ရှမ်း အရှေ့တွင် ဧက လေးသိန်းခန့်ရှိသည့် ရွှေမိုင်း လုပ်ကိုင်ရန် သြစတေးလျ ရွှေမိုင်း ကုမ္ပဏီ စီစဉ်
သြစတေးလျ အခြေစိုက် Access Asia Mining ကုပ္မဏီအနေနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း
မိုင်းဖြတ်မြို့နယ်တွင် ဧက လေးသိန်းခန့် ရှိသည့် ရွှေမိုင်း စီမံကိန်းကို ဆောင်ရွှက်ရန်
ရှမ်းပြည်နယ် အစီုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း သိရှိရသည်။
အဆိုပါ စီမံကိန်းမှာ Access Asia Mining ကုမ္ပဏီ အနေနှင့် မြန်မာပြည်တွင် လုပ်ကိုင်မည့်
ရွှေမိုင်း စီမံကိန်း(၄)အနတ် တစ်ခု ဖြစ်သည်။
မိုင်းဖြတ်မြို့နယ်တွင်
မြေဧက လေးသိန်းခန့် ကျယ်ပြန့်သည့် နယ်မြေဧရိယာအတွင်း ရွှေတူးဖေါ်ထုတ် လုပ်သည့်
ရွှေမိုင်း စီမံကိန်း လုပ်ငန်းကြီးတခု လုပ်ဆောင်မည့် သြစတေးလျ နိုင်ငံမှ
Access
Asia Mining ကုမ္ဗဏီ အနေနှင့် ရှမ်းပြည်နယ် အစီုးရ၏ ခွင့်ပြုချက်ကို
စောင်ဆိုင်းနေပြီး သုံးလအတွင်း လုပ်ငန်း စတင်နိင်ရန် မျော်မှန်းလျက်ရှိကြောင်း သတင်း
ထုက်ပြန်ထားသည်။
ရှမ်းပြည်နယ် အစီုးရ၏ ခွင့်ပြုချက်ကို
ရရှိပြီးပါက သဘာဝသံယာဇတနှင့်ပါတ်ဝန်းကျင်ထိ န်းသိမ်းရေး ၀န်ကြီးဌာနထံမှ နောက်ဆုံးအဆင့်
ခွင့်ပြုချက် ရရှိရန် ဆောင်ရွှက်မည် ဖြစ်ပြီး အဆိုပါ စီမံကိန်းကို Access Asia Minimg ကုမ္ပဏီမှ
(၈၀)ရာခိုင်နူန်း၊ဆန်းပါရမီ ကုမ္ပဏီနှင့် တာချီလိက်ရွှေစင် ကုမ္ပဏီ တို့က (၂၀)ရာခိုင်နူန်း
ပါဝင်ဆောင်ရွှက်လျှက် ရှိသော စီမံကိန်း ဟု သိရသည်။
အဆိုပါ စီမံကိန်းကို ဒေသခံများက ပါတ်ဝန်းကျင်
ပျက်စီးမည်ဖြစ်၍ ကန့်ကွက်လျှက် ရှိနေသော်လည်း ဆက်လတ်ဆောင်ရွှက်နေပြီး အဆိုပါ စီမံကိန်းတွင်
ရှမ်း အရှေ့ပိုင်း မှ လုပ်ငန်းရှင် ဦးအာဖာ နှင့် ရှမ်း(အရှေ့) သတ္တူတူးဖော်ရေး အသင်းမှ
ဥက္ကဌ ဦးကျော်လွင် တို့ ပါဝင်သည် ဟု သိရသည်။
Access Asia Mining ကုမ္ပဏီ အနေနှင့် ရှမ်း အရှေ့ပိုင်းတွင်
မြေဧက ၃၇၀၀၀၀ ကျော်၊စစ်ကိုင်းတိုင်းဒေသကြီးတွ င် မြေဧက နှစ်သိန်းခန့်၊မန္တလေးတိုင်းေ ဒသကြီးတွင်
မြေဧကသုံးသိန်းကျော်၊ပဲခူးတိုင်းဒေသကြီးအတွင်း မြေဧက (၅)သိန်း ခန့် ရှိသည့် ရွှေမိုင်း
စီမံကိန်းများကို ဆောင်ရွှက်ရန် စီစဉ်နေကြောင်း သိရသည်။
Comments
Post a Comment