^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^


ညက Netflix က ရိုက်ကူးတင်ဆက်တဲ့ Narcos ဆိုတဲ့ ဇက်လမ်းတွဲ ကြည့်ပြီး Pablo Escobar အကြောင်းကို စိက်ဝင်စားလာမိလို့ ရှာဖတ်မိရာကနေ အများသိအောင် ပြန်ရေးပေးလိုက်တာပါ။

® သူ့အတွက် သူ့ကိုယ်ပိုင်ထောင်ကို တည်ဆောက်တဲ့ သူ
® အမေရိကန် အစိုးရက အလိုရှိဆုံး ကိုကင်းဘုရင်
®ကမ္ဘာမှာ ခုနှစ်ဦးမြောက်အချမ်းသားဆုံး သူဌေး (သို့)
မူးယစ်ဆေးဝါးကုန်သည်လောက မှာ အချမ်းသာဆုံး
®သူမိသားစုကို အချစ်ဆုံး လူသားတစ်ဦး
®ကိုလံဘီယာ ရဲတွေနဲ စစ်တပ်က လူတွေကို အသက်နိုင်ဆုံး ဂိုဏ်းခေါင်းဆောင်တစ်ဦး
®သူပိုင်တဲ့ မြေကြီးအောက်တိုင်းမှာ ငွေအမြောက်အမြား မြုပ်ခဲ့သူ

© ကမ္ဘာမှာ အချမ်းသားဆုံး မူးယစ်ဆေးဝါးတွေ ရောင်းချပြီး အမတ်နေရာကိုပါ ၀င်ရောက် ရယူနိုင်တဲ့ နိုင်ငံတွေဆိုတာ အတော်ကို ရှားပါးပါတယ်။ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူ အများစုဟာ နောက်ကွယ်ကနေသာ ပံပိုးထောက်ပံကြတာပါ။ ပါဘယ်လို Pablo Escobar (အက်စ်ကိုဘာ) ကတော့ လွှတ်တော်အမတ်အပြင် ကိုလံဘီယာ သမ္မတ နေရာကိုပါ မျော်မှန်းခဲ့သူပါ။
လွှတ်တော် အမတ်နေရာ ယူ နောက်ဆုံး သမ္မတ ဖြစ်ဖို့ထိ ကြံစည်ကြတဲ့ မူးယစ်မှောင်ခိုသမားတွေ ရှိတဲ့ နိုင်ငံဆိုတာ မြန်မာနဲ ကိုလံဘီယာနီုင်ငံတွေ ပဲ ရှိမယ် ထင်တယ်။ ညက Netflix ကထုတ်လွင့်တဲ့ Narcos ဆိုတဲ့ ဇက်လမ်း ကြည့်ပြီး စိက်ဝင်စားလို့ လေ့လာမိတာပါ။

• "သတင်းသမားတွေကို ငွေပေးပြီး ၀ယ်လိုက်လို့ ရတယ် "
ပါဘယ်လို့ အက်စ်ကိုဘား
ကိုလံဘီယာရဲ့ အကျော်ကြားဆုံး ကိုကင်း ဘုရင်
သတင်းသမားတွေကို ၀ယ်လို့ မရရင် ဘာလုပ်လဲ မေးရင် သတ်ပါတယ်။ ကိုလံဘီယာ နိုင်ငံမှာ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ဂျာနယ်လစ်ပေါင်း(၄၃)ဦး အသက်ခံခဲ့ရတယ် လို့ (CPJ)အဆိုရ သိရတယ်။ သူအပါအ၀င် သူဂိုဏ်းက သက်ဖြတ်ခဲ့တဲ့ သတင်းသမားတွေ မနည်း မနော လို့ ဆိုရမှာပါ။

• Pablo Escobar (ပါဘယ်လိုစ့် အက်စကိုဘား) ကို မြန်မာပြည်က လူတွေ သိကြမယ်ထင်တယ်။ အရမ်းချမ်းသာတယ်။ သူမှာ ငွေတွေကို ထားစရာ မရှိတဲ့ အတွက် ကြွက်တွေ ကိုက်ဖြတ်တာ တလ တလကို သူပိုက်ဆံတွေ ချည်ဖို့ သရေပင်ဖိုးက အမေရိကန်ဒေါ်လာ(၂၅၀၀)ထိ ကုန်ကျနေတာ ၊သူသမီး အချမ်းပြေစေဖို့ အမေရိကန်ဒေါ်လာ(၂)သန်းကို မီးရို့ခဲ့သူ လို့ နာမည်ကြီးပါတယ်။
ကိုကင်း လို့ ခေါ်တဲ့ မူးယစ်ဆေးကို ဈေးကွက်ထဲကို တစ်နေ့ တန်(၁၅)တန်လောက်ကို ဖြန့်ဖြူးနေသူ ဖြစ်ပြီး ကိုလံဘီယာကနေ အမေရိကန်ကို ကုပ်ကိန်း တင်ပို့ရာမှာ ပိုင်းလော့တစ်ဦးကို တစ်နေ့လျှင် အမေရိကန်ဒေါ်လာ(၅)သိန်း အထိ ပေးခဲ့သူ လို့ ဆိုတယ်။ တကမ္ဘာလုံး အထူးသဖြင့် အမေရိကန်ကို ကုပ်ကိန်း လို မူးယစ်ဆေးဝါးတွေ တင်ပို့နေပေမယ့် သူအနေနဲကတော့ လုံးဝ သုံးစွဲခြင်း မရှိပါဖူး။ သူအကြိုက်ဆုံး မူးယစ်ဆေး လို့ ပြောရင် weed(ဆေးခြောက်) လို့ ဆိုတယ်။

ပါဘယ်လို အက်စ်ကိုဘာရဲ့ ထင်ရှားတဲ့ နာမည်တွေက Don Pablo နဲ Ei Patron ဖြစ်ပြီး တခြားနာမည်တွေက
>>Don Pablo (Sir Pablo)
>>El Padrino (The Godfather)
>>El Patrón (The Boss)
>>El Señor (The Lord)
>>El Mágico (The Magician)
>>El Pablito (Little Pablo)
>>El Zar de la Cocaína (The Tsar of Cocaine)
တို့ ဖြစ်ကြပါတယ်။

ပါဘယ်လိုစ့် ဟာ ၁၉၄၉ခုနှစ်မှာ ကိုလံဘီယာနိင်ငံ ရေယိုနိက်ဂရို မြို့မှာ မွေးဖွားခဲ့ပြီး သူအဖေက လယ်သမား တစ်ဦး ဖြစ်ကာ သူအမေကတော့ ကျောင်းဆရာမ တစ်ဦးပါ။သူဟာ မယ်ဒလင်မြို့ လမ်းမတွေပေါ်မှာ ကြီးပြင်းလာရတဲ့ သူ ဖြစ်ပြီ ကနဦးမှာတော့ မှောင်ခိုပစ္စည်းတွေ တင်သွင်းတဲ့ အလုပ်ကို သူ မိက်ဆွေ Gustavo နဲ ပေါင်းလုပ်ခဲ့ပါတယ်။ ဒါကြောင့် သူ အသက် (၂၂)မှာ သန်းကြွယ် သူဌေး ဖြစ်နေပါပြီ။ သူ အသက်(၂၆)နှစ်မှာတော့ အမေရိကန်ဒေါ်လာ(၃)သန်း ကို ဘဏ်မှာ အပ်ထားနိင်တဲ့ အထိ ချမ်းသာနေပါပြီ။ သူရဲ့ ပထမဆုံး ရရှိတဲ့ အမေရိကန်ဒေါ်လာ(၁)သန်း ကို မှန်ဘောင်ထဲထည့်ပြီး အလှဆင်ထားပါတယ်။

နောက်မှာ ကိုကင်းထုတ်လုပ်တဲ့ ပညာရှင်တစ်ဦးနဲ တွေ့ဆုံပြီး ကိုကင်းကို စတင်ဖြန့်ချီပါတယ်။ ထိုအချိန်က ငွေဖြုန်းနိင်တဲ့ အမေရိကန် မိုင်ယာမီဒေသကို ကိုကင်းတွေ တင်ပို့ရာမှ တစတစ ချမ်းသာလာပါတယ်။ သူ ရဲ့ ကိုကင်းပို့တဲ့ စနစ်က မျိုးစုံ တင်ပို့တာ ဖြစ်ပြီး အမေရိကန်ကလည်း အဲအချိန်တုန်းက ဆေးခြောက်နဲ ဘိန်းကို သာ မှုးယစ်ဆေးဝါးအဖြစ် သက်မှတ်ထားနေတဲ့ ကာလမို့ ကိုကင်းတွေ နိုင်ငံအတွင်း အားရ ပါးရ စီးဝင်လာတာကို မတားဆီးနိုင်ခဲ့ဖူး။ အမေရိကန်ကို ကိုကင်းတင်ပို့ရာကနေ ကမ္ဘာအချမ်းသားဆုံး မူးယစ်ဆေးဝါး သူဌေးအဖြစ်ရောက်ရှိလာခဲ့သူပါ။
သူမိသားစုဟာ ကနဦးမှာတော့ ကိုလံဘီယာနိုင်ငံ အနောက်တောင်ဘက်မှာ ရှိတဲ့ Puerto Triunfo ဆိုတဲ့ မြို့လေးမှာ နေထိုင်ကြပါတယ်။ဧက(၂၀)ကျော် ရှိတဲ့ မြေမှာ ထိုတခာတ်ထိုအခါက အကောင်းဆုံးတွေနဲ အိမ်ကို တည်ဆောက်ထားပြီး တိရိစ္ဆာန်ဦယျာဉ်ပါ ပါရှိတယ် လို့ ဆိုပါတယ်။
ကိုလံဘီယာ အစိုးရက လိုက်လံဖမ်ဆီးတဲ့ အချိန်ကစပြီး ပါဘယ်လိုစ့် မီသားစုဟာ အမြဲ ပုန်းရှောင်နေရတဲ့ အတွက် သူ့ သားနဲ သမီး အေးနေတယ် ဆိုရင် အမေရိကန်ဒေါ်လာ(၂)သန်းလောက်ကို မီးရှို့ပြီး အနွေးဓါက်ပေးခဲ့တယ် လို့ ဆိုတယ်။

သူဝင်ငွေကလည်း ကြောက်ခမန်းလိလိဖြစ်ပြီး တပါတ်ကို အမေရိကန်ဒေါ်လာ သန်း(၄၂၀) ၀င်ငွေ ရှိပါတယ်။ ၁၉၈၇ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ Forbes ရဲ့ နှစ်စဉ် အချမ်းသာဆုံးစာရင်းထဲ ၀င်ခဲ့ပြီး ကမ္ဘာမှာ ခုနှစ်ဦးမြောက် အချမ်းသာဆုံး စာရင်းဝင်ထားပါတယ်။ သူဟာ(၈၀)ရာခိုင်နူန်း သန့်စင်သော ကမ္ဘာအကောင်းဆုံး ကိုကင်းတွေကို ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပြီး ကိုယ်ပိုင်ဝင်ငွေက အမေရိကန်ဒေါ်လာ (၂၁.၉)ဘီလီယံ ရှိတယ် ဆိုပါတယ်။ ၁၉၉၀ ခုနှစ် အစောပိုင်းတွေမှာ သူကိုယ်ပိုင်ငွေတွေဟာ အမေရိကန်ဒေါ်လာ(၃၀)ဘီလီယံလောက် ချမ်းသာပါတယ်။ ဒီငွေ အမှောင့်ဟာ ၂၀၁၇ ခုနှစ်မှာဆို အမေရိကန်ဒေါ်လာ(၅၆)ဘီလီယံ ရှိမှာပါ)။ သူဟာ လစဉ် ကိုကင်းကို ကိုလံဘီယာကနေ အမေရိကန်ကို တန်ချိန်(၇၀)ကနေ (၈၀)အထိ တင်ပို့လေ့ ရှိပါတယ်။ သူဟာ ညဏ်အလွန်ကောင်းသူအဖြစ် လက်ခံထားကြတာ ဖြစ်သလို သူကို ဖမ်းဆီးတဲ့ အကြိမ်ရေများစွာကို အေးအေးဆေးဆေး ကျော်ဖြတ်သွားနိုင်ခဲ့တာ ချည်းပါပဲ။

ငွေကို လွယ်လွယ်ကူကူ ရရှိတဲ့ အတွက် နိုင်ငံတ၀န်း အိမ်ခြံမြေတွေကို ၀ယ်ယူတာတွေ လုပ်၊ အကောင်းစား ကားတွေ လေယာဉ်တွေ ဇီမ်ခံဘုက်တွေ ၀ယ် နောက်ဆုံး ရှားပါး တရိစ္ဆာန်တွေကိုပါ ၀ယ်ယူပြီး ငွေတွေ ဖြုန်းတီးနေတဲ့အတွက် ပြစ်မှုမှတ်တမ်း မရှိတဲ့ သူ့ကို အမေရိကန်ကော ကိုလံဘီယာ အစိုးရကပါ သတိပြုမိလာတာ ဖြစ်တယ်။ သူ ရဲ့ အပေါ်ယံ ဟန်ပြလုပ်ငန်းက တက္ကစီ သုံးစီးသာ ရှိတဲ့ ကားအဌား လုပ်ငန်းလေးသာပါ။ သူပြစ်မှု မှတ်တမ်း မရှိတာကလည်း အဲအချိန်က လာဒ်လို့ ရတဲ့ အစိုးရ ဌာနဆိုင်ရာ အကြီးအကဲမှန်သမျ ငွေလုံးငွေရင်း သုံးပြီး လာဒ်ထိုးထားလို့ပါ။ ကိုလံဘီယာမှာ ၁၉၉၀ ခုနှစ် ၀န်းကျင်လောက်မှာ အကျင့်ပျက် ခြစားမူတွေ ပေါကြွယ်ဝနေပေမယ့် ဌာနဆိုင်ရာတွေမှာ လာဒ်ပေးလာဒ်ယူ လုပ်လို့ မရတဲ့ ဌာန တစ်ခု ရှိပါတယ်။ အဲတာ ကိုလံဘီယာ တရားရုံးတွေပါ။

တော်တော်ကို သဘောကျမိတဲ့ အချက်ပါ။ ကိုလံဘီယာ တရားရုံးတွေဟာ အစိုးရနဲ သမ္မတရဲ့ သြဇာအောက်ကနေလည်း လွတ်မြောက်နေပြီး ဘယ်သူမဆို လာဒ်ပေးလို့ မရဖူး ဆိုပါတယ်။
ပထမတော့ နိုင်ငံရေးလောကထဲကို ၀င်ရောက်ဖို့ ဖြစ်ပေမယ့် ကံကောင်းကြောင်းမလှစွာ သူဟာ မှောင်ခိုသမားဆိုတာကို သက်သေပြနိုင်ခဲ့တဲ့ အတွက် နှုက်ထွက်သွားခဲ့ရပါတယ် ။ သူတသက်လုံးမှာ ဓါက်ပုံတွေများစွာ ဗီဒီယိုတွေ များစွာ ရိုက်ခံရဖူးပေမယ့် သူမျော်လင့်ချက်တွေ အားလုံးကို ရိုက်ခဲ့တဲ့ ရဲစခန်းတစ်ခုက ပတ်စပို့အရွှယ် ပုံလေးတစ်ပုံကြောင်ြ့ဖစ်တာမို့ အဲဓါက်ပုံလေးကို အတော် မုန်းတီးခဲ့တယ် လို့ သိရတယ်။

အဲနောက်ပိုင်းမှာ မကျေနပ်မှုတွေနဲ အကြမ်းဖတ်တာ၊လူသတ်တာတွေ ဆက်တိုက် ပြုလုပ်ခဲ့တဲ့ အတွက် အစိုးရက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်။ ကိုလံဘီယာအစိုးရရဲ့ လုပ်ကိုင်နိုင်မှု စွမ်းဆောင်ရည် အားနည်းချက်တွေကို ပါဘယ်လိုစ့်က ငွေနဲ အသာလေးချေဖြတ်သွားနိုင်ခဲ့ပါတယ်။ ဒါကြောင့် အမှန်တရား ဆိုတာ ငွေလား လို့တောင် ဆိုရမလို အထိ သူစွမ်းဆောင်ရည်တွေဟာ ကိုလံဘီယာအစိုးရတောင် အရှုံးပေးရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း ကမ္ဘာ့ ကိုကင်းဘုရင် ပါဘယ်လိုစ့်ဟာ ထောင်ကျဖို့ ကိုယ်ပိုင်ထောင်ဆောက်ပြီး ကိုယ်တိုင်ဌားတဲ့ ထောင်အစောင့်တွေ နဲ အေးအေးဆေးဆေး နေနိင်ခဲ့တယ်။ သူရဲ့ ကိုကင်း တင်ပို့မှု အားလုံးကို ထောင်ထဲကနေပဲ ဆောင်ရွှက်ခဲ့တာ ဖြစ်ပြီး ထောင်ဆိုပေမယ့် တကယ့်စည်းစိမ်အပြည့် နေထိုင်ချင်စဖွယ် အပြည့်နဲ နေရာပါ။ ငွေ ချမ်းသာတဲ့ အတွက် တော်လှန်ရေးသမားတွေကိုပါ ငွေနဲ စေခိုင်းတာမျိုးတွေ လုပ်ခဲ့သူ ဖြစ်ပြီး M-19 လို့ ခေါ်တဲ့ တော်လှန်ရေး ကျောင်းသား အဖွဲ့က တရားရုံးချူပ်ကို တိုက်ခိုက်တဲ့ အမှုဟာ သူ လမ်းညွန်ခဲ့တာ လို့ ဆိုတယ်။

ပြီးတော့ ရွှေးကောက်ပွဲဝင်နေတဲ့ သမ္မတလောင်း စီးမယ့် လေယာဉ်ကိုလည်း ဗုံးခွဲခဲ့သူ လို့ ဆိုပြီး ကံကောင်းထောက်မစွာနဲ ကိုလံဘီယာ သမ္မတလောင်းက လွှက်မြောက်သွားခဲ့ပါတယ်။
သူအောက်မှာ အလွန့်ကို သစ္စာရှိကြတဲ့ လူဆီုးများကို လက်သပ်မွေးမြူထားပါတယ်။ အမေရိကန်က အလိုရှိဆုံး ကိုကင်းဘုရင် အဖြစ် သက်မှတ်ထားပေမယ့် သူဟာ အမေရိကန်က အိမ်ဖြူတော် နားမှာပါ ဓါတ်ပုံ သွားရောက် ရိုက်ကူးတဲ့ အထိ လုပ်နိင်ခဲ့သူပါ။ အမေရိကန်အစိုးရ ဆုကြေးထုတ်သလိုပဲ သူကလည်း အမေရိကန်အေ့ဂျင့်တွေကို ဆုကြေးပြန်ထုက်ပါတယ်။
သူသေဆုံးတဲ့ အချိန်က အသက်(၄၄)နှစ်သာ ရှိသေးပြီး မွေးနေ့အပြီး တစ်ရက် အကျော်မှာ အသေပစ်သတ်ခံရတဲ့ သူပါ။ ငယ်စဉ်တုန်းကလည်း ဆင်းရဲတဲ့ သူဖြစ်တဲ့ အတွက် ဆင်းရဲသားတွေကို အကူအညီအထောက်အပံတွေ အများကြီး ပေးခဲ့ပါတယ်။ အီမ်ရာပေါင်း(၄၀၀)လောက်ကို ဆင်းရဲသားတွေအတွက် အခမဲ့ တည်ဆောက်ပေးခဲ့ပြီး ငွေကြေးအများအပြားကိုလည်း ထောက်ပံပေးခဲ့ပါတယ်။

သူအသက်ရှင်နေတဲ့ အချိန်တွင်းမှာ လူပေါင်း(၄၀၀၀)လောက်ကို သတ်ဖြတ်ခဲ့ပြီး တရားသူကြီး(၂၀၀)ဦး အပါအ၀င် အလုပ်သမား၊ဂျာနယ်လစ်နဲအစိုးရ ၀န်ထမ်း(၁၀၀၀)ကျော်ကို သက်ဖြတ်ခဲ့ပါတယ်။ ပါဘယ်လို အက်စကိုဘားဟာ ရုပ်သံ သတင်းထောက် တစ်ဦးနဲလည်း ညိစွန်းဖူးတယ် ဆိုပြီး သူရဲ့ တောင်းဆိုတဲ့ အချက်တွေကို သူမကနေတဆင့် အသိပေးပါတယ်။ နောက်ဆုံး အဲသတင်းထောက်နဲ ရုပ်သံရိုက်ကူးသူတွေဟာ ဟိုတယ် ရှေ့တစ်ခုမှာပဲ အသက်ခံခဲ့ရလျှက် တွေ့ရှိခဲ့ပါတယ်။ ဒါအပြင် သူကို မကောင်းရေးတဲ့ သတင်းသမားများစွာကိုလည်း သတ်ဖြတ်ခဲ့ပေမယ့် Forbes မဂ္ဂဇင်းလိုနေရာမှာ ပါရှိလာတာမျိုးကျတော့ သူက ဂုဏ်ယူလေ့ရှိပါတယ်။
သတင်းသမားတွေကို ငွေပေးပြီး ၀ယ်ယူလို့ ရတယ် လို့ သူဆိုဖူးပြီး သူအာဘော် အတော်များများကိုလည်း မီဒီယာကနေတဆင့် ထုတ်ပြန်တာမျိုးတွေ လုပ်တက်ပါတယ်။ နောက်ချက်က လူတွေ အာရုံပြုမိစေဖို့ ဘော်လုံးအသင်းတွေကို ၀ယ်ယူ အားပေးတာမျိုးတွေ လုပ်ပါတယ်။ မယ်ဒလင်မြို့ တစ်မြို့လုံးကို ငွေကြေးလှူဒါန်းတာ အစိုးရတောင် မပေးနိင်တဲ့ ထောက်ပံတာမျိုးတွေ ပြုလုပ်တာကြောင့် လူရိုသေခံရပြီး အစိုးရလာဖမ်းရင်တောင် မြို့နေလူထုက ကာကွယ်ပေးထားပါတယ်။ သူက သူတော်စင်တစ်ဦး လို့ သက်မှတ်ယုံကြည်ကိုးကွယ်နေကြတာလည်း ရှိပါတယ်။

အမေရိကန်ကတော့ မယ်ဒလင်မြို့သား အမြင်တွေနဲ ကွာခြားပါတယ်။ တလ တလ အမေရိကန်ကို ကိုကင်း တန်ချိန်(၈၀)လောက် တင်သွင်းပြီး အမေရိကန်လူငယ်တွေကို ဖျက်ဆီးနေတာ ကို လက်ပိုက်ကြည့်မနေနိုင်တဲ့အတွက် ကိုလံဘီယာ အစိုးရနဲ ပူးပေါင်းဆောင်ရွှက်မှုတွေ လုပ်ခဲ့ပါတယ်။
သူ အကြောက်ဆုံး အရာက အမေရိကန်ကို တရားခံလွဲပြောင်းပေးခံရမှာလို့ ဆိုတယ်။ သူ အမြဲ ပြောနေကြစကားက သူ အနေနဲ အမေရိကန်ထောင်မှာ အကျဉ်းကျ ခံရတာထက် စာရင် ကိုလံဘီယာမှာပဲ သေချင်တယ် လို့ ပြောသွားပါတယ်။

တကယ်လည်း ကိုလံဘီယာမှာပဲ သေခဲ့ပါတယ်။သူကို လိုက်လံရှာဖွေနေတဲ့ ရဲတွေက မယ်ဒလင်မြို့ထဲမှာပဲ တွေ့ရှိပြီး အသေပစ်သက်ဖမ်းဆီးရမိခဲ့ပါတယ်။သူ မှာ သားနဲ သမီး နှစ် ဦးရှိပြီး သူဇနီးနဲ သားသမီးတွေဟာ နိုင်ငံတွေ တစ်ခုပြီး တစ်ခု ရွှေ့ပြောင်းအခြေချနေနေရပါတယ်။ သူသားကတော့ စာရေးဆရာ အဖြစ်သာမက ပညာရှင်တစ်ဦး အနေနဲပါ ဆောင်ရွှက်နေပါတယ်။ ပါဘယ်လိုစ့် သမီးဖြစ်သူကတော့ လူမြင်ကွင်းတွေဆို ရှောင်တီမ်းနေရပြီး Social media တောင် သိပ်မသုံးဖူး လို့ သိရတယ်။
သူအကြောင်းနဲ ပါတ်သက်ပြီး Narcos ရုပ်ရှင်ဇက်လမ်း ရိုက်ထားပါတယ်။ အရမ်းကို ကြည့်လို့ ကောင်းပါတယ်။ Series ဇက်လမ်းတွဲတွေထဲမှာ အကောင်းဆုံး ဇက်လမ်း လို့တောင် ဆိုချင်တယ်။
ကြည့်ကြပါ လို့ တိုက်တွန်းပါရစေ။ လင့်တွေကို channel Myanmar က လွင့်တင်ထားပါတယ်။ Season 3 ကိုလည်း တင်ဆက်ပေးပါအုန်း ဆိုပါရစေ။
https://channelmyanmar.org/tvshows/narcos-season-1/
https://channelmyanmar.org/tvshows/narcos-season-2/
ဆလိုင်းထွန်းထွန်း
29.8.2018
Ref
Narcos (2013-2015)
Wiki
books of Pablo Escobar`s son
youtube








Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး