လှိုင်ကားပွဲစားတန်း အရောင်းအ၀ယ်အေးပြီး ကားများ အနီးနားတွင် ညသိပ်နေရ




လှိုင်မြို့နယ် အတွင်းရှိ ကားပွားစားတန်သို့ ပြောင်းရွှေ့လာပြီး နောက်ပိုင်း ကားအရောင်းအ၀ယ်(၄၀)ရာခိုင်နူန်း နီးပါး အေးစက်သွားခဲ့ပြီး ညမသိပ်ရ မူဝါဒကြောင့် အနီးအနားရှိ ခြံများတွင် အပ်နေရကြောင်း အဆိုပါ ကားပွဲစားတန်းမှ တာဝန်ရှိသူတို့က  ပြောကြားသည်။


လောလောဆယ်အချိန်ထိတော့ ကားအရောင်းအ၀ယ်က အေးနေတယ်။ဒီဘက်ပြောင်းလာတာလည်း ပါတာပေါ့။ သီတင်းကျွက်လောက်ဆိုရင်တော့ ပြန်ကောင်းလာနိင်ခြေ ရှိပါတယ်။ ဟု ကားပွဲစား ဦးမင်းဦးက ဆိုသည်။

လက်ရှိ ကားပွဲစားတန်းကို ပြီးခဲ့သည့် လဆန်းခန့်က  ယခင် မင်းရဲကျော်စွာကားပွဲးစားတန်း မှ  ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပြီး  လမ်းမကြီး ဘေးတွင် မရှိပဲ အတွင်းသို့ ၀င်ရောက်နေရခြင်း၊နေရာချထားပေးမူ စနစ်တကျ မရှိသေးသည့် အပြင် ညအိပ်ရပ်နားခွင့် လုံးဝ ခွင့်မပြုသည့် အတွက် ပွဲစားအများစုမှာ ပျမ်းမျ ယာဉ်တစ်စီးခန့်သာ ပြသနေရခြင်းတို့ကြောင့် ကားစီးရေပါ လျော့နည်းသွားခဲ့ပြီး လူဝင်ရောက်ကြည့်ရူမူလည်း နည်းပါးခဲ့သည် ဟု ယာဉ်အကျိုးဆောင်တို့က ဆိုကြသည်။

အဆိုပါ လှိုင်ကားပွဲစားတန်း တွင်  မနတ်(၄)နာရီမှ ညနေ(၄)နာရီ အထိ ရပ်နားခွင့် ပြုနေပြီး ညချိန် ကိုးနာရီအထိ ခေတ္တထားခွင့် ရှိနေပြီး ကျော်လွန်ပါက ဒါဏ်ငွေ ကျပ်တစ်သောင်း ရိုက်လေ့ရှိသည် ဟုလည်း သိရသည်။

စည်ပင်က ပေးမထားတော့ အနီးအနားမှာ ရှိတဲ့ ခြံတွေ အိမ်တွေမှာ သွားထားနေရတယ်။ ညသိပ်ခဆိုပြီး ပေးရတယ်။အဆင်ပြေပါတယ် ဟု ကားများကို အနီးနားရှိ ခြံများတွင် အပ်လေ့ရှိသူ ကားအကျိုးဆောင်တစ်ဦးက ဆိုသည်။

ကားများကို အနီးပါတ်ဝန်ကျင် ရှိ အီမ်ခြံများတွင် အပ်နှံရာတွင် တညလျင် ကျပ်(၂၀၀၀)မှ (၃၀၀၀)အထိ အသီးသီး ရှိနေပြီး မြေနီကုန်အနီးရှိ ယာဉ်ရပ်နားစခန်းမှာလည်း ညအချိန်တွင် ယာဉ်ပြည့်နေလျက် ရှိသဖြင့် ပါတ်ဝန်းကျင်အနီးတ၀ိုက်ကိုသာ အားကိုးနေရကြောင်း ပွဲစားတို့က ဆိုသည်။

ယာဉ်အရောင်းအ၀ယ်အခြေအနေမှာလည်း ယခင်ထက် ပိုမိုလျော့နည်းသွားခဲ့ပြီး (၄၀)၇ာခိုင်နူန်းခန့် ကျဆင်းသွားခဲ့တလို အမြင့်ပိုင်း ကားများမှာ Show room သို့ ရောက်ရှိသွားခဲ့ကြကာ AD van၊ပရိုဘော်ခ်ျ စသည့် တန်ဖိုးသင့် ကားများသာ အေ၇ာင်းအ၀ယ် ပြုလုပ်နေကြသည်ဟု ကားပွဲစား ဦးသန်းဦးက ဆိုသည်။


Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

၂၀၄၀ ခုနှစ် တွင် မြန်မာတစ်နိုင်ငံလုံး အိမ်ရာလိုအပ်ချက် ယူနစ်ပေါင်း ၄ ဒဿမ ၈ သန်း အထိရှိလာမည်