Posts

Showing posts from August 31, 2014

မြန်မာပြည် ဘဏ်လုပ်ငန်းတွေနဲ ပါက်သက်ပြီး သူတို့ စကား

Image
ထိုင်းဘဏ်က တာဝန်ရှိသူက လွဲပြီး ကျန်လူ ပြောတမျ စကားတွေကို CEO စာစောင်ကနေ ယူထားတာပါ။ "ထိုင်းနိင်ငံမှာ ရှိနေတဲ့ အကြီးဆုံး ဘဏ်တခုဟာ အမေရိကန်ဒေါ်လာ (၄၀)ဘီလီယံလောက် ရှိနေပြီး မြန်မာပြည်မှာ ရှိနေတဲ့ အကြီးဆုံးဘဏ်တခုဟာ Capitalization အမေရိကန်ဒေါ်လာသန်း(၂၀၀)လောက်သာ ရှိပါတယ်။ဒါဟာ Market Capitalization မဟုက်သေးဘူး။ မြန်မာပြည်ရဲ့ စီးပွားရေးကို အထောက်အပံပြုဖို့ Banking sector တွေဟာ သေးလွန်းပါတယ်။ ပြည်တွင်းဘဏ်တွေ ဒီထက် ကြီးဖို့ လိုပါတယ်။" ဒေါတ်တာ အောင်သူရ CEO (thura swiss Ltd) "မြန်မာနိင်ငံမှာ ဘဏ်နဲ ထိတွေ့တဲ့ လူဦးရေးက သုံးသန်းလောက်ပဲ ရှိပါတယ်။ဒီတော့ မြန်မာလူဦးရေနဲ ယဉ်တဲ့ အခါမှာ (၅)ရာခိုင်နူန်းလောက်ပဲ ရှိပါတယ်။ဆင်းရဲမူလျော့ချပေးရေး၊ကျေးလတ်ဒေသ ဖွံးဖြိုးရေ ကိစ္စတွေကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်တဲ့ အတွက် နိင်ငံခြားဘဏ်တွေ ၀င်လာရင် Mobile Banking လိုဟာမျိုးကို သူတို့ လုပ်ပေးနိင်ရင် ကောင်းတယ်။" ဒေါက်တာအောင်ထွန်းသက် နိင်ငံတော် စီးပွားရေး အကြံပေး "နံပါတ်တစ်အရေးကြီးဆုံးအချက်က ကျွှမ်းကျင်တဲ့ဘဏ်လုပ်ငန်းပညာရှင်နဲ ဘဏ်လုပ်ငန်းနည်းပညာတွေ လိုအပ်ပါတယ်။ပြည်ပက နှစ်ပေါ...

ဂျာမဏီမှ စီးပွားရေးဆိုင်ရာ အကူအညီများ ထပ်မံတိုးမြင်ရန် စီစဉ်

Image
 Mg.chin Yangon ၂၀၁၅ခုနှစ် ရွှေးကောက်ပွဲ အခြေအနေကို ကြည့်ပြီး မျတမူ ရရှိလျင် ဂျာမဏီနိင်ငံအနေနှင့် စီးပွားရေးဆိုင်ရာ အထောက်အပံ အကူအညီများကို ထပ်၍ ကူညီသွားမည် ဖြစ်ကြောင်း ဂျာမဏီဝန်ကြီးချူပ် အိန်ဂျယ်လာမာကယ် က ပြောကြားခဲ့ပါတယ်။ တိုင်းရင်းသားတွေအပေါ် အကာအကွယ်ပေးရေး နှင့် ၂၀၁၅ခုနှစ် ရွှေးကောက်ပွဲသာ တရားမျတပါက ဂျာမဏီနိင်ငံအနေနှင့် စီးပွားရေးဆိုင်ရာ အကူအညီများကို ပံပိုးကူညီရန် အသင့်ရှိနေပြီး လူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဂရုတစိုက် စောင့်ကြည့်လျက် ရှိနေသည်ဟု မြန်မာသမ္မတဦးသန်းစိန်နှင့် ပူးတွဲ သတင်းစာရှင်လင်းပွဲတွင် ဂျာမဏီ ၀န်ကြီးချူပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲ နှင့် သတင်းမီဒီယာလွက်လပ်ခွင့်အပေါ်ကိုလည်း ချီးကျူးပြောဆိုသွားခဲ့ကာ နောက်ပိုင်း စီးပွားရေး ဖွံးဖြိုးတိုးတက်ရေးသည် ငြီမ်ချမ်းရေး ရရှိမူနှင့် သက်ဆိုင်ကြောင်းကိုပါ ပြောကြားခဲ့သည်။ နောက်ပိုင်း ပံပိုးလာနိင်ဖွယ် ရှိနေသော အကူအညီများမှာ တိုင်းရင်းသားတို့အတွက် SMEs ဆိုင်ရာ အကူအညီများ ဖြစ်လာဖွယ် ရှိနေပြီး အခြားကဏ္ဍာပြောင်းလဲရေးတို့အတွက်ပါ ပေးအပ်ဖွယ်ရှိနေသည်။ ဂျာမဏီနိင်ငံအနေနှင့် လက်ရှိတွင် လူစွမ်းအာ...

ပြီးခဲ့သည့်နှစ်က နိင်ငံတကာမှ အကူအညီ ဒေါ်လာ(၁၇၄.၇)သန်း ရရှိ ဟု OCHA ထုက်ပြန်ထား

Image
နိင်ငံတကာမှ အကူအညီ ပေးနေမူ ဇယား Mg.Chin Yangon မြန်မာနိင်ငံအတွက် ငွေကြေးဆိုင်ရာ ကူညီထောက်ပံနေတဲ့ စာရင်းကို OCHA က တရားဝင်ထုက်ပြန်ထားခဲ့ရာမှာ အမေရီကန်ဒေါ်လာသန်းပေါင်း(၁၇၄.၇)သန်းရရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ မြန်မာနိင်ငံကို OCHA ကနေတဆင့် အကူအညီပေးခဲ့တဲ့ နိင်ငံတွေကတော့ စုစုပေါင်း(၁၄)နိင်ငံ ရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၇၄.၇)သန်းရ ရှိခဲ့တယ်လို့  Myanmar Information management Unit က ထုက်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပါရှိပါတယ်။ အဓီက ကူညီပေးနေတဲ့ နိင်ငံတွေကတော့ ဂျပန်၊ECHO၊ အမေရီကန်၊အင်္ဂလန် နဲ နော်ဝေနိင်ငံတို့ ဖြစ်ကြပြီး ကချင်ပြည်နယ်မှာ သုံးဖို့တွက် အမေရိကန်ဒေါ်လာ(၅၀.၉)သန်း ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ သုံးစွဲဖို့တွက် အမေရီကန်ဒေါ်လာ(၁၀၉.၃)သန်းကို ရရှိခဲ့တာ ဖြစ်ပြီး ကဏ္ဍာပေါင်းစုံအတွက် လျာထားချက်တွေပါလို့ ထုက်ပြန်ချက်အထဲမှာပါဝင်ထားပါတယ်။ အခြားကဏ္ဍာဆိုင်ရာတွေတွက် နိင်ငံတကာမှ ပံပိုးမူများ မြန်မာနိင်ငံကျေးလက်ဒေသ ဖွံးဖြိုးတိုးတက်ရေး၊ပညာရေး ၊အုပ်ချူပ်ရေးနဲ ငြိမ်းချမ်းရေကဏ္ဍတွေအတွက် တနှစ်ကို ဒေါ်လာသန်း(၁၂၀)နဲ ခုနှစ် ကူညီဖို့တွက် အီးယူက သဘောတူလက်မှတ်စာချူပ်ကို ပြီးခဲ့တဲ့...

အိန္ဒိယမှ တလဆန်တန်ချိန်(၂၀၀၀၀) ၀ယ်ယူမည်

Image
 Mg.Chin Yangon မြန်မာနိင်ငံရဲ့ ဆန်ဈေးကွက် အသစ်ဖြစ်လာဖွယ် ရှိနေတဲ့ အိန္ဒိယနိင်ငံဟာ လာမယ့် စက်တင်ဘာ(၈)ရက်နေ့မှာ ဆန်တန်ချိန်(၁)သိန်းကို ၀ယ်ယူနိင်ဖို့ တင်ဒါ ခေါ်မယ်လို့  အိန္ဒိအခြေစိုက် သတင်းစာတစ်စောင်က ဖော်ပြထားခဲ့ပါတယ်။ အိန္ဒိယ အစီုးရအနေနဲ ဆန်လိုအပ်ချက် ရှိလာခဲ့ခြင်းဟာ မြန်မာနိင်ငံနဲ ထိစပ်နေတဲ့ ပြည်နယ် နှစ်ခုမှာ လမ်းစီမံကိန်း ဆောင်ရွှက်နေတာမို့  မြန်မာနိင်ငံတင်သွင်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပြီး ကုန်လမ်းကနေတဆင့် တင်သွင်းမယ်လို့လည်း ဆိုထားပါတယ်။ ဒါကြောင့် မြန်မာနိင်ငံရဲဆန်ကို ကနဦး ၀ယ်ယူတစ်ခုအဖြစ် ဆန်တန်ချိန် (၁)သိန်းကို စုဆောင်းနိင်ဖွယ် ရှိနေပြီး တလလျင် ဆန်တန်ချိန်(၂၀၀၀၀)ခန့်ကို အိန္ဒိယ စားနပ်ရိက္ခာ ကော်ပရေးရှင်းမှ တဆင့် တင်သွင်းသွားမည် ဖြစ်ကာ မြောက်ပိုင်းပြည်နယ် ဆန်အထွက်လျော့ကျနေမူကိုပါ ကာမီစေရန် ရည်ရွှယ်ထားသည် ဟုလည်း ဆိုသည်။ မြန်မာနိင်ငံ ဘက်ကမူ အိန္ဒိယ ဆန်တင်ပို့ဖွယ် ရှိသည် အသံထွက်နေသော်လည်း နောက်ပိုင်း မည်သို့ တင်ပို့မည် ဆိုသည့် အချက် ဖော်ပြခဲ့ခြင်း မရှိသေးချေ။ ဆန်တင်ဒါခေါ်ယူမူနှင့် ပါတ်သက်ပြီး  သတင်းအချက်အလက် ထုက်ပြန်ခဲ့ ခြင်း မရှိသေးသော်လည်း မြန်မာနိင်ငံမှ ဆန်အထူ...

ရန်ကုန် အိမ်ခြံမြေဈေးကျဆင်းနိင်မူ မြို့သစ်စီမံကိန်း အပေါ် မှိတည်နေ

Image
Mg.Chin Yangon ရန်ကုန်မြို့ အိမ်ခြံမြေဈေးနူန်း ကျဆင်းနိင်မူ အခြေအနေဟာ ဧက(၃၀၀၀၀)ကျော် ပါဝင်တဲ့မြို့သစ်စီမံကိန်း အခြေအနေပေါ်မှာ မူတည်နေပြီး  လက်ရှိ ဈေးနူန်းထိန်းချူပ်ရန် ကြိုးပမ်းမူတွေ ၊အခွန်ကောက်ခံမူတွေဟာ ထိရောက်မူ မရှိဘူး လို့ ရန်ကုန် အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်တို့က ပြောပါတယ်။ ဒီစီမံကိန်းအခြေအနေက မရေမရာဘူး ဖြစ်နေတယ်။ ဒီတော့ ရန်ကုန်အိမ်ခြံမြေဈေးကို အကျိုးသက်ရောက်မူ မရှိသေးဘူး။မြို့ နဲ အလွန်နီးတဲ့ နေရာရာ ဖြစ်လို့ အကောင်အထည်ဖော်လာခဲ့ရင် ရန်ကုန်အိမ်ခြံမြေဈေး ကျဆင်းသွားနိင်ပါတယ် ဟု အကျိုးဆောင်တစ်ဦးက ပြောပါတယ်။ ဒီမြိုသစ် စီမံကိန်းကို မြန်မာရတနာမြို့သစ်စီမံကိန်း အများပိုင် ကုပ္မဏီကို ကနဦး ပေးအပ်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ တင်ဒါခေါ်မယ် ဆိုတဲ့ အခြေအနေ ပြန်ဖြစ်လာတဲ့ အတွက် စောင့်ကြည့်နေဆဲ့ အနေအထားသာ ရှိသေးပြီး  စီမံကိန်း အနီးတ၀ိုက်မှာတော့ ဒေသခံပွဲစားတွေနဲ အရောင်းအ၀ယ်ကောင်းမွန်နေပါတယ်လို့ ကြည်မြင်တိုင်မြို့နယ်မှာ ရှိတဲ့ အကျိုးဆောင်တစ်ဦးက ဆိုပါတယ်။ လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက် အခြေအနေကတော့ အရောင်းအ၀ယ် အေးနေတလို ဈေးနူန်းကတော့ ကျဆင်းမူ မရှိသေးပဲ အကယ်၍ စီမံကိန်းြ...

နှစ်(၃၁)ကျော်သော်လည်း မြန်မာ့လူဦးရေ တစ်ဆပင်မတိုးလာခဲ့

MrChin Yangon မြန်မာနိင်ငံမှာ အနီးစပ်ဆုံး အနေနဲ လူဦးရေ စာရင်းကောက်ယူခဲ့ရာမှာ ၁၉၈၃ခုနှစ်က ( ၃၅ ) သန်းရှိခဲ့ပါတယ်။ဒါပေမယ့ ဒီနေ့ ၂၀၁၄ခုနှစ် အရောက်မှာတောင် လူဦးရေဟာ ကနဦ စစ်တမ်းကောက်ချက် အရ (၅၂)သန်းဝန်းကျင်သာ ရှိနေသေးပါတယ်။ နှစ်ပေါင်း(၃၁)နှစ်ကို ကျော်လွန်ဖြတ်သန်းလာခဲ့ပေမယ့် လူဦးရေဟာ တစ်ဆတောင် မတိုးပွားနိင်ခဲ့တာ စိုးရီမ်စရာ အချက်တခုပါ။ဒီလို မှန်းခြေထက် လျော့နည်းသွားခဲ့ခြင်းဟာ နိင်ငံတကာ စီးပွားရေး အမြင် မှာကော ပြည်တွင်း ဒေတာ အချက်အလတ် ကောက်ခံမူ အပေါ်မှာ အကျိုးသက်ရောက်မူ ကြီးလာခဲ့ပါတယ်။ လူဦးရေ ဖွံးဖြိုးတိုးတက်မူ လျောနည်းနေသေးတဲ့ အခြေအနေမှာ  လက်ရှိ အခြေအနေဟာလည်း မြန်မာပြည် အနာဂါက်တွက် ရင်လေးစရာပါ။ဒါပေမယ့် လူငယ်တွေ အများဆုံး ရှိနေတာမို့ ကုန်ထုက်နိင်စွမ်းကို အရှိန်ကောင်းကောင်းနဲ ဆောင်ရွှက်နိင်ဖွယ် ရှိနေပြီး နောက်ထပ် နှစ်(၂၀)အကြာမှာတော့ တိုင်းပြည် ကုန်ထုက်လုပ်နိင်မူ လျော့ကျသွားနိင်စရာ ရှိနေပါတယ်။ ယနေခတ် အိမ်ထောင်ပြုနိင်မူ သက်တမ်းက ပိုပြီး လျော့ကျလာနေပါပြီ။မြန်မာအဆိုအရ အသက်(၂၅)နှစ် ၀န်းကျင်ဟာ အိမ်ထောင်ပြုဖို့ အကောင်းဆုံး အရွှယ်ပါ။ဒါပေမယ့် အသက်(၃၀) ပါတ်ဝန်းကျင်မှသာ အိမ်ထောင်ပြုတဲ့ အသက်...

ခတ်နောက်ကျသူများ (The Economict )

 Copy :: The Economist.com MYANMAR has just found out that 9m-odd people it had thought were living within its borders actually do not. In fact most of them don’t live anywhere at all. The first census in three decades puts Myanmar’s population at just 51m , not 60m. The dearth of real data always made a nonsense of economic planning. Until recently not knowing the size of the population—the denominator for almost every development index—did not matter. The sad fact was that the dictatorship did not care much at all about such indices. Freshly snatched from China’s orbit, Myanmar has been reconnected to a steady flow of aid and investment from Western countries—whose governments are happy to regard it as a rare and precious example of political and economic development gone right. Losing 9m people overnight has a nice side-effect or two. On paper the country’s GDP per capita is suddenly 17% higher, breaking $1,000 for the first time. Myanmar’s progress towards a ho...

ခရိုနီ ဖြစ်လာသော လူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း (wall street journal)

Image
 the wall street Journal ပါ ဆောင်းပါးတစ်ပုဒ်ပါ။မိုက်ကယ် မီုးမြင့်ရဲ့ သားတစ်ယောက်အကြောင်းကိုလည်း ရေးထားတာပါ။ Ivan Pun in front of TS1 in Yangon, Myanmar Photo by Kaung Htet for WSJ.Money YANGON, Myanmar—On this balmy Saturday evening at Yangon's Wardan jetty, dock workers have momentarily stopped loading and unloading crates from rickety fishing boats. Vegetable sellers that line the dusty road by the Yangon River are sitting quiet, and trishaw drivers, too, have stopped shouting out at passersby to offer them rides. Instead, they are watching amused—and confused—as socialites from Hong Kong, London and beyond hike up their flowing skirts and gingerly tread on the dirt track, careful that their heeled shoes stay clear of potholes and muddy patches. Avoiding the oversize rats burrowing through garbage nearby, this sampling of the world's beautiful people is heading to Transit Shed 1, a rusting industrial warehouse whose corrugated ...

ပြည်ပဘဏ် အချို့ အရွှေးချယ် ခံရရန် နာမည်ကြီးနေ

Image
မကြာမှိ နိင်ငံခြား ဘဏ်တွေကို ပြည်တွင်းမှာ လုပ်ကိုင်ခွင့် ပြုဖို့ ပြင်ဆင်နေပြီ ဖြစ်ပြီး စက်တင်ဘာလအတွင်းမှာ ဘဏ်(၁၀)ဘဏ် ၀န်းကျင်ကို ရွှေးချယ်ဖို့ နိင်ငံတော်ဗဟိုဘဏ်က ပြင်ဆင်နေပါတယ်။ ခွင့်ပြုဖွယ် ရှိနေတဲ့ ဘဏ်စရင်းအချို့ကို  the well streetဂျာနယ်က ထုက်ပြန်ထားခဲ့ရာမှာ   Australia & New Zealand Banking Group , ANZ.AU -0.45% Industrial & Commercial Bank of China Ltd. 601398.SH +1.13% and Japan's three biggest banks— Mitsubishi UFJ Financial Group Inc., 8306.TO -0.55% Sumitomo Mitsui Financial...

ယခုလအတွင်း Myanmar stock Exchange Canter ပေါ်ပေါက်လာဖွယ် ရှိနေ

Image
Mg.Chin Yangon ဈေးကွက် စီးပွားရေးစနစ်ဖော်ဆောင်ရာမှာ  စတော့ဈေးကွက် ပေါ်ပေါက်လာရန် ကြိုးစားလျက် ရှိနေရာ စက်တင်ဘာလ မကုန်မှိ Myanmar stock exchange Market ကို အကောင်အထည်ဖော်နိင်မည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီင်္းငှန ဒုဝန်ကြီး ဒေါ်တ်တာ မောင်မောင်သီမ်းက ပြောကြားလိုက်ပါတယ်။ လက်ရှိ စတော့ဈေးကွက်ဖြစ်ပေါ်လာဖို့  အချက်သုံးခု လိုပါတယ်။လိုင်စင်ချပေးရေး ကော်မတီ ကို ဖွဲ့ပြီးပြီ။ပညာပေးရေးအစီအစဉ်လည်း လုပ်ဆောင်နေပါတယ်။ စတော့ဈေးကွက် ဖွင့်ဖို့ ဂျပန်က တာဝန်ရှိသူတွေနဲ လက်မှတ်ထိုးပါမယ်။ ပြီးရင် စတင် အကောင်အထည် ဖော်ပါမယ် လို့ ၎င်းက ပြောပါတယ်။ လက်ရှိ ပြည်တွင်းမှာ အများပိုင် ကုပ္မဏီပေါင်း(၁၆၀)၀န်းကျင် ရှိလာနေပြီ ဖြစ်ပေမယ့် စတော့ဈေးကွက် (Myanmar stock Center) ထူထောင်တဲ့အခါ ခိုင်မာ ပွင့်လင်းပြီး ဆောင်ရွှက်မူ အားကောငိးမွန်တဲ့ အများပိုင်ကုပ္မဏီတွေနဲ စတင်မှာ ဖြစ်တာမို့ List လုပ်ဖို့ စရင်းတင်တဲ့ အခါ အသေအချာ ကြည့်ကြပ်ပြီးမှ ခွင့်ပြုသွားဖွယ့် ရှိတာမို့ အမှန်တကယ် ပေါ်ပေါက်လာတဲ့အခါ အများပိုင်ကုပ္မဏီ (၃)ခု ၀န်းကျင်နဲသာ စတင်မယ်လို့ လည်း သိရပါတယ်။ ဗီယက်နမ်လည်း ကုပ္မဏီ နှစ်ခုလောက်နဲ စခဲ့တာပါ။အခုတော့ အများကြီး ဖြစ်လာ...

အိမ်ခြံမြေ ဈေး ထိန်းချူပ်ရန် လွက်လပ်သော အဖွဲ့အစည်း ရှိရန်လိုနေ

Image
 Mg.Chin Yangon လက်ရှိ ရန်ကုန်မှာ  ဖြစ်ပေါ်နေတဲ့ မြေကွက် ဈေးနူန်း အချို့ပါ .. ဒီဈေးနူန်း တွေ အရဆိုရင် ရန်ကုန် အီမ်ခြံမြေဈေးဟာ အမေရိကန် နယူးယောက်မြို့ရဲ့ အိမ်ြံခံမြေးဈေး နီးနီးပါပဲ။ တိုင်းပြည်ဖွံးဖြိုးမူဟာ မဖြစ်စလောက် အခြေအနေမှာသာ ရှိနေပေမယ့် လူတစ်ဦးချင်ဝင်ငွေ ရဲ့ အထက်မှာ ကျော်လွန်နေတာပါတယ်။ ဒီကိစ္စကို အစီုးရကိုယ်တိုင် ကိုင်တွယ်ဖို့ လိုအပ်ပေမယ့် အားပျော့နေဆဲ့ အခြေအနေမှာ တည်ရှိနေပါတယ်။ စကာင်္ပူမှာ List လုပ် စတော့ တင်ထားတဲ့ နာမည်ကြီး ဆောက်လုပ်ရေး လုပ်ငန်း ပိုင်ရှင် တဦးကတော့ လက်ရှိ နိင်ငံခြားရင်းနှိမြုပ်နှံမူ အခြေအနေအရ နောက်ထပ် ခုနှစ်ကျော်ကတော့ ဈေးတွေ ဆက်လက်မြင့်တက်နေအုန်းမှာပါပဲ လို့ ဆိုထားပါတယ်။ နောက်စီးပွားရေးပညာရှင်တစ်ဦးကတော့  မြေဈေးဟာ မားကက် သီအိုရီအရ သွားနေတာမို့ ထိန်းချုပ်တာမျီုး မလုပ်သင့်ပဲ နောက်ကွယ်က ငွေအလုံးအရင်းလိုက် ၀င်ရောက်နေမူကိုသာ ကာကွယ် တားဆီးပေးရမယ်လို့ ဆိုပါတယ်။မူးယစ်ဆေးဝါးတွေ မှောင်ခိုငွေကြေးတွေ နဲ မသမာ လာဒ်ပေး လာဒ်ယူငွေတွေ အများအပြား စီးဝင်နေတဲ့ လက်ရှိ အိမ်ခြံမြေဈေးကွက်ကို လွက်လပ်စွာ ခွင့်ပြုပေးလိုက်ပြီး နောက်ထပ် အလားတူ ဖြစ်ရပ်တွေ မဖြစ်ေ...

ရန်ကုန်မြို့တွင် BRT စနစ် လုပ်ကိုင်ရန် MIC ခွင့်ပြုပေးထား

Image
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြထားသော BRT(BusRapidTransit)စနစ် လုပ်ကိုင်ခွင့်ကို  MIC ကလည်း Omni Focus ကုပ္မဏီ က လုပ်ကိုင်ခွင့် ရရှိပြီ ဖြစ်တာမို့ လုပ်ငန်းဆောင်ရွှက်မူတွေကို မကြာမီ အသေးစိက်ထုက်ပြန်မယ်လို့ သိရပါတယ်။ ”ခရီးသည်တွေကို တစ်နေရာနဲ့တစ်နေရာကိုအချိန်အနည်းငယ်အတွင်း အမြန်ဆုံးနဲ့အများဆုံး သယ်ယူပို့ဆောင် ပေးနိုင်ရန်အတွက် ဒီစီမံကိန်းကို မိမိတို့ကုမ္ပဏီက အမေရိကန်ဒေါ်လာ ခုနစ်သန်း ခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းစတင်လုပ်ဆောင်ခွင့်ရရှိလို့ လုပ်ငန်း စတင်ချိန်မှာ ဘတ်စ်ကားစီးရေ ၉၄ စီးနဲ့ စတင်ပြေးဆွဲ လုပ်ကိုင်မှာဖြစ်ပါတယ်”ဟု ဘက်စုံမြင်ကွင်း ကုမ္ပဏီ (Omni Focus Co..Ltd)က မန်နေးဂျင်းဒါရိုက်တာ ဦးကျော်သီဟက ပြောကြားထားပါတယ်။ MICက ခွင့်ပြုပေးလိုက်ပြီ ဖြစ်တဲ့  BRTစနစ်မှာ ယာဉ်များအတွက် ယာဉ်မောင်း ၁၂၄ ဦး ပါဝင်တဲ့  ပြေးဆွဲမည့် လမ်းကြောင်းပေါ်မှာလည်း ယာဉ်မှတ်တိုင် ၃၉ ခုအတွက် လက်မှတ် ရောင်းချသူ ၁၁၇ ဦးနှင့် အခြားဝန်ထမ်းများ အပါအဝင် ဝန်ထမ်းပေါင်း ၃၆၀ နှင့်  စတင်လုပ်ကိုင်မှာပါ။  ကားတွေကိုတော့ ထိုင်ခုံ ၄၅ ခုံ ပါဝင်သည့် ကားသစ်များနှင...

ပဲဈေး ပြန်ကျနေသော်လည်း အရောင်းအ၀ယ် ပြန်ကောင်းနိင်

Image
Mg.Chin Yangon ပြည်တွင်း ပဲဈေး မှာ အိန္ဒိယ ၀ယ်လိုအား လျော့နည်းခဲ့ခြင်းကြောင့် ဈေး ပြန်လည် ကျဆင်းသွားခဲ့ပြီး ရက်ပိုင်းအတွင်း အရောင်းအ၀ယ်အေးစက်နေတယ်လို့ ရန်ကုန်အခြေစိုက် ပဲကုန်သည်တွေက ပြောပါတယ်။ ဒါကလည်း အိန္ဒိယ ၀ယ်လိုအား အတက်အကျကြောင့် ဖြစ်ပြီး စကာင်္ပူ အ၀ယ်တော်တွေ ခေတ္တ ရပ်နားနေခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ပဲဈေးကွက်ဟာ ဒီနှစ်အတွင် အရောင်းအ၀ယ် အကောင်းမွန်ဆုံး နှစ်ဖြစ်နေခဲ့ပြီး မတ်ပဲ တတန် ကျပ်(၈၄၅၀၀၀)ကျော် ၀န်းကျင်မှာပဲ တည်ရှိနေခဲ့တာ ဖြစ်ပြီး ပြန်ကျလာတယ် ဆိုတာကလည်း  ခဏသာ ဖြစ်လာနိင်ခြေ ရှိပါတယ်။ မြန်မာ့ ဈေးကွက်မှာလည်း ပဲလက်ကျန်းဟာ အတော်ကို နည်းနေပြီမို့ ကုန်သည်တွေ ဈေးကောင်းစောင့် ရောင်းနေတာလည်း ဖြစ်နိင်လို အိန္ဒိယ ကုန်သည်တွေကလည်း ခတ္တ အခြေအနေကို စောင့်ကြည့်နေဟန်ပါ။ သိုပေမယ့် ပဲစားသုံးမူ များတဲ့ သူတို့ အနေနဲ ကြာကြာ ရပ်တည်နိင်မှာ မဟုက်တာမို့ မကြာခင် ပြန်အရောင်းအ၀ယ် သွက်လာမှာပါ။ ပြည်တွင်း ပဲလက်ကျန်က တန်ချိန် တသိန်းဝန်းကျင်တောင် မရှိတော့တာမို့ ဒီအနေအထား တိုင်း ဆက်သွားရင်တောင် နောင်နှစ် ပဲသစ်ပေါ်ချိန်ထိ ဈေးက ကောင်းနေဖို့ပဲ ရှိနေပြီး နောင်ပဲသစ်ပေါ်ချိန်မှာ ကျပ်(၈)သိန်း အထက်မှာပဲ ...

မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများ ထိုင်း အဆင်မြင့်တင်မူတွေ ပြုလုပ်မည်

Image
ထိုင်းနိင်ငံအနေနဲ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို အဆင်မြင့်တင်မူတွေ ပြုနေပြီ ဖြစ်တာမို့ ကုန်သွယ်ဘက် ဒုတိယနိင်ငံ ဖြစ်နေတဲ့ မြန်မာနိင်ငံ နယ်စပ် ကုန်သွယ်ရေး ဂိက်တွေပါ တိုးတက်လာဖို့ ရှိနေပါတယ်။ အထူးသဖြင့် တာချိလိက်မယ်ဆိုင် နဲ ဘုရားသုံးဆူ လမ်း အပါအ၀င် မြ၀တီ နယ်စပ်ဂိက်တွေမှာ အဆင်မြင့်တင်မူတွေ ပြုလုပ်ဖို့ ထိုင်း အစီုးရက စီစဉ်နေတာပါ။ ထိုင်းနဲ မြန်မာ ကုန်သွယ်ရေးဟာလည်း အဓီကအရေးပါတဲ့ နေရာ တခု ဖြစ်နေပြီး ထိုင်းထုက်ကုန်အများစုကို တင်သွင်းမူ ပြုကြတဲ့ မြန်မာနိင်ငံတွက် အရေးပါတဲ့ နေရာတွေဖြစ်တဲ့အပြင် ထိုင်းအတွက်လည်း နယ်စပ်ပို့ကုန်ဝင်ငွေ တိုးတက်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။ ထိုင်းနိင်ငံ ရနောင်းနဲ မဲဆိုင်တွေကို ရောက်ရှိလာတဲ့ မြန်မာနိင်ငံသားတွေအတွက်လည်း ဆိုက်ရောက် ဗိဇ ပေးနိင်ဖို့ ပြင်ဆင်နေပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ဒီနှစ်အတွင်းမှာ ကုန်သွယ်မူ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း(၇၀၀)ကျော်  ရှိလာနိင်မယ်လို့ ခန့် မှန်းနေကြပြီး ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်ကတော့ အမေရီကန်ဒေါ်လာ(၆၇၉.၂)သန်း ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိင်ငံ အနေနဲ နယ်စပ်ဂိက်တွေကို တိုးချဲ ပြင်ဆင်နေတလို  လမ်းတွေ ဆက်သွယ်ေ...

ဈေးကွက် အသစ်ပွင့်လာ နိင်ပေ့မယ် မရေရာမူတွေနဲ ဆန်ဈေးကွက်

Image
 Mr.Chin Yangon မြန်မာနိင်ငံဟာ ဆန်တင်ပို့နေရာမှာ အဓီက ကုန်သွယ်ဘက်နိင်ငံ ဖြစ်တဲ့ တရုက်ဈေးကွက်က တောင်းဆိုမူတွေ၊အဖမ်းအဆီးတွေ များနေချိန်မှာ ဈေးကွက် အသစ်တခု အဖြစ် အဖြစ် အိန္ဒိယက ဈေးကွက်အသစ်အဖြစ် ဆန်တန်ချိန်(၅)သိန်းခန့်ကို ၀ယ်ယူဖို့ လေ့လာသုံးသပ်မူတွေ ပြုလုပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဈေးကွက် အသစ်ဟာ ပြိုင်ဆိုင်ရှားဖြစ်နေတဲ့ တရုက် အတွက် စီုးရီမ်စရာ အချက်တခု ဖြစ်တလို မြန်မာနိင်ငံအတွက်လည်း အားတက်စရာ အခြေအနေတခုပါ။အိန္ဒိယ နယ်စပ် တမူး၊ကလေးဘက်နေတဆင့် ၀ယ်ယူမူ ပြုနိင်ရန်အတွက် စီစဉ်နေတာတွေလည်း ရှိနေတယ်လို့ မြန်မာနိင်ငံဆန်စပါးအသင်းချူပ်က တာဝန်ရှိသူ ကိုသူရမျီုးက ဆိုထားပါတယ်။ လောလောဆယ် အခြေအနေအရ အိန္ဒိယကို ဆန်အနည်းငယ်သာ တင်ပို့နိင်သေးတဲ့ အခြေအနေမှာ ရှိနေဆဲ့ ဖြစ်ပြီး အဓီကအားဖြင့် အိန္ဒိယက ပြည်နယ်သုံးခုရဲ့ ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိင်ဖို့အတွက်ပါ ဆိုထားတာမို့ ဒုတိယ လူဦးရေးအများဆုံး အိန္ဒိယ ဈေးကွက်အသစ်ကို ကုန်သည်တွေ မျော်လင့်ကြတာလည်း ပါပါတယ်။ ဒါပေမယ့် (၂၅)မှတ်လိုဆန်ကိုတောင် မပြည့်မှိတဲ့ ဆန်ကိုသာ အဓီက တင်ပို့နေရဆဲ့ မြန်မာအတွက် ဒါဟာ အရည်အသွေးပိုင်းဆိုင်ရာတွေမှာ ပြသာနာတွေ လိုအပ်ချက်တွေ ရှိလာအုန...