ပြည်ပမှ ရွှေ တရားဝင်တင်သွင်းခွင့်ပြုထားသော်လည်း အများအပြား မ၀င်ရောက်နိင်
ပြည်ပမှ ရွှေတင်သွင်းခွင့်ပြုပြီး ဖြစ်သော်လည်း လက်ရှိ ဈေးကွက်အနေအထားအရ ကုန်ကျစရိက်ကို
ကာမိမှသာ တင်သွင်းလာကြမည် ဖြစ်ပြီး အများအပြား တင်သွင်းရောက်ရှိလာရန် မလွယ်ကူကြောင်း
တိက်စိန်ရွှေဆိုင်မှ ပိုင်ရှင် ဦးဇော်အောင် က ခန့်မှန်းပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက နိင်ငံတော် အစီုးရမှ ရွှေကို မြန်မာနိင်ငံအတွင်းသို့
တရားဝင် တင်သွင်းခွင့် ပြုလိုက်ပြီ ဖြစ်ရာ လုပ်ငန်းရှင်များ အနေနှင့် ပြည်ပကို တရားဝင်
တင်ပို့ တင်သွင်းခွင့် ရရှိနေပြီ ဖြစ်သည်။
ပြည်တွင်းကို ရွှေတင်သွင်းမယ်ဆိုတာက မလွယ်ပါဖူး။ ကုန်ကျစရိက်ကို ကာမိမှပေါ့။
အရင်ကတော့ နယ်စပ်ဈေး လို့ ခေါ်ကြတယ်။ အခုတော့ နိင်ငံတကာ ရွှေဈေးပေါ့။ ဟု ဦးဇော်အောင်က
ဆိုသည်။
ပြည်တွင်းရွှေဈေးမှာ နိင်ငံရွှေဈေးနှင့် အပြိုင်ဖြစ်နေပြီး ဈေးနူန်း အတက်အကျမှာ
အချိန်နှင့် တပြေးညီ ဖြစ်နေကာ ကမ္ဘာရွှေဈေး ကျဆင်းလျင် လိုက်ပါ ကျဆင်းနေသလို ဈေးတက်လျှင်လည်း
လိုက်ပါ မြင့်တက်လျက်ရှိနေကြောင်း၊ ၂၀၁၇ ခုနှစ် တစ်နှစ်တာကာလပါတ်လုံး ငွေကြေးလဲလှယ်သည့်
နူန်းထားမှာ တည်ငြိမ်လျက် ရှိနေသည့် အတွက် ရွှေဈေး အတက်အကျမှာလည်း ကမ္ဘာဈေးနူန်းကို
မှီတည်လာနေပြီ ဖြစ်ကြောင်း သိရသည်။
ယခင်က နယ်စပ်မှ ရွှေကို တရားမ၀င် တင်သွင်းနေမူတို့ ရှိနေပြီး ပျမ်းမျ ပြည်တွင်းရွှေဈေး
နှင့် ကျပ်(၁၀၀၀၀)ခန့် ကွာဟလျှင် ပြည်တွင်းသို့ ပြည်ပမှ ရွှေများ ၀င်ရောက်လာတက်ရာ လက်ရှိ
တရားဝင် တင်သွင်းခွင့် ရလျှင်လည်း ကုန်ကျစရိက်တို့ကို တွက်ချက်ပြီး တွက်ခြေကိုက်မှသာ
တင်သွင်းကြမည် ဖြစ်၍ ဈေးကွက် အပေါ် အကျိုးသက်ရောက်မှု နည်းပါးကြောင်း ဦးဇော်အောင်က
ဆိုသည်။
လက်ရှိ ပြည်တွင်း ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်(၉၄၃၀၀၀)၀န်းကျင်တွင် တည်ရှိနေပြီး
နိင်ငံတကာ ရွှေဈေး ကျဆင်းနေမှုကြောင့် ပြည်တွင်း ရွှေဈေးမှာလည်း အနည်းငယ် ကျဆင်းခဲ့သည်။
Comments
Post a Comment