UN အဖွဲ့ပါဝင် ဦးဆောင်သော အဖွဲ့ မြန်မာနိင်ငံသို့ ရောက်ရှိ




မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌစင်ကာပူနိုင်ငံ နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များပါဝင်သောကိုယ်စားလှယ်အဖွဲ့သည်  နေပြည်တော်သို့ ရောက်ရှိကာ နိင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍မြန်မာဘက်မှ စိစစ်ပြီးသူများအားပြန်လည်လက်ခံရန် အဆင်သင့်ဖြစ် နေပြီဖြစ် ကြောင်း၊ နေရပ်စွန့်ခွာသူများအား ဆောလျင်စွာပြန်လည် လက်ခံရေးမှာဘင်္ဂလားဒေ့ရှ် ဘက်မှ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံသဘောတူထားသည့် ပုံစံမှန်များ ကိုဖြည့်စွက်၍ ဆောလျင်စွာပြန်လည်ပေးပို့ရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး၊ ထိခိုက်ခံအသိုက် အဝန်းများအားလုံးကိုလူသားချင်းစာနာမှုအကူအညီများပေးအပ်လျက်ရှိမှု၊ အသိုက်အဝန်းများ အကြားယုံကြည်မှုပြန်လည်တည်ဆောက်ရေးလိုအပ်မှု၊ နိုင်ငံသားပြုရေးကိစ္စ၊ IDP စခန်းများပိတ်သိမ်းလျက်ရှိမှု၊ National Verification Card (NVC) များထုတ် ပေးသည့်ကိစ္စ၊ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ နယ်နိမိတ် မျဉ်းပေါ်တွင် နေထိုင်သူများပြဿနာ၊ အကြမ်းဖက်မှုအချိန်မရွေးပြန်လည်ဖြစ် ပေါ်လာနိုင်ခြေရှိမှု၊ ပဋိပက္ခဖြစ်ပွားရသည့်အကြောင်းဇစ်မြစ်ကိုရှာဖွေဖြေရှင်းရန်လိုအပ်မှု၊ အမုန်းတရား ပြန့်ပွား စေသည့် ပြောကြားမှုများကာကွယ်တားဆီးရေးကိစ္စ၊ အတန်းပညာရေး သင်ကြားမှု တိုက်တွန်းပေးရေးကိစ္စတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၌ တွေ့ဆုံခဲ့ သည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး