ယခုလအတွင်း Myanmar stock Exchange Canter ပေါ်ပေါက်လာဖွယ် ရှိနေ
Mg.Chin
Yangon
ဈေးကွက် စီးပွားရေးစနစ်ဖော်ဆောင်ရာမှာ စတော့ဈေးကွက် ပေါ်ပေါက်လာရန် ကြိုးစားလျက် ရှိနေရာ စက်တင်ဘာလ မကုန်မှိ Myanmar stock exchange Market ကို အကောင်အထည်ဖော်နိင်မည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီင်္းငှန ဒုဝန်ကြီး ဒေါ်တ်တာ မောင်မောင်သီမ်းက ပြောကြားလိုက်ပါတယ်။
လက်ရှိ စတော့ဈေးကွက်ဖြစ်ပေါ်လာဖို့ အချက်သုံးခု လိုပါတယ်။လိုင်စင်ချပေးရေး ကော်မတီ ကို ဖွဲ့ပြီးပြီ။ပညာပေးရေးအစီအစဉ်လည်း လုပ်ဆောင်နေပါတယ်။ စတော့ဈေးကွက် ဖွင့်ဖို့ ဂျပန်က တာဝန်ရှိသူတွေနဲ လက်မှတ်ထိုးပါမယ်။ ပြီးရင် စတင် အကောင်အထည် ဖော်ပါမယ် လို့ ၎င်းက ပြောပါတယ်။
လက်ရှိ ပြည်တွင်းမှာ အများပိုင် ကုပ္မဏီပေါင်း(၁၆၀)၀န်းကျင် ရှိလာနေပြီ ဖြစ်ပေမယ့် စတော့ဈေးကွက် (Myanmar stock Center) ထူထောင်တဲ့အခါ ခိုင်မာ ပွင့်လင်းပြီး ဆောင်ရွှက်မူ အားကောငိးမွန်တဲ့ အများပိုင်ကုပ္မဏီတွေနဲ စတင်မှာ ဖြစ်တာမို့ List လုပ်ဖို့ စရင်းတင်တဲ့ အခါ အသေအချာ ကြည့်ကြပ်ပြီးမှ ခွင့်ပြုသွားဖွယ့် ရှိတာမို့ အမှန်တကယ် ပေါ်ပေါက်လာတဲ့အခါ အများပိုင်ကုပ္မဏီ (၃)ခု ၀န်းကျင်နဲသာ စတင်မယ်လို့ လည်း သိရပါတယ်။
ဗီယက်နမ်လည်း ကုပ္မဏီ နှစ်ခုလောက်နဲ စခဲ့တာပါ။အခုတော့ အများကြီး ဖြစ်လာပြီ ။အဓီကကတော့ ရှယ်ယာဝယ်သူတွေ မနစ်နာ စေချင်ပါဖူး။ လို့ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားထားပါတယ်။
YSC လို့ ခေါ်တဲ့ ရန်ကုန်စတော့အိက်ချိန်းက စတင်လိုက်ပြီ ဖြစ်တဲ့ အခါမှာ AGD bank နဲ MAPCO တို့ ပါဝင်ထားကြတာ လည်း ရှိနေတာမို့ ဘယ်သူတွေ စတင် ပါလာနိင်လဲ ဆိုတဲ့ အချက်ကလည်း အရေးပါပါတယ်။
အများပိုင်ကုပ္မဏီ အများအပြား ပေါ်ထွက်လာနေပေမယ့် ထင်ရှား တဲ့ ကုပ္မဏီတွေက သီလ၀ါ အများပိုင်ကုပ္မဏီ၊MAPCO ခေါ် ဆန်စပါး အများပိုင် နဲ AGD bank တိုဟာ လူသိများနေတာ ဖြစ်ပြီး တခြား လုပ်ငန်းတွေကတော့ လူသိနည်းတလို လုပ်ငန်းလုပ်ဆောင်ချက်တွေကလည်း မရေရာမူတွေနဲပါ။
ဒါတွေဟာ ပုဂ္ဂလိက ပိုင်တွေ ဖြစ်ပြီး အစီုး၇ကနေ တဆင် အများပိုင် ပြုလုပ်တဲ့ ကုပ္မဏီတွေလည်း ပေါ်ထွက်လာနိင်ချေ ရှိနေတာမို့ ယခုလအတွင်း လက်မှတ်ရေးထိုးမယ့် ဂျပန်နဲ ပူးပေါင်းလုပ်ဆောင်မူ ပွဲ အပြီးမှသာ ဘယ်ကုပ္မဏီတွေ ပါလာနိင်တယ် ဆိုတာ သိနိင်မှာပါ။
အကယ်၍ စတော့အိက်ချိန်း ဈေးကွက်ထဲကို ၀င်ဖို့ အနည်းဆုံး ကုပ္မဏီ သက်တမ်းဟာ (၃)နှစ် ရှိရမယ်၊ပွင့်လင်းမြင်သာမူ ရှိရမယ် ဆိုတဲ့ အချက်တွေဟာ လက်ရှိ အများပိုင်ကုပ္မဏီ အတော်များများ ရှိနေတဲ့ အချက် မဟုက်ပါဖူး။
Comments
Post a Comment