ရန်ကုန် အိမ်ခြံမြေဈေးကျဆင်းနိင်မူ မြို့သစ်စီမံကိန်း အပေါ် မှိတည်နေ
Mg.Chin
Yangon
ရန်ကုန်မြို့ အိမ်ခြံမြေဈေးနူန်း ကျဆင်းနိင်မူ အခြေအနေဟာ ဧက(၃၀၀၀၀)ကျော် ပါဝင်တဲ့မြို့သစ်စီမံကိန်း အခြေအနေပေါ်မှာ မူတည်နေပြီး လက်ရှိ ဈေးနူန်းထိန်းချူပ်ရန် ကြိုးပမ်းမူတွေ ၊အခွန်ကောက်ခံမူတွေဟာ ထိရောက်မူ မရှိဘူး လို့ ရန်ကုန် အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်တို့က ပြောပါတယ်။
ဒီစီမံကိန်းအခြေအနေက မရေမရာဘူး ဖြစ်နေတယ်။ ဒီတော့ ရန်ကုန်အိမ်ခြံမြေဈေးကို အကျိုးသက်ရောက်မူ မရှိသေးဘူး။မြို့ နဲ အလွန်နီးတဲ့ နေရာရာ ဖြစ်လို့ အကောင်အထည်ဖော်လာခဲ့ရင် ရန်ကုန်အိမ်ခြံမြေဈေး ကျဆင်းသွားနိင်ပါတယ် ဟု အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ဒီမြိုသစ် စီမံကိန်းကို မြန်မာရတနာမြို့သစ်စီမံကိန်း အများပိုင် ကုပ္မဏီကို ကနဦး ပေးအပ်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ တင်ဒါခေါ်မယ် ဆိုတဲ့ အခြေအနေ ပြန်ဖြစ်လာတဲ့ အတွက် စောင့်ကြည့်နေဆဲ့ အနေအထားသာ ရှိသေးပြီး စီမံကိန်း အနီးတ၀ိုက်မှာတော့ ဒေသခံပွဲစားတွေနဲ အရောင်းအ၀ယ်ကောင်းမွန်နေပါတယ်လို့ ကြည်မြင်တိုင်မြို့နယ်မှာ ရှိတဲ့ အကျိုးဆောင်တစ်ဦးက ဆိုပါတယ်။
လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက် အခြေအနေကတော့ အရောင်းအ၀ယ် အေးနေတလို ဈေးနူန်းကတော့ ကျဆင်းမူ မရှိသေးပဲ အကယ်၍ စီမံကိန်း ဖြစ်ပေါ်လာခဲ့ရင် ကျဆင်းနိင်ခြေရှိနေတယ် လိုလည်း အကျိုးဆောင်တွေက ဆိုထားပါတယ်။
တချို့နေရာတွေမှာ ဈေးနည်းနည်း ချနေတာမျိုးတွေတော့ တွေ့နေရတယ်။စီမံကိန်း အကျိုးဆက်လို့ ပြောရမယ်။ဒါပေမယ့် ကျဆင်းဖို့က မလွယ်သေးဖူးလို့ အကျိုးဆောင်တစ်ဦးက ဆိုပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်း စတင်မယ့် သတင်းကြောင့် နယ်စပ်တွေမှာ ရှိတဲ့ လုပ်ငန်းရှင်တွေပါ အလုံးအရင်း လာရောက် ရင်းနှီးမြုပ်နှ့နေတာကြောင့် ဒီနေ့ ကျပ်သိန်း(၈၀၀) ပေါက်ရင် မနတ်ဖြန် ကျပ်သိန်း(၁၂၀၀)အထိ ရောက်ရှိတဲ့ အခြေအနေထိ ဈေးနူန်း တည်ငြိမ်မူ မရှိတာမို့ ရန်ကုန်မြို့ အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်တွေထက် ဒေသခံ အကျိုးဆောင်တွေကပဲ ဆောင်ရွှက် နေကြတယ်လို့လည်း ဆိုထားပါတယ်။
စီးပွားရေး ပညာရှင်တဦးကတော့ အိမ်ခြံမြေဈေးတွေ ဖြစ်နေတာ ဈေးကွက် သဘော အရ ရောင်းသူနဲ ၀ယ်သူ မျရင် အဲဈေး ဖြစ်လာတာပဲ။ထိန်းချုပ်ရင် ပိုဆီုးမှာပါ။ဒီထက် ဈေးကွက်ထဲကို တရားမ၀င် ၀င်ရောက်နေတဲ့ ငွေတွေ အရင်းအနှိးတွေကို ထိန်းချုပ် ကာကွယ်ရမယ်။မြို့ကိုလည်း ချဲထွင်ရမယ် လို့ ဆိုထားကြောင်းပါ။

Comments
Post a Comment