မြန်မာ ငွေကြေးဈေးကွက် တစေ့တစောင်း


၂၀၁၇ တစ်နှစ်လုံး ငွေကြေးလဲလှယ်နူန်းဟာ တည်ငြိမ်တဲ့အတွက် ရွှေဈေးကွက်အပေါ်မှာ အတော် အကျိုးပြုသွားတာ တွေ့ရတယ်။ ဘာကြောင့်ဆို လက်ရှိ မြန်မာ့ရွှေဈေးဟာ ကမ္ဘာရွှေဈေး အတက်အကျ နောက်မှာ မှီပြီး ဈေးနူန်းအတက်အကျ ရှိနေပြီမို့ပါ။
ရှေးယခင် နှစ်တွေက ငွေကြေး မတည်ငြိမ်မူကြောင့် ကမ္ဘာရွှေဈေး ကျဆင်းနေတောင် ပြည်တွင်းမှာ ဈေးမြင့်ချင် မြင့်နေတာပါ။ တခါတလေ ကမ္ဘာဈေး တက်နေလည်း ရွှေဈေးက မြင့်ချင် မြင့်နေတယ်။ အဓိကက ဒေါ်လာ လဲလှယ်နူန်း မတည်ငြိမ်တဲ့ အတွက် ဈေးကွက်ဟာ မှန်းဆရခတ်ခဲပါတယ်။
လက်ရှိ တစ်ဒေါ်လာ ၁၃၃၅ ကျပ် ဝန်းကျင်မှာ ရှိနေတဲ့ အတွက် ရွှေဈေးနူန်း ဟာ ကမ္ဘာဈေး တက်ရင် လိုက်တက်တယ် ကျရင် လိုက်ပြန်ကျတယ်။
ဒီလိုပါပဲ Export&Import လုပ်နေသူတွေလည်း အဆင်ပြေတယ် လို့ ယူဆရမယ်။ ကုန်စည်ပို့ဖို့ ပြင်တဲ့အခါပဲ ဖြစ်ဖြစ် သွင်းတဲ့ အခါပဲ ဖြစ်ဖြစ် ဒေါ်လာဝယ်ရတယ်။ လက်ရှိ တည်ငြိမ်နေတဲ့ နူန်းထား(ကျလည်း သုံးလေးကျပ် တက်လည်း သုံးလေးကျပ်)မို့ ကုန်သည်တွေ အသက်ရူချောင်တာပေါ့။ အရင်ကဆို အတက်အကျ ကြမ်းလွန်းလို့ ဈေးကွက်လည်း ကမောက်ကမ ဖြစ်ရတယ်။
ဥပမာ ငွေကြေး အတက်အကျ နူန်းထားဟာ တစ်ရက်နဲ တစ်ရက် တချိန်နဲ တချိန်တောင် မတူတဲ့အတွက် ကုန်စည် အမှာစာပို့နေတုန်းက ဈေးနူန်း တစ်ခု တကယ့် ငွေလွဲရမယ့်အချိန်မှ ဈေးနူန်း တစ်ခု ဖြစ်သွားတာတွေ အများကြီးပဲ။
ဒါကြောင့် ဈေးအကျ ချိန်ကို စောင့်ပြီး ရနိင်တမျဒေါ်လာတွေ ဝယ်ထားရ ဈေးတက်လာရင် ပြန်ထုက်လိုက် လုပ်နေကြသူတွေ တပုံကြီး။ အသိ အကျိုးဆောင် တစ်ဦး ပြောဖူးတယ်။
ရွှေဘုံသာ နားလောက်မှာ ရုံးခန်းလေး ဖွင့်ပြီး ငွေဈေးအတက်အကျကိုပဲ လုပ်စားနေတဲ့ သူဌေးတွေ တောင်ရှိတယ်။
ဘာလုပ်ငန်းမှ မလုပ်ပဲ ဈေးကျရင် ဝယ်ထားတယ်။ တက်ရင် ပြန်ရောင်းတယ်။ တစ်လ အတွင်းမှာတောင် တစ်ဒေါ်လာ ၁၀ကျပ် ကျပ်၂၀ ကျပ် ၅၀ ရတာ။ ဒေါ်လာသန်းနဲချီသာဆို တွက်ကြည့်ပေါ့ဗျာ။
အဲမှာ ငွေကြေးဈေးကွက်မှာ ရှေ့ဟောဆရာတွေတောင် ရှိတယ်။ အလုပ်လည်း အတော်ဖြစ်ခဲ့တယ်။ ပွိုင့်ထောက် ဆရာပေါ့။ အရင်က အမေရိကန်သံရုံးဟောင်းဘေးနား သူတို့ စကားပြောတာ နားထောင်တဲ့ အချိန်တောင် ပြေးသတိရ
၂၀၁၂ခုနှစ် ၂၀၁၃ ခုနှစ်တွေဟာ အကျိုးဆောင်တွေတွက် အဆင်ပြေဆုံး နောက်ဆုံးချိန်လို့တောင် ပြောလို့ ရမယ်။
နောက်ပိုင်း အစီုးရက ဘဏ်တွေကို ငွေကြေးလဲလှယ်ခွင့် ပြုတာ ပုဂ္ဂလိက လုပ်ငန်းတွေ ခွင့်ပြုတာ စတာတွေကြောင့် အရောင်လေးမှိန်သွားတယ်။
အတက်အကျ ကြမ်းလွန်းလို့ ရာသီအလိုက် ဈေးတက်နိင်တဲ့ လလေးတွေ ရှိတယ်။ အမှန် ဒီချိန်ဆို မှောင်ခို ကုန်သည်တွေ ဒေါ်လာတွေစုတဲ့ လပဲ။ မီုးဦးကာလအမှီ နယ်စပ်က ကုန်စည်တွေ ဝယ်ဖို့ ဒေါ်လာ ရနိင်တမျ စုတာပေါ့လေ။ဈေးအတက်အကျလေးလည်း ကြမ်းတယ်။
Earningကျတော့ အစီုးရက ကိုင်ထားတာမို့ တော်ရုံ အပြင်မရောက်ပေမယ့် လုပ်စားတက်သူတွေကျတော့ အပြင်ရောက်တာပဲ။ အခွန်ဆောင်ပြီးသား ဒေါ်လာပေါ့လေ။ ဈေးကြီးတယ်။အစီမ်းကျတော့ အခွန်မဆောင်တဲ့ ဒေါ်လာပေါ့လေ။ ဥပမာပါ။
ဆေးဝါးဝယ်တဲ့ ရာသီရှိတယ်။ ထီး ဖနပ် အဝတ်အစား ဝယ်တဲ့ ရာသီ ရှိတယ်။ကျောက်စီမ်း ပြပွဲ ပြီးရင် ဈေးအတက်အကျ ကြမ်းတယ်။ တရုက်ပေါ်လစီ အပြောင်းအလဲဆို ဈေးအတက်အကျ ရှိတယ်။ အစီုးရ ဘက်ဂျက်ထုက်တဲ့ အချိန် ဆောက်လုပ်ရေးသမားတွေ အဝယ်လိုက်ချိန်။ ဘိန်း ရာသီ ကုန်ချိန် စသည့်ဖြင့် ပေါ့လေ။ သေချာကြည့်ရင် မြန်မာပြည်မှာ ဒေါ်လာဈေးကွက်ဟာ စတော့ဈေးကွက်လို့ပဲ။ အချိန်နဲ အမျ ပြောင်းလဲလွယ် အမြတ်အရူံးကြီးလွယ်တယ် ။
ကိုယ်နိင်ငံက ဒေါ်လာ အရောင်းအဝယ် လုပ်တာ နည်းနည်းလေး မထင်နဲ။ သန်းနဲချီ အရောင်းအဝယ် လုပ်ကြတာ။ တချို့ အကျိုးဆောင်တွေဆို တစ်ဒေါ်လာမှာ ငါးမူး တို့ ဆယ်ပြားတို့လောက်ကို လုပ်ခွင့် ရကြတာ တနေ့ တနေ့ မဆီုးဖူး။သိတဲ့ အကိုတစ်ယောက်ဆို တပည့် သုံးလေးယောက်နဲ အရောင်းအဝယ်ဖြစ်ရင် တစ်ရက် ငါးသိန်း ဆယ်သိန်း အသာလေးဝင်တယ်။ နောက်ပိုင်းတော့ တစ်ရက် လေးငါးသောင်းတောင် မရတော့လို့ တခြားနယ်ပါယ် ကူးသွားတယ်။
ကားဈေးကွက်အဝယ်လိုက်ချိန် တွေ ဂျပန် ကားလေလံပစ်ပြီးအချိန်တွေ ဘာညာ ဆို ဈေးကွက်ထဲက အကျိုးဆောင်တွေ ဆရာပဲ။
ထားပါ။ ၂၀၁၄ လောက်က စပြီး ဗဟိုဘဏ်က ပေါ်လစီတွေ ချပြီး ထိန်းတယ်။ ပြောကြဆိုကြနဲပေါ့။ ဗဟိုဘဘဏ် ဒုဥက္ကဌ က ငွေဈေးနူန်းနဲ ငွေကြေးဖောင်းပွမူကို တည်ငြိမ်အောင် လုပ်မယ် ပြောတော့ အတော်များများ မဖြစ်နိင်ဖူး ဘာညာ ရေးကြတာ မီဒီယာစာမျက်နှာတွေမှာ အထင်းသား။
လုပ်ရတာ လက်ဝင်တဲ့ အတွက် မလွယ်လှ ။ ၂၀၁၅ အကုန်ဆို ရွှေးကောက်ပွဲ ကိစ္စတွေကြောင့် ဒေါ်လာ ဝယ်စုသူတွေလည်း မနညိးဖူး။ တိုင်းရေး ပြည်ရေး အခြေအနေကို။ တဖြေးဖြေးနဲ ထိန်းလာလိုက်တာ ၂၀၁၆ လောက်မှာ ကမောက်ကမ ဖြစ်တာ နည်းလာပြီ။ ငွေကြေးဖောင်းပွမှု နူန်း လျော့စပြုပြီ။ ၂၀၁၇ တစ်နှစ်လုံးမှာတော့ အတော်ကို တည်ငြိမ်သွားတာ တွေ့ရတယ်။ ဗဟိုဘဏ်မှာ တာဝန်ယူထားသူတွေ ရဲ့ လုပ်နိင်စွမ်းကိုလည်း လေးစားမိပါတယ်။ အရန်ငွေ တွေ နည်းနေတဲ့ ကြားက ထိန်းကစားရတာ အန္တရယ်များတယ်။
တခေါက်က စကားကျွှံမိလို့ လူတစ်ဦးက ထိန်းကစားပြီး ငွေရှာသွားဖူးတယ်။ ရွှေဘုံသာ မှာ ဝင်စီးရတဲ့ အထိပေါ့လေ။
ဒီနှစ်ထိတော့ ငွေဈေးက အတော်ကို တည်ငြိမ်လာပြီ။
ကျပ် ၁၃၃၅ ဝန်းကျင်မှာ။ ကိုယ်တွေကတော့ ကျစေချင်တာပေါ့။ တစ်ဒေါ်လာ ကျပ် ၁၀၀၀ ပေါ့။ ချဖို့က လွယ်တယ်။ မတည်ငြိမ်ရင် စီးပွားပျက်မှာ။လက်ရှိ အနေအထားကတော့ အတက်နိင်ဆုံး အကောင်းဆုံးပေါ့။
လုပ်ငန်းရှင် တစ်ဦး ပြောဖူးတယ်။
ငွေကြေးလဲလှယ်တဲ့ နှုန်းထားက မြင့်တာ နှိမ့်တာ ရတယ်။အဓိက က ငွေကြေးတည်ငြိမ်စေချင်တာ။ ဒါမှ စီးပွားရေး လုပ်နိင်မှာလို့ ဆိုဖူးတယ်။
အခုအခြေအနေဆိုရင် ဘာပြောအုန်းမလဲ မသိ။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး