အခွန်စစ်တမ်း အရ မြို့ပြနေ ပြည်သူ(၉၄)ရာခိုင်နူန်းက အခွန်ပေးဆောင်ရန်တာဝန်ရှိ ဟု လက်ခံ

အစိုးရမှ အခွန်ကောက်ခံမှု နှင့် ပါတ်သတ်ပြီး မြို့ပြနေ ပြည်သူများ၏ သဘောထား အမြင်ကို လူပေါင်း(၁၄၀၀) ခန့်အား စစ်တမ်းကောက်ခံခဲ့ရာ (၉၄)ရာခိုင်နူန်းက သင့်လျော်မျတသော အခွန်ပေးဆောင်ခြင်းသည် နိင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ကို လက်ခံကြောင်း The Asia Foundation ကသတင်းထုက်ပြန်လိုက်သည်။
အဓိကက မြို့ပြနေလူထုတွေကို ကောက်ခံတာပါ။ မြို့နယ် သုံးခု နဲ မြို့ နှစ်မြို့တို့မှာ မေးခွန်းပေါင်း(၁၀၀)ကျော် မေးမြန်းခဲ့ရာကနေ ရလာတဲ့ အချက်တွေ ဖြစ်တယ် ဟု the Asia Foundation မှ အကြံပေးအရာရှိ မဟေမာန်ထွန်းက ဆိုသည်။
အဆိုပါ စစ်တမ်းကို မြောက်ဒဂုံမြို့နယ်၊သာကေတ မြို့နယ်၊ ကျောက်တံတားမြို့နယ် နှင့် တောင်ကြီးမြို့၊ဘာအံမြို့တို့တွင် သွားရောက်ကာ လူပေါင်း(၁၄၀၀)ကို အခွန် နှင့် ပါတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်ပြီး (၉၄)ရာခိုင်နူန်းက အခွန်ပေးဆောင်သင့်သည် ဟု ဖြေဆိုခဲ့ကြပြီး (၈၁)ရာခိုင်နူန်းက အစိုးရနှင့် သဘောထားခြင်း မတိုက်ဆိုင်လျှင်ပင် အခွန်ပေးဆောင်သင့်သည် ဟု လက်ခံကြကြောင်း၊၀င်ငွေခွန်ကို (၇၀)ရာခိုင်နူန်းက ပေးဆောင်ရခြင်းမှာ မျတသည် ဟု၍ လည်းကောင်း၊ကုန်သွယ်ခွန်ကို (၇၀)ရာခိုင်နူန်း၊ပစ္စည်းခွန်ကို (၇၂)ရာခိုင်နူန်းက ပေးဆောင်ရန် မျတသည် ဟု လက်ခံကြပြီး စစ်တမ်းဖြေဆိုခဲ့ကြသော မြို့နေပြည်သူများသည် ကျေးလတ်နေပြည်သူများထက် အခွန်အကောက် အပေါ် ပို၍ အကောင်းမြင် သဘောထား ရှိကြကြောင်း သိရသည်။
ဖြေဆိုသူ (၆၆)ရာခိုင်နူန်းက ပိုမိုကောင်းမွန်သော စည်ပင်သာယာရေး ၀န်ဆောင်မှုများကို ရရှိမည် ဆိုပါက ပစ္စည်းခွန်ကို တိုးမြင့်ပေးဆောင်မည် ဟု ဖြေဆိုကြသော်လည်း (၆၀)ရာခိုင်နူန်းက ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊ပစ္စည်း ခွန်တို့ကို မည်သည့် အစိုးရ အဆင့်က ရရှိသည့်ကို မသိကြတကဲ့သို့ (၈၉)ရာခိုင်နူန်းကလည်း ၎င်းတို့ ပေးဆောင်ရသည့် အခွန် နှင့် ပါတ်သက်၍ ပိုမိုရှင်းလင်းသော သတင်းအချက်အလတ်များကို အစိုးရထံ ရယူလိုကြကြောင်း သိရသည်။
မြို့ပြနေပြည်သူ(၈၁)ရာခိုင်နူန်းခန့်က အခွန်ကို ပေးဆောင်သင့်သည်ကို သဘောတူကြပြီး ကျေးလက်နေနေ ပြည်သူ(၅၀)ရာခိုင်နူန်းခန့်ကသာ အခွန်ပေးဆောင်သင့်သည် ကို သဘောတူ လက်ခံထားကြကြောင်း စစ်တမ်း အရသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး