏီ ဥပဒေ အသစ်တွေဟာ မြန်မာ့စီးပွားရေးအတွက် ကောင်းမွန်တဲ့ အခင်းအကျင်းတွေ ဖြစ်ပါတယ်

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး