ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးပုဂ္ဂိုလ် မှ ဧပြီလ Parami Talk Series တွင် ပါဝင်ဆွေးနွေး


Dr. Sean Turnell မှ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများ ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ငွေကြေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ စီးပွားရေး အကြံပေးပုဂ္ဂိုလ် ဖြစ်သူ Dr. Sean Turnell သည် ရွှေဂုံပလာဇာ တတိယထပ်တွင် တည်ရှိသည့် Parami Institute of Liberal Arts and Sciences ၌ ဧပြီလ ၂၈ရက်နေ့တွင် ကျင်းပသည့် Parami Talk Series တွင် ပါဝင်ဆွေးနွေး ပေးခဲ့သည်။

Australia နိုင်ငံ Macquarie University ဘောဂဗေဒ ဌာန၏ တွဲဖက် ပါမောက္ခဖြစ်သူ Turnell သည် ဘဏ်များ၊ ငွေကြေးစီမံခန့်ခွဲမှုများနှင့် ပြောင်းလဲမှုများကို ဖော်ဆောင်ပေးနိုင်သည့် ခေတ်မီနည်းပညာများအပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိ တိုးတက်ပြောင်းလဲလာသော ဘဏ္ဍာရေး ကဏ္ဍအကြောင်းအား အလေးပေး ပြောကြားခဲ့သည်။

“အခုလက်ရှိ လုပ်ကိုင်နေတဲ့ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှု လုပ်ထုံးလုပ်နည်းတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကနဲ့ ယှဉ်ရင်တောင် တူညီမှု မရှိပဲ အကြီးအကျယ် ပြောင်းလဲလာပါတယ်။ ခေတ်မီနည်းပညာတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပြောင်းလဲပေးနိုင်မယ်ဆိုတဲ့ အချက်ဟာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်ဖို့ ကောင်းပါတယ်။ အခုလက်ရှိ အကြောင်းအရာတွေကို Parami Institute ရဲ့ အကြံပေးပုဂ္ဂိုလ် Dr. Sean Turnell က အသေးစိတ် လာရောက် ဆွေးနွေးပေးခဲ့တဲ့အတွက် ကျွန်တော့် အနေနဲ့ အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီနေ့ Talk Series ကို လာရောက်ကြတဲ့လူတွေအားလုံးလဲ ကျွန်တော့်လိုပဲ သင်ယူစရာတွေ အများကြီး ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု Parami Institute ၏ Executive Director ဖြစ်သူ ဒေါက်တာကျော်မိုးထွန်းမှ ပြောကြားခဲ့သည်။

Parami Talk Series သည် လစဉ်ကျင်းပသည့် public event series တစ်ခုဖြစ်ပြီး ကျောင်းသားများအား ပိုမိုကျယ်ပြန့်သောအသိုင်းအဝိုင်းဆီသို့ ခေါ်ဆောင်နိုင်ရန်ရည်ရွယ်သည်။ တက်ရောက်ပါဝင်သူများ အနေဖြင့် မြန်မာပြည်နှင့် ကမ္ဘာအနှံ့ မှ နာမည်ကြီး လူပုဂ္ဂိုလ်များ နှင့်တွေ့ဆုံ၍ မျက်မှောက်ခေတ်တွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ပြီး အခမဲ့တက်ရောက်နိုင်မည်ဖြစ်သည်။

ဟောပြောသူများ အားလုံးသည် Parami Talk Series ၏ ရည်မှန်းချက်နှင့် လုပ်ထုံးလုပ်နည်းများကို နှစ်သက်သဘောတူညီကြသည်။ ၂၀၁၈ မတ်လ Parami Talk Series ၏ Guest Speaker အဖြစ်ပါဝင်ဆွေးနွေးခဲ့သော Mango Media ၏ General Manager ဖြစ်သူ Maria Abril မှ "ဒီအစီအစဉ်က ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ အပါအဝင် သာမန်လူသားများပါ အတူတကွလေ့လာသင်ယူဖို့ နေရာတစ်ခုကိုထောက်ပံ့ ပေးပါတယ်။ ဒါကလူတွေကို ပိုမိုစိတ်ဝင်စားလာစေပြီး ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပါတယ်။  ဒီလစဉ် လုပ်တဲ့ပွဲကို တစ်ကိုယ်ရည် တိုးတက်မှုအတွက်သာမဟုတ်ဘဲ လူမှုဖွံ့ဖြိုးတိုးတက်မှု အတွက်ပါ ရည်ရွယ်ပြီး ပျိုးထောင်ပေးတာကြောင့် လူတွေပိုပြီး ပါဝင်တက်ရောက်လိမ့် မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။” ဟုပြောသည်။

"Ms. Maria Abril က မြန်မာနိုင်ငံက ဝယ်ယူသုံးစွဲသူတွေ ရဲ့ အပြုအမူ တွေကိုအခြေခံပြီး အကောင်းဆုံး ဈေးကွက် ဗျူဟာ တွေကိုဘယ်လို အသုံးချ သင့်လဲ ဆိုတာကို အရမ်း တတ်ကျွမ်းနားလည် သူတစ်ရောက်ဖြစ်တယ်။ ဈေးကွက်ရှာဖွေရေး ရေစီးကြောင်းတွေ၊ နည်းဗျူ ဟာတွေ နဲ့ အလျင်အမြန် ပြောင်းလဲနေတဲ့ဈေးကွက်တွေမှာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ကျွန်တော် အများကြီးသင်ယူခဲ့ရပါတယ်။" ဟု မတ်လ Parami Talk Series ကို တက်ရောက်ခဲ့သူ တစ်ဦးမှပြောခဲ့သည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး