ပဲဈေး ပြန်ကျနေသော်လည်း အရောင်းအ၀ယ် ပြန်ကောင်းနိင်
Mg.Chin
Yangon
ပြည်တွင်း ပဲဈေး မှာ အိန္ဒိယ ၀ယ်လိုအား လျော့နည်းခဲ့ခြင်းကြောင့် ဈေး ပြန်လည် ကျဆင်းသွားခဲ့ပြီး
ရက်ပိုင်းအတွင်း အရောင်းအ၀ယ်အေးစက်နေတယ်လို့ ရန်ကုန်အခြေစိုက် ပဲကုန်သည်တွေက ပြောပါတယ်။
ဒါကလည်း အိန္ဒိယ ၀ယ်လိုအား အတက်အကျကြောင့် ဖြစ်ပြီး စကာင်္ပူ အ၀ယ်တော်တွေ ခေတ္တ ရပ်နားနေခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ပဲဈေးကွက်ဟာ ဒီနှစ်အတွင် အရောင်းအ၀ယ် အကောင်းမွန်ဆုံး နှစ်ဖြစ်နေခဲ့ပြီး မတ်ပဲ တတန် ကျပ်(၈၄၅၀၀၀)ကျော် ၀န်းကျင်မှာပဲ တည်ရှိနေခဲ့တာ ဖြစ်ပြီး ပြန်ကျလာတယ် ဆိုတာကလည်း ခဏသာ ဖြစ်လာနိင်ခြေ ရှိပါတယ်။
မြန်မာ့ ဈေးကွက်မှာလည်း ပဲလက်ကျန်းဟာ အတော်ကို နည်းနေပြီမို့ ကုန်သည်တွေ ဈေးကောင်းစောင့် ရောင်းနေတာလည်း ဖြစ်နိင်လို အိန္ဒိယ ကုန်သည်တွေကလည်း ခတ္တ အခြေအနေကို စောင့်ကြည့်နေဟန်ပါ။ သိုပေမယ့် ပဲစားသုံးမူ များတဲ့ သူတို့ အနေနဲ ကြာကြာ ရပ်တည်နိင်မှာ မဟုက်တာမို့ မကြာခင် ပြန်အရောင်းအ၀ယ် သွက်လာမှာပါ။
ပြည်တွင်း ပဲလက်ကျန်က တန်ချိန် တသိန်းဝန်းကျင်တောင် မရှိတော့တာမို့ ဒီအနေအထား တိုင်း ဆက်သွားရင်တောင် နောင်နှစ် ပဲသစ်ပေါ်ချိန်ထိ ဈေးက ကောင်းနေဖို့ပဲ ရှိနေပြီး နောင်ပဲသစ်ပေါ်ချိန်မှာ ကျပ်(၈)သိန်း အထက်မှာပဲ ရှိနေမယ်လို့ ကုန်သည်အများစုက ယူဆထားကြတာမို့ နောင်နှစ် ပဲစိုက်တောင်သူတွေ အခြေအနေကောင်းမယ့် သဘောပါ ။
နောက်တချက်က ပြည်တွင်းမှာလည်း မတ်ပဲ အစိုက်နည်းပြီး တရုက်အကြိုက်ဖြစ်တဲ့ ပဲတီစိမ်း အစိုက်ပိုများတဲ့ အပြင် ရာသီဥတု အခြေအနေကလည်း သိပ်မကောင်းတာမို့ နောင်နှစ်ကတော့ မတ်ပဲတောင်သူတေံ အကျိုးများမှာပါ။
ဒီနှစ်ကလည်း ပဲလက်ကျန် နည်းနေတာမို့ ဈေးချိန်ကစားသူတွေ များပြီး အတက်ဈေးကို မျော်နေသူတွေ များရင် ပဲလက်ကျန်ဟာလည်း ပြတ်နိင်ဖွယ်ရာ မရှိ ဖြစ်နေတက်တာမို့ ကုန်သည်တွေ သတိထားသင့်ပါတယ်။

Comments
Post a Comment